ျမန္မာ-အိႏၵိယ တမူးနယ္စပ္ရွိဂိတ္ကို ၾသဂုတ္လကုန္သည္​ထိ ဆက္လက္ပိတ္ထားမည္ဟုသိရ

စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕ရွိ ျမန္မာ-အိႏၵိယ နယ္စပ္ဂိတ္ကို ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ ၾသဂုတ္လကုန္ထိ ဆက္လက္ ပိတ္ထားမည္ျဖစ္ေၾကာင္း တမူးၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

အိႏၵိယႏိုင္ငံဘက္တြင္ ျဖစ္ပြားေနေသာ ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ တမူးၿမိဳ႕နယ္ရွိ ျမန္မာ-အိႏၵိယ နယ္စပ္ဂိတ္ အမွတ္ ၁ ႏွင့္ အမွတ္ ၂ တို႔ကို ဆက္လက္ ပိတ္ထားရန္ ျပည္ေထာင္စုအစိုးရ အဖြဲ႔ထံ

တင္ျပ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ တမူးနယ္စပ္ဂိတ္ကို ဧၿပီလ ၁၄ ရက္မွစတင္ပိတ္ထားျခင္းျဖစ္ၿပီး ပိတ္ထားခ်ိန္ၾကာျမင့္လာသည္ ႏွင့္အမွ် ေဒသခံကုန္သည္မ်ားႏွင့္ ေစ်းသည္မ်ား ထိခိုက္မႈမ်ား

ရွိလာေၾကာင္းသိရသည္။ “ဒီမွာရွိတဲ့ ၿမိဳ႕ေနလူထု ၆၀ ရာခိုင္ႏႈန္းေလာက္က နယ္စပ္ေစ်းေတြကို အမွီျပဳေနၾကတာျဖစ္ေတာ့ အခက္အခဲေတြ ရွိတယ္။ ဒါေပမယ့္ တစ္ဖက္ႏိုင္ငံက ေရာဂါအေျခအေနကလည္း

တည္ၿငိမ္မူမရွိေသးေတာ့ ျပန္ဖြင့္လိုက္ရင္ လက္ရွိအေျခအေနထက္ ပိုပိုးလာႏိုင္တယ္” ဟု တမူးၿမိဳ႕ရွိ ကုန္သည္တစ္ဦးက ေျပာသည္။ swh(ဓာတ္ပံု-တမူးၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန)။

ယူနီကုဒ္ျဖင့္ဖတ္ရန္

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် သြဂုတ်လကုန်ထိ ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံဘက်တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တမူးမြို့နယ်ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် အမှတ် ၁ နှင့် အမှတ် ၂ တို့ကို ဆက်လက် ပိတ်ထားရန် ပြည်ထောင်စုအစိုးရ အဖွဲ့ထံ

တင်ပြ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တမူးနယ်စပ်ဂိတ်ကို ဧပြီလ ၁၄ ရက်မှစတင်ပိတ်ထားခြင်းဖြစ်ပြီး ပိတ်ထားချိန်ကြာမြင့်လာသည် နှင့်အမျှ ဒေသခံကုန်သည်များနှင့် ဈေးသည်များ ထိခိုက်မှုများ

ရှိလာကြောင်းသိရသည်။ “ဒီမှာရှိတဲ့ မြို့နေလူထု ၆၀ ရာခိုင်နှုန်းလောက်က နယ်စပ်ဈေးတွေကို အမှီပြုနေကြတာဖြစ်တော့ အခက်အခဲတွေ ရှိတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံက ရောဂါအခြေအနေကလည်း

တည်ငြိမ်မူမရှိသေးတော့ ပြန်ဖွင့်လိုက်ရင် လက်ရှိအခြေအနေထက် ပိုပိုးလာနိုင်တယ်” ဟု တမူးမြို့ရှိ ကုန်သည်တစ်ဦးက ပြောသည်။ swh(ဓာတ်ပုံ-တမူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန)။