“အထူးဆုကို သားတို့ယူပြီး၊ ဦးဦးနေတိုးကို အမျိုးသားဇာတ်ဆောင်ဆုရချင်စေချင်တယ်” လို့ဆိုလာတဲ့ မုန်းစွဲ အမြွာညီအစ်ကို. . .
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ ငယ်ဘဝဇာတ်ရုပ်အပိုင်းကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး အထူးကလေးသရုပ်ဆောင်လေးများဖြစ်ကြတဲ့
ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူး တို့ အမြွာညီအကို နှစ်ယောက်ကို ပရိသတ်များ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်ပါတယ်နော်။
အသက်ငယ်ပေမဲ့လည်း ရုပ်ရှင်ဇာတ်လမ်းကြီးရဲ့ အကောင်းဆုံး ဇာတ်ဆောင်ကလေးသရုပ်ဆောင်များ အဖြစ် သရုပ်ဆောင်ပြနိုင်ခဲ့ပြီး
အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ဒီညီအကိုလေးနှစ်ယောက်ကတော့ ” မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုအတွက် ကြိုတင်ရင်ခုန်နေပြီလို့ ဆိုလာပါတယ်။
” အကယ်ဒမီတော့ လိုချင်ပါတယ်။ ပေးရင်တော့ ရမှာပါ။ မရရင်လည်း ပရိသတ်တွေချစ်တာနဲ့ ကျေနပ်ပါပြီ၊ အထူးဆုကိုတော့ သားတို့ လိုချင်ပါတယ်” လို့ ဆိုလာခဲ့သလို
သူတို့ နှစ်ယောက် အကောင်းဆုံးကလေးသရုပ်ဆောင်နှစ်ယောက်ဖြစ်လာဖို့ မင်းသားချော နေတိုးကလည်း အများကြီး သင်ကြားပေးခဲ့တာမို့ ဒီနှစ်ရဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ဦးဦးနေတိုးကို ထပ်ရစေချင်ပါတယ်လို့ ဆုတောင်းစကားတွေ ဆိုခဲ့ကြပါတယ်။
ထို့အတူပဲ ဖေဖေါ်ဝါရီလက အင်တာဗျူးတစ်ခုမှာလည်း အကယ်ဒမီ မင်းသေားချော နေတိုးမှ
“မုန်းစွဲ ဇာတ်ကားထဲက ကလေးသရုပ်ဆောင်တွေက သရုပ်ဆောင်ပါရမီပါတဲ့အတွက် အကယ်ဒမီ မျှော်မှန်းမိပါတယ်” ဆိုပြီး ကလေးနှစ်ယောက်အတွက် ဆုတောင်းရင်ခုန်ပေးခဲ့ပါသေးတ်။
ကဲ ပရိသတ်ကြီးကော. . . .အမြွှာညီအစ်ကို နှစ်ယောက်နဲ့ နေတိုး တို့ကို အကယ်ဒမီ ရွှေစင်ရုပ်ထုကို ရစေချင်နေပြီမို့လား ??? . . .