အစိုးရအေၾကာင္း မေကာင္းေျပာ ေစာ္ကားသူတိုင္း ေထာင္ခ်မယ့္ ဥပေဒ ထုတ္ျပန္လိုက္တဲ့ ရွရွားလႊတ္ေတာ္

(Zawgyiျဖင့္ ဖတ္ရန္)

ရုရွားလႊတ္ေတာ္မွာေတာ့ အစိုးရကို ေစာ္ကားသူတိုုင္း ေထာင္ဒဏ္ သို႕မဟုတ္ ဒဏ္ေငြ သုိ႕မဟုတ္ ႏွစ္ရပ္လံုးနဲ႕ ျပစ္ဒဏ္လ်မွတ္ျခင္းခံရမယ္ဆိုၿပီး ဥပေဒအသစ္တစ္ရပ္ကို ထုတ္ျပန္ခဲ့ပါတယ္။

ေလ်ာ္ေၾကးအေနဲ႕ ေဒၚလာ ၃၀၀၀ တန္ေၾကးရွိၿပီး ေစာ္ကားမႈျပဳတယ္ဆိုတဲ့အထဲ ကိုယ္ထိလက္ေရာက္ျဖစ္ေစ၊ လူမႈကြန္ယက္ေတြမွာျဖစ္ေစ ေျပာဆိုသူအားလံုး ပါဝင္တယ္လို႕သိရပါတယ္။

မေစာ္ကားဘဲ အစိုးရကို ၾကည္ညိဳမႈပ်က္ျပားေစမယ့္ မည္သည့္အမုန္းစကားကိုမဆို ေျပာတဲ့လူေတြလည္း ဒီဥပေဒနဲက အက်ံဳးဝင္တယ္လို႕ သိရပါတယ္။ ေထာင္ဒဏ္ကိုေတာ့ ၁၅ ရက္ထက္မနည္း သတ္မွတ္ထားပါတယ္။

ဒီအျပင္ ေနာက္ထပ္ ခ်မွန္လိုုက္တဲ့ ဥပေဒအသစ္တစ္ရပ္ကေတာ့ သတင္းအမွားေတြ ျဖန္႕ျဖဴးသူ သုိ႕မဟုတ္ မည္သည့္အဖြဲ႕အစည္းကိုမဆိုလည္း အထက္ပါဥပေဒနဲ႕ တန္းတူအေရးယူသြားမယ္လို႕ သိရပါတယ္။

ဥပေဒအသစ္ကို ျပဌာန္းဖို႕အတြက္ သေဘာတူညီမႈကိုလည္း သမၼတပူတင္မွ အားတက္သေရာ လက္မွတ္ထိုးေပးဖို႕ ေစာင့္ေနေၾကာင္းကိုလည္း သိရွိရပါတယ္။

လက္မွတ္ထုိးၿပီးတာနဲ႕ ဥပေဒႏွစ္ရပ္ဟာ မတ္လ ၁၃ ရက္ေန႕မွာ အသက္ဝင္သြားမွာပါ။

သုိ႕ေပမယ့္ ဒီဥပေဒအသစ္ေတြနဲ႕ပတ္သက္လို႕ အစိုးရဝန္ထမ္းအခ်ိဳ႕ကေတာင္ သေဘာထားကြဲလြဲမႈေတြ ျဖစ္ေပၚေနပါတယ္။

အစုိးရဆိုတာ ျပည္သူေတြရဲ႕အသံေတြကို နားစြင့္ၿပီး ျပင္စရာရွိတာျပင္ရမယ့္ဟာကို အခုလိုမ်ိဳး မေကာင္းစကားေတြ မထြက္လာေအာင္ ဥပေဒနဲ႕ ဖမ္းခ်ဳပ္္လိုက္တာဟာ မလုပ္သင့္တဲ့ ကိစၥျဖစ္ေၾကာင္း ေတာ္ေတာ္မ်ားမ်ားက ခံယူေနပါတယ္။crd

(Unicodeျဖင့္ ဖတ္ရန္)

ရုရှားလွှတ်တော်မှာတော့ အစိုးရကို စော်ကားသူတိုုင်း ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် နှစ်ရပ်လုံးနဲ့ ပြစ်ဒဏ်လျမှတ်ခြင်းခံရမယ်ဆိုပြီး ဥပဒေအသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

လျော်ကြေးအနေဲ့ ဒေါ်လာ ၃၀၀၀ တန်ကြေးရှိပြီး စော်ကားမှုပြုတယ်ဆိုတဲ့အထဲ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လူမှုကွန်ယက်တွေမှာဖြစ်စေ ပြောဆိုသူအားလုံး ပါဝင်တယ်လို့သိရပါတယ်။

မစော်ကားဘဲ အစိုးရကို ကြည်ညိုမှုပျက်ပြားစေမယ့် မည်သည့်အမုန်းစကားကိုမဆို ပြောတဲ့လူတွေလည်း ဒီဥပဒေနဲက အကျုံးဝင်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ကိုတော့ ၁၅ ရက်ထက်မနည်း သတ်မှတ်ထားပါတယ်။

ဒီအပြင် နောက်ထပ် ချမှန်လိုုက်တဲ့ ဥပဒေအသစ်တစ်ရပ်ကတော့ သတင်းအမှားတွေ ဖြန့်ဖြူးသူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆိုလည်း အထက်ပါဥပဒေနဲ့ တန်းတူအရေးယူသွားမယ်လို့ သိရပါတယ်။

ဥပဒေအသစ်ကို ပြဌာန်းဖို့အတွက် သဘောတူညီမှုကိုလည်း သမ္မတပူတင်မှ အားတက်သရော လက်မှတ်ထိုးပေးဖို့ စောင့်နေကြောင်းကိုလည်း သိရှိရပါတယ်။

လက်မှတ်ထိုးပြီးတာနဲ့ ဥပဒေနှစ်ရပ်ဟာ မတ်လ ၁၃ ရက်နေ့မှာ အသက်ဝင်သွားမှာပါ။

သို့ပေမယ့် ဒီဥပဒေအသစ်တွေနဲ့ပတ်သက်လို့ အစိုးရဝန်ထမ်းအချို့ကတောင် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

အစိုးရဆိုတာ ပြည်သူတွေရဲ့အသံတွေကို နားစွင့်ပြီး ပြင်စရာရှိတာပြင်ရမယ့်ဟာကို အခုလိုမျိုး မကောင်းစကားတွေ မထွက်လာအောင် ဥပဒေနဲ့ ဖမ်းချုပ်လိုက်တာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း တော်တော်များများက ခံယူနေပါတယ်။crd