ၿမိတ္ၿမိဳ႕ရဲ႕ က်က္သေရေဆာင္အျဖစ္ ျပဳလုပ္ထားေသာ ခ႐ုပုံ႐ုပ္တုႀကီးသို႔ လာေရာက္ၾကည္​့႐ွဴ႕အပန္းေျဖသူ မ်ားေနဟုဆို

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕အဝင္ တံတားအနီးတြင္ ၿမိဳ႕က်က္သေရေဆာင္အျဖစ္ ျပဳလုပ္ထားေသာ ခ႐ုပုံ႐ုပ္တုႀကီးသို႔ လာေရာက္ၾကည့္ရႉ အပန္းေျဖသူမ်ားေနေၾကာင္း ၿမိတ္ၿမိဳ႕တိုင္းေဒသႀကီး

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးဝင္းထြန္းက ၾသဂုတ္လ ၁ ရက္တြင္ေျပာသည္။ အဆိုပါ ခ႐ုပုံ႐ုပ္တုကို အမ်ားျပည္သူ အပန္းေျဖႏိုင္ရန္ ၿမိတ္ၿမိဳ႕အဝင္ ေက်ာက္ဖ်ာေက်း႐ြာထိပ္ Welcome to Myeik

စာတန္းအနီးတြင္ ၿမိတ္ၿမိဳ႕စည္ပင္သာယာေရးေကာ္မတီမွ အလွပန္းၿခံ ျပဳလုပ္ကာ ဇူလိုင္လ လယ္ခန႔္က ေဆာင္႐ြက္ေပးထားျခင္းျဖစ္ေၾကာင္းသိရသည္။ “ၿမိတ္ၿမိဳ႕က ပင္လယ္ဆိပ္ကမ္းၿမိဳ႕လည္းျဖစ္တယ္။

ေရလုပ္ငန္းနဲ႔ အသက္ေမြးၾကေတာ့ ပင္လယ္ထြက္ပစၥည္းျဖစ္တဲ့ ခ႐ုတို႔၊ဂဏန္းတို႔ ဆိုတာက အမွတ္တရပစၥည္းေတြျဖစ္ေတာ့ အထိန္းအမွတ္တစ္ခုအျဖစ္ ထားရွိတာပါ။ ေလာေလာဆယ္ေတာ့

ေဒသခံေတြေရာ၊ ခရီးသြားေတြအတြက္ပါ အပန္းေျဖတဲ့ေနရာတစ္ခု ျဖစ္ေနတယ္။ ေန႔စဥ္ လူဦးေရရာေက်ာ္ လာေရာက္ၾကတယ္။ ႐ုံးပိတ္ရက္ေတြဆို ပိုမ်ားေနတယ္”ဟု ၎ကေျပာသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အဝင် တံတားအနီးတွင် မြို့ကျက်သရေဆောင်အဖြစ် ပြုလုပ်ထားသော ခရုပုံရုပ်တုကြီးသို့ လာရောက်ကြည့်ရှူ အပန်းဖြေသူများနေကြောင်း မြိတ်မြို့တိုင်းဒေသကြီး

လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက သြဂုတ်လ ၁ ရက်တွင်ပြောသည်။ အဆိုပါ ခရုပုံရုပ်တုကို အများပြည်သူ အပန်းဖြေနိုင်ရန် မြိတ်မြို့အဝင် ကျောက်ဖျာကျေးရွာထိပ် Welcome to Myeik

စာတန်းအနီးတွင် မြိတ်မြို့စည်ပင်သာယာရေးကော်မတီမှ အလှပန်းခြံ ပြုလုပ်ကာ ဇူလိုင်လ လယ်ခန့်က ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။ “မြိတ်မြို့က ပင်လယ်ဆိပ်ကမ်းမြို့လည်းဖြစ်တယ်။

ရေလုပ်ငန်းနဲ့ အသက်မွေးကြတော့ ပင်လယ်ထွက်ပစ္စည်းဖြစ်တဲ့ ခရုတို့၊ဂဏန်းတို့ ဆိုတာက အမှတ်တရပစ္စည်းတွေဖြစ်တော့ အထိန်းအမှတ်တစ်ခုအဖြစ် ထားရှိတာပါ။ လောလောဆယ်တော့

ဒေသခံတွေရော၊ ခရီးသွားတွေအတွက်ပါ အပန်းဖြေတဲ့နေရာတစ်ခု ဖြစ်နေတယ်။ နေ့စဉ် လူဦးရေရာကျော် လာရောက်ကြတယ်။ ရုံးပိတ်ရက်တွေဆို ပိုများနေတယ်”ဟု ၎င်းကပြောသည်။