ATMစက္မွာ ေငြထုတ္ေနသူကို လုယက္ဓားျပတုိက္ရင္း ေငြလက္က်န္ကို ျကည့္၍ သနားၿပီး ပုိက္ဆံေတြျပန္ေပးခဲ့တဲ့ ဓားျပ. .(ရုပ္/သံ ျကည့္ရန္)

(Zawgyiျဖင့္ ဖတ္ရန္)

တ႐ုတ္ႏုိင္ငံက ဓားျပတစ္ဦးဟာ ATM မွာ ပိုက္ဆံထုတ္ေနတဲ့ ေကာင္မေလးတစ္ဦးကုိ ဓားျပဝင္တုိက္စဥ္မွာ၊ ကာယကံရွင္ေကာင္မေလးကုိ သနားၿပီး၊ ဓားျပက တုိက္ထားသမွ်ေငြေတြ ျပန္ေပးခဲ့တဲ့ ရွားပါးျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။

အဆုိပါ ဓားျပတုိက္ခံရသူ အမ်ိဳးသမီးမွာ ေငြထုတ္ၿပီးေနာက္၊ လက္က်န္ပုိက္ဆံက “0”ျဖစ္ေနတာကို ဓားျပက သိရွိသြားခဲ့လုိ႔ ျဖစ္ပါတယ္။

ဓားျပရဲ႕နာမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဒါေပမယ့္ လူမႈကြန္ရက္ေပၚမွာေတာ့ ဓားျပရဲ႕လုပ္ရပ္ကို အေတာ္ေလးကို ခ်ီးက်ဴးေနၾကပါတယ္။

ေငြလုိခ်င္လုိ႔ ခုိးလုတုိက္ လုပ္ေနၾကသူေတြခ်င္းအတူတူ၊ ဒီဓားျပက လူတစ္ေယာက္အေပၚမွာ စာနာသနားစိတ္ရွိတယ္ဆုိၿပီး ခ်ီးက်ဴးေနၾကတာပါ။ ဓားျပတုိက္ခံရတဲ့ အမ်ိဳးသမီးအမည္ကေတာ့ Li လုိ႔ သိရပါတယ္။

Liဟာ ICBC ဘဏ္ရဲ႕ ATM တစ္ခုမွာ ပိုက္ဆံဝင္ထုတ္ေနစဥ္၊ သူမရဲ႕ေနာက္ကို လူတစ္ေယာက္ ေရာက္လာခဲ့ပါတယ္။ ခါးကို ဓားနဲ႔လွမ္းေထာက္ၿပီး ထုတ္ထားသမွ် ပုိက္ဆံေတြ သူ႕ကုိ ေပးဖုိ႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

Li ကလည္း ထုတ္ထားတဲ့ ေငြေလးကုိ ေၾကာက္ေၾကာက္နဲ႔ ေပးလုိက္ပါတယ္။ ဒါေပမယ့္ ဓားျပကသူမရဲ႕လက္က်န္ပုိက္ဆံကုိ ထပ္စစ္ခုိင္းရာ”သုည”ကို ျပေနပါတယ္။

ဒါကို ဓားျပျဖစ္သူက ျမင္သြားၿပီးေနာက္၊ Li ကုိ သနားသြားကာ၊ “ေရာ့ မင္းပိုက္ဆံ မင္းျပန္ယူေပေတာ့ “လုိ႔ ေျပာၿပီး၊ ယူထားတဲ့ ယြမ္ (၂၅၀၀)ကို ျပန္ေပးခဲ့ပါတယ္။

ဒီပမာဏဟာ နည္းတဲ့ပမာဏေတာ့ မဟုတ္ပါဘူး။ ဓားျပအတြက္ တစ္လခြဲေလာက္ အၿငိမ္ထုိင္စားလုိ႔ရတဲ့ ပမာဏျဖစ္ပါတယ္။ ဒါေပမယ့္ ဓားျပရဲ႕ စာနာသနားမႈဟာ Li အတြက္ေတာ့ အေတာ္ေလး ဝမ္းသာဖြယ္ရာ ျဖစ္ပါတယ္။

ဓားျပဟာ ပိုက္ဆံေတြ ျပန္ေပးၿပီးေနာက္၊ ရယ္ရယ္ေမာေမာနဲ႔ ထြက္သြားခဲ့ပါတယ္။ ဓားျပကုိ ဖမ္းဆီးဖုိ႔ Li က အမႈဖြင့္ျခင္းမရွိေပမယ့္၊ ေဒသခံရဲတပ္ဖြဲ႕ကေတာ့ သူ႕ကို ဖမ္းဆီးရမိထားၿပီးၿပီလုိ႔ ထုတ္ျပန္ခဲ့ပါတယ္။crd

(ရုပ္သံ ျကည့္ရန္)

(Unicodeျဖင့္ ဖတ္ရန္)

တရုတ်နိုင်ငံက ဓားပြတစ်ဦးဟာ ATM မှာ ပိုက်ဆံထုတ်နေတဲ့ ကောင်မလေးတစ်ဦးကို ဓားပြဝင်တိုက်စဉ်မှာ၊ ကာယကံရှင်ကောင်မလေးကို သနားပြီး၊ ဓားပြက တိုက်ထားသမျှငွေတွေ ပြန်ပေးခဲ့တဲ့ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဓားပြတိုက်ခံရသူ အမျိုးသမီးမှာ ငွေထုတ်ပြီးနောက်၊ လက်ကျန်ပိုက်ဆံက “0”ဖြစ်နေတာကို ဓားပြက သိရှိသွားခဲ့လို့ ဖြစ်ပါတယ်။

ဓားပြရဲ့နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ ဓားပြရဲ့လုပ်ရပ်ကို အတော်လေးကို ချီးကျူးနေကြပါတယ်။

ငွေလိုချင်လို့ ခိုးလုတိုက် လုပ်နေကြသူတွေချင်းအတူတူ၊ ဒီဓားပြက လူတစ်ယောက်အပေါ်မှာ စာနာသနားစိတ်ရှိတယ်ဆိုပြီး ချီးကျူးနေကြတာပါ။ ဓားပြတိုက်ခံရတဲ့ အမျိုးသမီးအမည်ကတော့ Li လို့ သိရပါတယ်။

Liဟာ ICBC ဘဏ်ရဲ့ ATM တစ်ခုမှာ ပိုက်ဆံဝင်ထုတ်နေစဉ်၊ သူမရဲ့နောက်ကို လူတစ်ယောက် ရောက်လာခဲ့ပါတယ်။ ခါးကို ဓားနဲ့လှမ်းထောက်ပြီး ထုတ်ထားသမျှ ပိုက်ဆံတွေ သူ့ကို ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Li ကလည်း ထုတ်ထားတဲ့ ငွေလေးကို ကြောက်ကြောက်နဲ့ ပေးလိုက်ပါတယ်။ ဒါပေမယ့် ဓားပြကသူမရဲ့လက်ကျန်ပိုက်ဆံကို ထပ်စစ်ခိုင်းရာ”သုည”ကို ပြနေပါတယ်။

ဒါကို ဓားပြဖြစ်သူက မြင်သွားပြီးနောက်၊ Li ကို သနားသွားကာ၊ “ရော့ မင်းပိုက်ဆံ မင်းပြန်ယူပေတော့ “လို့ ပြောပြီး၊ ယူထားတဲ့ ယွမ် (၂၅၀၀)ကို ပြန်ပေးခဲ့ပါတယ်။

ဒီပမာဏဟာ နည်းတဲ့ပမာဏတော့ မဟုတ်ပါဘူး။ ဓားပြအတွက် တစ်လခွဲလောက် အငြိမ်ထိုင်စားလို့ရတဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ဓားပြရဲ့ စာနာသနားမှုဟာ Li အတွက်တော့ အတော်လေး ဝမ်းသာဖွယ်ရာ ဖြစ်ပါတယ်။

ဓားပြဟာ ပိုက်ဆံတွေ ပြန်ပေးပြီးနောက်၊ ရယ်ရယ်မောမောနဲ့ ထွက်သွားခဲ့ပါတယ်။ ဓားပြကို ဖမ်းဆီးဖို့ Li က အမှုဖွင့်ခြင်းမရှိပေမယ့်၊ ဒေသခံရဲတပ်ဖွဲ့ကတော့ သူ့ကို ဖမ်းဆီးရမိထားပြီးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။crd