အသက်ကြီးမှ ရမ္မက်မီးကြွပြီး ၊ စိတ်ဆာမှ အိပ်ယာပေါ်ပြန်လာတဲ့ ယောက်ျားရဲ့ နှလုံးသားကို ဓားနဲ့ထိုးခွဲ ချလိုက်တဲ့ မိန်းမ
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
ထိုင်းနိုင်ငံ ဖိစနုလို့ ခရိုင်မှာ နှစ်ပေါင်းသုံးဆယ်ကျော် အတူနေ လာတဲ့ ခင်ပွန်းဖြစ်သူရဲ့ နှလုံးသား တဲ့တဲ့ ကို ဓါးနဲ့ ထိုးသတ်ခဲ့သူ လွန်းရင် (အသက် ၆၀) က သူမ ဘယ်လို ဓါးနဲ့ထိုးသတ်ခဲ့ပုံကို ရဲတပ်ဖွဲ့ ရှေ့မှာ အစစ်ခံနေတာပါ။
သေဆုံးသူ သူမရဲ့ အမျိုးသား ခံထောင်ဖါ (၆၂)နှစ် ဟာ တနှစ်ကြာ အမျိုးသမီးသမီးနဲ့အသစ်တွေ့ ဖေါက်ပြန်ပြီး အိမ်ပြန်မလာတော့ပဲ စိတ်ဆာလာတဲ့အချိန်မှ ဇနီးကို တည်းခိုးခန်း ဖုန်းဆက် ခေါ်ချိန်းလိုက်ပါတယ်။
နာကျည်းချက်နဲ့ စောင့်နေတဲ့ ဇနီးဟောင်းရဲ့အကြံကို မသိတဲ့ ခင်ပွန်းက တည်းခိုးခန်းထဲမှာ အတူအိပ်ရအောင် အဝတ်အစားအသင့်ချွတ်ပြီး အသင့်စောင့်နေခဲ့ပါတယ်။
အချစ်ပြယ်သွားတဲ့အချိန် အသဲကွဲခံရတဲ့ သူ အခန်းထဲဝင်လာတဲ့အခါ တဏာစိတ်နဲ့ ခင်ပွန်းဖြစ်သူဟာ အတူအိပ်မလို့ ပြေးဖက်တဲ့အချိန် မှာ ဇနီးဟောင်းက ဖွတ်ယူလာတဲ့ ဓါးနဲ့ ထိုးလိုက်တာပါ။SAW