ျမန္မာနိုင္ငံ႐ွိ အေက်ာ္ၾကားဆုံး​ေတြထဲကတခုျဖစ္တဲ့ ပင္းတယလိႈဏ္ဂူ၏ အံ့ဖြယ္​ ထူးျခားခ်က္မ်ား

ျမန္မာနိုင္ငံ၏ အေက်ာ္ၾကားဆုံးထဲကျဖစ္တဲ့ ပင္းတယ လွိုဏ္ဂူ၏ အံ့ဖြယ္ ထူးျခားခ်က္မ်ား။ ျမန္မာနိုင္ငံ၏ အေက်ာ္ၾကားဆုံး (၁၀)ေနရာထဲက တစ္ခုအပါဝင္ျဖစ္သည့္ ပင္းတယဂူ၊ ကမာၻ႔ခရီးသြား စာမ်က္ႏွာမ်ားေပၚမ်ားတြင္

ထင္ရွားေဖာ္ျပခဲ့သည့္ ပင္းတယဂူသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕တြင္တည္ရွိသည္။ ပင္းတယဂူသည္ ထုံးေက်ာက္ေတာင္တြင္ သဘာဝအတိုင္းျဖစ္ေပၚေနေသာေၾကာင့္ ဘူမိေဗဒသက္တမ္းႏွင့္ ဆိုလ်င္

လြန္ခဲ့ေသာ ႏွစ္ သန္း ၂၀၀ တည္းက ရွိခဲ့သည္ဟု ဆိုသည္။ ျ္မင့္မားတဲ့ ေတာင္ေစာင္းကေန ေတာင္ေျမာက္ ျဖစ္ေပၚေနတဲ့ ဂူ သုံး ဂူ ရွိတယ္လို႔ဆိုေပမဲ့ ေတာင္ဘက္ အက်ဆဳံး ဂူတစ္ခုသာ ဝင္ေရာက္နိုင္တယ္လို႔ဆိုသည္။

ဂူဟာ ေပ ၄၉၀ ထိ ဝင္ေရာက္နိုင္ၿပီး ကုန္ေဘာင္ေခတ္ အေစာပိုင္းကေန၊ ယေန႔ေခတ္အထိ ေခတ္အသီးသီး ထုလုပ္ ကိုးကြယ္ခဲ့တဲ့ ဗုဒၶဆင္းတုေတာ္ေပါင္း (၈၀၀၀) ေက်ာ္ေလာက္ရွိၿပီး၊ ဒီေလာက္မ်ားျပားၿပီး

ပုံသဏၭာန္စုံလင္တဲ့ ဗုဒၶဆင္းတုေတာ္ေတြကို ျမန္မာနိုင္ငံက ဘယ္ေနရာမွ တစ္ေနရာတည္း မေတြ႕နိုင္ဘူးလို႔ ဆိုပါတယ္။ ဂူရဲ႕ အဝင္ဝမွာ ဉာဏ္ေတာ္ ၁၅ မီတာ (၄၉) ေပ ရွိတဲ့ ေစတီေတာ္တစ္ဆူကို ဖူးေတြ႕ရၿပီး

အဲဒီ ေစတီေတာ္ဟာ မူလက အေသာကမင္းႀကီးရဲ႕ ေကာင္းမူေတာ္ျဖစ္တယ္။ (၁၂) ရာစုမွာ ပုဂံဘုရင္ အေလာင္းစည္သူမင္းက ထပ္မံ ျပဳျပင္ထားတယ္လို႔ ေျပာၾကေပမဲ့ သမိုင္း အေထာက္အထား မေတြ႕ၾကရဘူးလို႔

ဆိုပါတယ္။ သမိုင္းပါေမာကၡေဒါက္တာ သန္းထြန္းအဆိုအရေတာ့ ဂူအတြင္းက ဆင္းတုေတာ္ေတြမွာ ေရးထိုးထားတဲ့ ခုႏွစ္ သကၠရာဇ္ အရ အေစာဆုံး ဆင္းတုေတာ္ေတြဟာ ကုန္းေဘာင္ေခတ္အေစာပိုင္း

၁၇၇၃ ရက္စြဲတပ္ထားတယ္ လို႔ဆိုတယ္။ ႐ုပ္ပြားေတာ္ေတြရဲ႕ ထုလုပ္မူဟန္အရ အေစာဆုံး ၁၇၅၀ ထိ ျဖစ္နိုင္ၿပီး ဒီထက္ မေစာနိုင္ဘူးလို႔ ဆိုပါတယ္။ အဲဒီေနာက္ပိုင္း ဘုရားဖူး ခရီးသည္ေတြ၊ အလႉရွင္ေတြဟာ

ယေန႔ေခတ္အထိ ဂူအတြင္းမွာ ဘုရားဆင္းတုေတာ္ေတြ ထားရွိပူေဇာ္ရာကေန ခု အေျခေနထိ မ်ားျပားလာျခင္းျဖစ္တယ္လို႔ဆိုတယ္။ ေတာင္ဘက္ အေပါက္နားမွာေတာ့ ပိႆာ ခ်ိန္ (၄၀၀) ရွိတဲ့ ေၾကးေခါင္းေလာင္းေတာ္

တစ္ခု ရွိၿပီး သကၠရာဇ္ (၁၈၂၄)က လႉဒါန္းမႈျဖစ္ေၾကာင္း ေရးထိုးထားတယ္။ ပင္းတယ ဂူရဲ႕ ထူးျခားမူ တစ္ခုကေတာ့ “ေဘသဇၨဂု႐ု” လို႔ေခၚတဲ့ ဗုဒၶ ႐ုပ္ပြားေတာ္ ပုံဟန္ ဆင္းတုေတာ္ေပါင္း ခုႏွစ္ဆယ္ေလာက္

ေတြ႕ရွိရျခင္းျဖစ္သတဲ့။ ဒီလို ဆင္းတုေတာ္မ်ိဳးကို ပင္းတယဂူမွာသာ ေတြ႕နိုင္ၿပီး ျမန္မာျပည္က ဘယ္ေနရာမွ မေတြ႕ရဘူးလို႔ ဆိုပါတယ္။ ဒီဆင္းတုေတာ္ရဲ႕ ဆံေတာ္ပုံစံ၊ မ်က္လုံးေတာ္၊ နားေတာ္၊ သကၤန္း႐ုံပုံဟာ

အျခား ဗုဒၶ႐ုပ္ပြားေတာ္ေတြနဲ႔ ကြဲျပားျခားနားၿပီး လွန္ထားတဲ့ ညာဘက္လက္ေတာ္ဟာ ေဆးသစ္ေစ့ တစ္ေစ့ကိုလည္း ကိုင္ထားေတာ္မူတယ္။ ဒီဆင္းတုေတာ္မ်ိဳးကို မဟာယာန ဗုဒၶဘာသာဝင္ေတြ ကိုးကြယ္ေလ့

ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔လို႔ ပင္းတယဂူ ဟာ (၁၈) ရာစု ေႏွာင္းပိုင္းေလာက္မွာ မဟာယာန ဗုဒၶဘာသာဝင္တို႔ရဲ႕ ပူေဇာ္ရာေနရာတစ္ခု ျဖစ္မယ္လို႔ မွန္းဆပါတယ္။ ၁၉၂၅ တုန္းက ဂူေပါက္ကို ဒိုင္းနမိုက္

ေတြနဲ႔ ခ်ဲ႕ထြင္တဲ့အခါ ဘုရားဆင္းေတာ္အခ်ိဳ႕နဲ႔ မွတ္တမ္း ေက်ာက္စာအခ်ိဳ႕ ပ်က္စီးခဲ့ရျပီး အေရးပါတဲ့ဗုဒၶ႐ုပ္ပြားေတာ္ အခ်ိဳ႕ကို အနီးနား ဘုန္ႀကီးေက်ာင္းမ်ားသို႔ ေ႐ႊ႕ေျပာင္းထားရွိခဲ့တယ္။ သို႔ေသာ္လည္း အဲဒီ

ဆင္းတုေတာ္ေတြဟာ ဒုတိယ ကမာၻစစ္အတြင္းမွာ ဗုံးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရတယ္လို႔ သိရပါတယ္။ ေပ ၄၉ဝ အရွည္ရွိေသာ ပင္းတယ လိုဏ္ဂူအတြင္းရွိ ေရွးေဟာင္းေစတီ၊ ႐ုပ္ပြားေတာ္ ၈ဝ၉၄ ဆူ ေရရွည္

ထိန္းသိမ္းရန္အတြက္ ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ား၏ အႀကံျပဳခ်က္တို႔ျဖင့္ လိုဏ္ဂူအတြင္းရွိ ေက်ာက္စည္၊ ေက်ာက္ေမာင္း (ပုံ) တို႔ကို တီးခြင့္၊ ထိုးခြင့္ မျပဳေတာ့ခဲ့ေၾကာင္း သိရသည္။ ပင္းတယ ဘုရားလိုဏ္ကို

ေန႔စဥ္ ျပည္တြင္းေရာ ျပည္ပ ခရီးသြားေတြ ေလ့လာသူ၊ ဘုရားဖူးသူ ေတြဟာ လိုဏ္ဂူထဲမွာ ရွိတဲ့ ဘုရား၊ ေစတီေတြရဲ႕ ထူးျခားဆန္းျပား ဟန္ေတြကို ဖူးၾက၊ ေလ့လာၾကတဲ့အျပင္ တီးလို႔ ခတ္လို႔ရတဲ့ ေက်ာက္စည္

ေက်ာက္ေမာင္း ေတြကို ထိုးလို႔ တီးလို႔ ရေအာင္ အရင္က ဝါးလုံးႀကီးေတြ၊ အသားေတြနဲ႔ စီစဥ္ေပးထားေပမယ့္ ေနာက္ပိုင္းမွာ ျပည္ပ ပညာရွင္ေတြ၊ ျပည္တြင္း ပညာရွင္ေတြ ေဆြးေႏြး တိုင္ပင္ၿပီး ေက်ာက္စည္ ေက်ာက္ေမာင္း

မတီးၾကဖို႔အထိ သတိေပးလာပါတယ္။ ဒါနဲ႔ သက္ဆိုင္ရာရဲ႕ ခြင့္ျပဳခ်က္ရယူၿပီး ေက်ာက္စည္၊ ေက်ာက္ေမာင္း တီးခတ္ခြင့္ကို မျပဳေတာ့ခဲ့သည္ဟု” ဟု သိရွိရသည္။ ယခင္ ေက်ာက္ေခတ္ေဟာင္းတြင္ အဆိုပါ

ဂူမ်ားအတြင္း လူေနထိုင္မႈ ရွိ၊မရွိကို ေရွးေဟာင္းသုေတသန၏ တူးေဖာ္ခြင့္ရလွ်င္ သိနိုင္မည္ျဖစ္ေၾကာင္း သမိုင္းပါေမာကၡ ေဒါက္တာသန္းထြန္း ျပဳစုထားေသာ ပင္းတယၿမိဳ႕ ေ႐ႊဥမင္ ေစတီႏွင့္ ဂူသမိုင္းမွ သိရသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးထဲကဖြစ်တဲ့ ပင်းတယ လှိုဏ်ဂူ၏ အံ့ဖွယ် ထူးခြားချက်များ။ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး (၁၀)နေရာထဲက တစ်ခုအပါဝင်ဖြစ်သည့် ပင်းတယဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်များတွင်

ထင်ရှားဖော်ပြခဲ့သည့် ပင်းတယဂူသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင်တည်ရှိသည်။ ပင်းတယဂူသည် ထုံးကျောက်တောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင်

လွန်ခဲ့သော နှစ် သန်း ၂၀၀ တည်းက ရှိခဲ့သည်ဟု ဆိုသည်။ ြ်မင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ဝင်ရောက်နိုင်တယ်လို့ဆိုသည်။

ဂူဟာ ပေ ၄၉၀ ထိ ဝင်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး

ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။ ဂူရဲ့ အဝင်ဝမှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီး

အဲဒီ စေတီတော်ဟာ မူလက အသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တယ်။ (၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ်လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့

ဆိုပါတယ်။ သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းအဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း

၁၇၇၃ ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။ ရုပ်ပွားတော်တွေရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း ဘုရားဖူး ခရီးသည်တွေ၊ အလှူရှင်တွေဟာ

ယနေ့ခေတ်အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များပြားလာခြင်းဖြစ်တယ်လို့ဆိုတယ်။ တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော်

တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄)က လှူဒါန်းမှုဖြစ်ကြောင်း ရေးထိုးထားတယ်။ ပင်းတယ ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ်လောက်

တွေ့ရှိရခြင်းဖြစ်သတဲ့။ ဒီလို ဆင်းတုတော်မျိုးကို ပင်းတယဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံဟာ

အခြား ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက်လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။ ဒီဆင်းတုတော်မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့

ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ပင်းတယဂူ ဟာ (၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပူဇော်ရာနေရာတစ်ခု ဖြစ်မယ်လို့ မှန်းဆပါတယ်။ ၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်

တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာအချို့ ပျက်စီးခဲ့ရပြီး အရေးပါတဲ့ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်းများသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။ သို့သော်လည်း အဲဒီ

ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူအတွင်းရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည်

ထိန်းသိမ်းရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက်တို့ဖြင့် လိုဏ်ဂူအတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြုတော့ခဲ့ကြောင်း သိရသည်။ ပင်းတယ ဘုရားလိုဏ်ကို

နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာကြတဲ့အပြင် တီးလို့ ခတ်လို့ရတဲ့ ကျောက်စည်

ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထားပေမယ့် နောက်ပိုင်းမှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း

မတီးကြဖို့အထိ သတိပေးလာပါတယ်။ ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု” ဟု သိရှိရသည်။ ယခင် ကျောက်ခေတ်ဟောင်းတွင် အဆိုပါ

ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်းသုတေသန၏ တူးဖော်ခွင့်ရလျှင် သိနိုင်မည်ဖြစ်ကြောင်း သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ပြုစုထားသော ပင်းတယမြို့ ရွှေဥမင် စေတီနှင့် ဂူသမိုင်းမှ သိရသည်။ ခရက်ဒစ်