ညီမျဖစ္သူ အြန္လိုင္းမွာ ပုံေတြတင္တုိင္း လုိက္လံေနာက္ေျပာင္ေလ့ရွိတဲ့ အစ္ကုိ. . . .

(Zawgyiျဖင့္ ဖတ္ရန္)

Sam Thompson ဆုိတာက Celebrity Big Brother မွာ ေနရာရေနသူတစ္ဦး ျဖစ္ပါတယ္။ သူဟာ သူရဲ႕ ညီမ Louise Thompson တင္ခဲ့တဲ့ အင္စတာဂရမ္ပုံေတြအတုိင္း ျပန္လည္၀တ္စားၿပီး၊

တုပျပဳလုပ္ကာ ညီမကုိ ေနာက္ေျပာင္ခဲ့ပါတယ္။ Louise ဆုိတာကလည္း ႏွယ္ႏွယ္ရရ တစ္ဦးမဟုတ္ပဲ ၿဗိတိန္႐ုပ္သံစတားတစ္ဦး ျဖစ္တယ္လုိ႔ The Sun မွာ ေဖာ္ျပထားပါတယ္။

Louise ဟာ Made In Chelsea TV စီးရီမွာ နာမည္ရလာခဲ့ၿပီးေနာက္၊ လူမႈကြန္ယက္မွာလည္း ေအာင္ျမင္ခဲ့ပါတယ္။

ဒါေၾကာင့္ မေပၚ့တေပၚပုံေတြ တင္ေလ့ရွိတာကို အစ္ကုိျဖစ္သူ Sam က ေနာက္ေျပာင္ခဲ့တာပါ။ Louise တင္သမွ် ဘီကီနီပုံ အ၀တ္အစား တစ္ပုိင္းပုံေတြကုိ Sam က လုိက္လံတုပ ျပဳလုပ္ခဲ့လုိ႔ ေမာင္ႏွမႏွစ္ေယာက္ၾကားမွာ အေတာ္ေလး ရယ္စရာ ျဖစ္ေနပါတယ္။

Sam ဟာ ညီမျဖစ္သူ Louise နဲ႔ သူမရဲ႕ ခ်စ္သူ တြဲ႐ိုက္ထားတဲ့ ပုံကိုလည္း တုပ ျပဳလုပ္ခဲ့ေသးၿပီး၊ သူရဲ႕ တမင္တကာ ကႏြဲ႕ကလ်ျဖစ္ေအာင္ လုပ္ထားတဲ့ Post ေတြကို အင္စတာဂရမ္ ပရိသတ္ေတြက အမ်ားအျပား အားေပးခဲ့ၾကပါတယ္။

Louise ဟာ သူမရဲ႕ ခ်စ္သူ Ryan Libbey နဲ႔ အၾကည္ဆုိက္ေနတဲ့ ပုံတင္စဥ္ကလည္း Sam က တစ္ထပ္တည္း တူေအာင္ လုပ္ခဲ့ပါေသးတယ္။

ဒီအခါမွာေတာ့ Sam ဟာ သူရဲဲ႕ခ်စ္သူ Tiff Watson ကို အကူအညီေတာင္းခဲ့ရၿပီး၊ အေတာ္ကေလးကို မ်က္ႏွာေျပာင္သူလုိ႔ သတ္မွတ္ခံခဲ့ရပါေသးတယ္။

တစ္ျခား လူႀကိဳက္မ်ားခဲ့တဲ့ ညီမျဖစ္သူ Louise ရဲ႕ ပုံေတြကုိ သူ ျမင္သမွ် လုိက္လံလုပ္ေဆာင္ရင္း ပရိသတ္ကို မပ်င္းရေအာင္ လုပ္ေနသူလုိ႔ ဆုိရမွာပါ။

သတင္းတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ Sam ဟာ ဒီလုိ ေနာက္ေျပာင္ႏုိင္ဖုိ႔အတြက္ ညီမျဖစ္သူရဲ႕ အ၀တ္အစားေတြကို တစ္ခါတေလ ခုိးယူရတာမ်ိဳးကုိေတာ့ ခဏခဏ လုပ္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။crd

ကဲ . . . အာ့လို အစ္ကိုတစ္ေယာက္ေလာက္ လိုခ်င္ေနျပီလား ဒါမွမဟုတ္ အာ့လို အစ္ကိုျဖစ္ခ်င္ေနျကျပီလား ေျဖ. . . ။

(Unicodeျဖင့္ ဖတ္ရန္)

Sam Thompson ဆိုတာက Celebrity Big Brother မှာ နေရာရနေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ သူရဲ့ ညီမ Louise Thompson တင်ခဲ့တဲ့ အင်စတာဂရမ်ပုံတွေအတိုင်း ပြန်လည်ဝတ်စားပြီး၊

တုပပြုလုပ်ကာ ညီမကို နောက်ပြောင်ခဲ့ပါတယ်။ Louise ဆိုတာကလည်း နှယ်နှယ်ရရ တစ်ဦးမဟုတ်ပဲ ဗြိတိန်ရုပ်သံစတားတစ်ဦး ဖြစ်တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။

Louise ဟာ Made In Chelsea TV စီးရီမှာ နာမည်ရလာခဲ့ပြီးနောက်၊ လူမှုကွန်ယက်မှာလည်း အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် မပေါ့်တပေါ်ပုံတွေ တင်လေ့ရှိတာကို အစ်ကိုဖြစ်သူ Sam က နောက်ပြောင်ခဲ့တာပါ။ Louise တင်သမျှ ဘီကီနီပုံ အဝတ်အစား တစ်ပိုင်းပုံတွေကို Sam က လိုက်လံတုပ ပြုလုပ်ခဲ့လို့ မောင်နှမနှစ်ယောက်ကြားမှာ အတော်လေး ရယ်စရာ ဖြစ်နေပါတယ်။

Sam ဟာ ညီမဖြစ်သူ Louise နဲ့ သူမရဲ့ ချစ်သူ တွဲရိုက်ထားတဲ့ ပုံကိုလည်း တုပ ပြုလုပ်ခဲ့သေးပြီး၊ သူရဲ့ တမင်တကာ ကနွဲ့ကလျဖြစ်အောင် လုပ်ထားတဲ့ Post တွေကို အင်စတာဂရမ် ပရိသတ်တွေက အများအပြား အားပေးခဲ့ကြပါတယ်။

Louise ဟာ သူမရဲ့ ချစ်သူ Ryan Libbey နဲ့ အကြည်ဆိုက်နေတဲ့ ပုံတင်စဉ်ကလည်း Sam က တစ်ထပ်တည်း တူအောင် လုပ်ခဲ့ပါသေးတယ်။

ဒီအခါမှာတော့ Sam ဟာ သူရဲ့ချစ်သူ Tiff Watson ကို အကူအညီတောင်းခဲ့ရပြီး၊ အတော်ကလေးကို မျက်နှာပြောင်သူလို့ သတ်မှတ်ခံခဲ့ရပါသေးတယ်။

တစ်ခြား လူကြိုက်များခဲ့တဲ့ ညီမဖြစ်သူ Louise ရဲ့ ပုံတွေကို သူ မြင်သမျှ လိုက်လံလုပ်ဆောင်ရင်း ပရိသတ်ကို မပျင်းရအောင် လုပ်နေသူလို့ ဆိုရမှာပါ။

သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ Sam ဟာ ဒီလို နောက်ပြောင်နိုင်ဖို့အတွက် ညီမဖြစ်သူရဲ့ အဝတ်အစားတွေကို တစ်ခါတလေ ခိုးယူရတာမျိုးကိုတော့ ခဏခဏ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။crd

ကဲ . . . အာ့လို အစ်ကိုတစ်ယောက်လောက် လိုချင်နေပြီလား ဒါမှမဟုတ် အာ့လို အစ်ကိုဖြစ်ချင်နေကြပြီလား ဖြေ. . . ။