“တစ္လုံး”ကို ျမန္မာေငြ သိန္း(၁၅၀)ေက်ာ္ ေပးႏိုင္မွ စားခြင့္ရွိတဲ့ ကမာၻ႔ေဈးအႀကီးဆုံး သခြားေမႊးသီး. . .

(Zawgyiျဖင့္ ဖတ္ရန္)

ခ်စ္ပရိတ္သတ္ႀကီးေရ…. ဟင္းသီးဟင္း႐ြက္ေတြ သစ္ဥသစ္ဖုေတြဆိုတာက က်န္းမာေရးအတြက္ အရမ္းေကာင္းတယ္ဆိုၿပီး လူေတြကလက္ခံထားသလို WHOကလည္းေၾကာျငာထားၿပီးသားမို႔ အားလုံး သိၿပီးသားျဖစ္မွာပါ။

ဒါေပမယ့္ ကိုယ့္ရဲ႕ က်န္းမာေရးကိုထိခိုက္ေစႏိုင္တဲ့ အသီးအ႐ြက္ေတြလည္းရွိတယ္ဗ်။ အာနိသင္ေၾကာင့္ က်န္းမာေရးထိခိုက္တာေတာ့မဟုတ္ဘူးဗ်။ အဓိကက ကုန္ေဈးႏႈန္းေၾကာင့္ပါပဲ။

ကုန္ေဈးႏႈန္းၾကား႐ုံနဲ႔တင္ “ေတာ္…ေတာ္…ေတာ္…”ဆိုၿပီးျဖစ္သြားရေလာက္ေအာင္ကိုေဈးေတြကေခါင္ခိုက္ေနလို႔ပါ။

ဒီေန႔မွာေတာ့ အဲ့လိုေဈးႀကီးပါတယ္ဆိုတဲ့ သစ္သီးေတြထဲက ကမာၻေဈးအႀကီးဆုံး သစ္သီးတစ္မ်ိဳးအေၾကာင္းကို ေျပာျပမွာပဲျဖစ္ပါတယ္။

အေျခခံလူတန္းစားေတြ အနားကပ္ခြင့္မရွိတဲ့ ဒီအသီးအေျခတည္လာခဲ့တဲ့ေနရာကေတာ့ ဂ်ပန္ႏိုင္ငံ Yubariၿမိဳ႕ ကပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Yubari King Melonလို႔ အမည္နာမ တြင္ေနရတယ္ဆိုရင္လည္းမမွားပါဘူး။

ဒီသစ္သီးဟာ ဘာလို႔ အဲ့ေလာက္ထိေဈးႀကီးေနရတာလဲဆိုရင္ သူက limited နဲ႔သာ ထုတ္တဲ့အသီးလည္းျဖစ္သလို တစ္ပင္မွာသုံးလုံး ခန႔္သာသီးတဲ့အသီးလည္းျဖစ္ပါတယ္။

ျပီးေတာ့ ဒီအပင္ေတြကို Green Houseထဲမွာစိုက္ၿပီး ပိုးေမြးတယ္ဆိုတာထက္ကိုပိုၿပီး အေသးစိတ္က်က်စိုက္ပ်ိဳးထားခဲ့ရပါတယ္။ ဘာလို႔ Green Houseထဲမွာ စိုက္ရလဲဆိုရင္ ေနေရာင္ရဲ႕ ပူျပင္းမႈကို ကာကြယ္ႏိုင္ေအာင္လို႔ပါတဲ့။

ဒါတင္မကေသးပါဘူး ေကြၽးတဲ့ေျမၾသဇာကအစ ဂ႐ုတစိုက္နဲ႔ သင့္တင့္တဲ့ကိုယ္ပိုင္ဓာတ္ေျမၾသဇာေတြကို စနစ္တက် ေကြၽးရၿပီးေတာ့ ေခတ္မွီ ကြန္ျပဴတာ စက္ပစၥည္း ေတြနဲ႔ ေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးရပါတယ္။

ဒီ Yubari Kingဟာ စားလိုက္ရတာနဲ႔ ေဆြမ်ိဳးေမ့သြားရေလာက္ေအာင္ကို ခ်ိဳစိမ့္ေနၿပီးေတာ့ အရသာဟာ စြဲမက္ဖြယ္ရာေကာင္းလြန္းလို႔ တကယ့္ ဒိတ္ဒိတ္ႀကဲႀကဲ လူကုန္ထံေတြဆိုရင္ တစ္လကို အလုံး (၂၀)ေလာက္ Orderမွာၿပီးေတာ့ကိုဝယ္စားၾကသတဲ့။

ေတာ္ေတာ္ျဖဳန္းႏိုင္တဲ့လူေတြပါပဲ။ ဒီYubariရဲ႕ေဈးႏႈန္းဟာ အေမရိကန္ ေဒၚလာ တစ္ေသာင္း ဝန္းက်င္ရွိၿပီးေတာ့ ျမန္မာေငြနဲ႔ဆိုရင္ သိန္း(၁၅၀)ေလာက္ရွိပါသတဲ့ေနာ္။crd

Source : Yubari King Melon

(Unicodeျဖင့္ ဖတ္ရန္)

ချစ်ပရိတ်သတ်ကြီးရေ…. ဟင်းသီးဟင်းရွက်တွေ သစ်ဥသစ်ဖုတွေဆိုတာက ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုပြီး လူတွေကလက်ခံထားသလို WHOကလည်းကြောငြာထားပြီးသားမို့ အားလုံး သိပြီးသားဖြစ်မှာပါ။

ဒါပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အသီးအရွက်တွေလည်းရှိတယ်ဗျ။ အာနိသင်ကြောင့် ကျန်းမာရေးထိခိုက်တာတော့မဟုတ်ဘူးဗျ။ အဓိကက ကုန်ဈေးနှုန်းကြောင့်ပါပဲ။

ကုန်ဈေးနှုန်းကြားရုံနဲ့တင် “တော်…တော်…တော်…”ဆိုပြီးဖြစ်သွားရလောက်အောင်ကိုဈေးတွေကခေါင်ခိုက်နေလို့ပါ။

ဒီနေ့မှာတော့ အဲ့လိုဈေးကြီးပါတယ်ဆိုတဲ့ သစ်သီးတွေထဲက ကမ္ဘာဈေးအကြီးဆုံး သစ်သီးတစ်မျိုးအကြောင်းကို ပြောပြမှာပဲဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ အနားကပ်ခွင့်မရှိတဲ့ ဒီအသီးအခြေတည်လာခဲ့တဲ့နေရာကတော့ ဂျပန်နိုင်ငံ Yubariမြို့ ကပဲဖြစ်ပါတယ်။ ဒါကြောင့် Yubari King Melonလို့ အမည်နာမ တွင်နေရတယ်ဆိုရင်လည်းမမှားပါဘူး။

ဒီသစ်သီးဟာ ဘာလို့ အဲ့လောက်ထိဈေးကြီးနေရတာလဲဆိုရင် သူက limited နဲ့သာ ထုတ်တဲ့အသီးလည်းဖြစ်သလို တစ်ပင်မှာသုံးလုံး ခန့်သာသီးတဲ့အသီးလည်းဖြစ်ပါတယ်။

ပြီးတော့ ဒီအပင်တွေကို Green Houseထဲမှာစိုက်ပြီး ပိုးမွေးတယ်ဆိုတာထက်ကိုပိုပြီး အသေးစိတ်ကျကျစိုက်ပျိုးထားခဲ့ရပါတယ်။ ဘာလို့ Green Houseထဲမှာ စိုက်ရလဲဆိုရင် နေရောင်ရဲ့ ပူပြင်းမှုကို ကာကွယ်နိုင်အောင်လို့ပါတဲ့။

ဒါတင်မကသေးပါဘူး ကျွေးတဲ့မြေသြဇာကအစ ဂရုတစိုက်နဲ့ သင့်တင့်တဲ့ကိုယ်ပိုင်ဓာတ်မြေသြဇာတွေကို စနစ်တကျ ကျွေးရပြီးတော့ ခေတ်မှီ ကွန်ပြူတာ စက်ပစ္စည်း တွေနဲ့ စောင့်ရှောက်မှုတွေပြုလုပ်ပေးရပါတယ်။

ဒီ Yubari Kingဟာ စားလိုက်ရတာနဲ့ ဆွေမျိုးမေ့သွားရလောက်အောင်ကို ချိုစိမ့်နေပြီးတော့ အရသာဟာ စွဲမက်ဖွယ်ရာကောင်းလွန်းလို့ တကယ့် ဒိတ်ဒိတ်ကြဲကြဲ လူကုန်ထံတွေဆိုရင် တစ်လကို အလုံး (၂၀)လောက် Orderမှာပြီးတော့ကိုဝယ်စားကြသတဲ့။

တော်တော်ဖြုန်းနိုင်တဲ့လူတွေပါပဲ။ ဒီYubariရဲ့ဈေးနှုန်းဟာ အမေရိကန် ဒေါ်လာ တစ်သောင်း ဝန်းကျင်ရှိပြီးတော့ မြန်မာငွေနဲ့ဆိုရင် သိန်း(၁၅၀)လောက်ရှိပါသတဲ့နော်။crd

Source : Yubari King Melon