ျမန္​မာျပည္တြင္းကို တင္သြင္းမယ့္ လူစီးကားေတြကို ယ​ေန႔မွစၿပီး အခြန္ေလွ်ာ့ခ်လိုက္ၿပီ

အေကာက္ခြန္ဦးစီးဌာနက ကိုဗစ္ေၾကာင့္ ျဖစ္ေပၚေနတဲ့စီးပြားေရးက်ဆင္းမႈကိုကုစားဖို႔ လူစီးကားေတြအတြက္ အခြန္ေကာက္ခံမႈကို အမ်ိဳးအစားခြဲၿပီး ဒီေန႔ ဩဂုတ္လ ၁ ရက္ေန႔ကစၿပီး

ေလွ်ာ့ခ်ေပးလိုက္ပါတယ္။ ေလွ်ာ့ခ်ေပးလိုက္တဲ့ အမ်ိဳးအစားေတြကေတာ့ အင္ဂ်င္ပါဝါ (၂၀၀၀) CC နဲ႔ ေအာက္ကို အခုေကာက္ခံ ေနတဲ့အေကာက္ခြန္ ၃၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္း

အထိ ေလွ်ာ့ခ်ေပးလိုက္ပါတယ္။ ဒါ့အျပင္ အင္ဂ်င္ပါဝါ (၂၀၀၁) CC နဲ႔ အထက္ကို အခုေကာက္ခံေနတဲ့ အေကာက္ခြန္ ၄၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးထားပါတယ္။

ႏိုင္ငံျခားကေန ကားအစိတ္အပိုင္း‌ေတြကို တစ္စစီသယ္လာၿပီး ျမန္မာႏိုင္ငံေရာက္မွ ျပန္တပ္ဆင္တဲ့ (SKD) စနစ္မွာေတာ့ အင္ဂ်င္ပါဝါ (၂၀၀၀) CC နဲ႔ ေအာက္ကို

အခြန္ လုံးဝမေကာက္ေတာ့သလို (၂၀၀၁) CC နဲ႔ အထက္ကိုေတာ့ အခုေကာက္ခံေနတဲ့ အေကာက္ခြန္ (၂၀)ရာခိုင္ႏႈန္းကေန(၅)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အကောက်ခွန်ဦးစီးဌာနက ကိုဗစ်ကြောင့် ဖြစ်ပေါ်နေတဲ့စီးပွားရေးကျဆင်းမှုကိုကုစားဖို့ လူစီးကားတွေအတွက် အခွန်ကောက်ခံမှုကို အမျိုးအစားခွဲပြီး ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ကစပြီး

လျှော့ချပေးလိုက်ပါတယ်။ လျှော့ချပေးလိုက်တဲ့ အမျိုးအစားတွေကတော့ အင်ဂျင်ပါဝါ (၂၀၀၀) CC နဲ့ အောက်ကို အခုကောက်ခံ နေတဲ့အကောက်ခွန် ၃၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း

အထိ လျှော့ချပေးလိုက်ပါတယ်။ ဒါ့အပြင် အင်ဂျင်ပါဝါ (၂၀၀၁) CC နဲ့ အထက်ကို အခုကောက်ခံနေတဲ့ အကောက်ခွန် ၄၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပါတယ်။

နိုင်ငံခြားကနေ ကားအစိတ်အပိုင်း‌တွေကို တစ်စစီသယ်လာပြီး မြန်မာနိုင်ငံရောက်မှ ပြန်တပ်ဆင်တဲ့ (SKD) စနစ်မှာတော့ အင်ဂျင်ပါဝါ (၂၀၀၀) CC နဲ့ အောက်ကို

အခွန် လုံးဝမကောက်တော့သလို (၂၀၀၁) CC နဲ့ အထက်ကိုတော့ အခုကောက်ခံနေတဲ့ အကောက်ခွန် (၂၀)ရာခိုင်နှုန်းကနေ(၅)ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ပါတယ်။