ဂိမ္းစက္တစ္လံုးေၾကာင့္ မဂၤလာေဆာင္ခါနီးမွာ ေသဆံုးသြားတဲ့ သတို့သားေလာင္း..

(Zawgyiျဖင့္ ဖတ္ရန္)

တစ္ဦးနဲ႔တစ္ဦး ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့ေပမယ့္ ကံတရားက သစၥာေဖာက္လို႔ ေကြကြင္းရတဲ့ ခ်စ္သူစံုတြဲေတြ အမ်ားၾကီးရွိပါတယ္။

တန္နက္စီျပည္နယ္က ခ်စ္သူႏွစ္ဦးကေတာ့ ကံတရားရဲ႕ မညွာမတာ ရက္ရက္စက္စက္ အခြဲခံခဲ့ရၿပီး ႏွစ္ဦးသား ေသကြဲကြဲခဲ့ရပါတယ္။

ျဖစ္ပံုကေတာ့ ဒီလိုပါ။ အသက္(၂၂) အရြယ္ ဆာရာနဲ႔ အသက္(၂၄) ႏွစ္အရြယ္ ရွာရီဖီတို႔ဟာ တန္နက္စီတကၠသိုလ္က ေက်ာင္းသားေက်ာင္းသူေတြပါ။

ႏွစ္ဦးသား ေမတၱာမွ်ေနၾကၿပီး (၁၆.၃.၂၀၁၉)ရက္ေန႔မွာ လက္ထပ္ၾကဖို႔အထိ အားလံုးအစီအစဥ္ ဆြဲၿပီးပါၿပီ။

ဓာတ္ပံုေတြၾကည့္ရတာေတာ့ ဆာရာနဲ႔ ရွာရီဖီတို႔ဟာ တစ္ဦးနဲ႔တစ္ဦး အေတာ္ေလး ၾကင္နာၾကဟန္ရွိသလို သိပ္ခ်စ္ၾကပံုေပၚပါတယ္။ သတို႔သမီးေလာင္းေလး ဆာရာအတြက္ကေတာ့ စိတ္မေကာင္းစရာပါ။

သူမနဲ႔ ဓာတ္ပံုရိုက္ထားတဲ့ ေသဆံုးသူခ်စ္သူရဲ႕ ဓာတ္ပံုကို စိုက္ၾကည့္ၿပီး မ်က္ရည္လည္ရႊဲျဖစ္ေနပံုက တကယ့္ကို သနားဖြယ္ရာပဲ ျဖစ္ပါေတာ့တယ္။

ဒါေၾကာင့္ ေသျခင္းတရားဆိုတာ လက္တကမ္းအလိုမွာပဲ ရွိတာမို႔ ကိုယ့္ရဲ႕ ခ်စ္သူခင္သူေတြကို အသက္ရွင္ေနတုန္းကာလေလးမွာ တတ္ႏိုင္သေလာက္ ခ်စ္ေပး၊ ဂရုစိုက္နားလည္မႈ ျပဳေပးျခင္းသည္သာ အေကာင္းဆံုးပါပဲ။

ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ သတို႔သားေလာင္း ရွာရီဖီဟာ အမ်ိဳးသားတစ္ေယာက္ရဲ႕ ေသနတ္နဲ႔ ပစ္သတ္တာကုိ ခံလိုက္ရပါတယ္။ ရွာရီဖီဟာ သူ႔ရဲ႕ XBox console ဂိမ္းစက္ကို Facebook Marketplace ကေန ေဒၚလာ(၂၀၀)နဲ႔ ေရာင္းခ်ခဲ့ပါတယ္။

ရွာရီဖီဟာ ေဖ့စ္ဘုတ္ကေန အသက္(၂၀) အရြယ္ ဒီမားကတ္စ္ဆိုသူ အမ်ိဳးသားနဲ႔ ခ်ိတ္မိၿပီး အေရာင္းအ၀ယ္ျဖစ္ခဲ့ပါတယ္။

ဒါ႔ေျကာင့္ ေဖေဖာ္၀ါရီ (၁၉) ရက္ေန႔မွာေတာ့ ရွာရီဖီဟာ ဂိမ္းစက္ကိုယူေဆာင္ၿပီး ဒီမားကတ္စ္နဲ႔ အခ်ိန္းအခ်က္ျပဳထားတဲ့ ကားပါကင္ေနရာကို သြားရင္း ထိုေနရာမွာပဲ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရပါတယ္။

တကယ္ေတာ့ ဒီမားကတ္စ္က ဂိမ္းစက္ကို လိုခ်င္ေပမယ့္ ပိုက္ဆံမေပးခ်င္တာေၾကာင့္ ရွာရီဖီကို သတ္ျဖတ္ခဲ့တာပါ။

ရလဒ္ကေတာ့ အဖိုးမတန္တဲ့ ဂိမ္းစက္ေလးတစ္ခုနဲ႔ လူတစ္ေယာက္ရဲ႕ အသက္ အလဲလွယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျပစ္မႈက်ဴးလြန္သူ ဒီမားကတ္စ္ကုိ လူသတ္မႈနဲ႔ ဖမ္းဆီးထားပါတယ္။

လက္ထပ္ဖို႔ ရက္သိပ္မလိုေတာ့တဲ့အခ်ိန္မွာ သတို႔သားေလာင္းက ရုတ္တရက္ၾကီး ေသဆံုးသြားတဲ့အတြက္ ဆာရာခမ်ာ ယူၾကံဳးမရ ျဖစ္ေနရွာပါတယ္။

ရွာရီဖီ ေသဆံုးသြားေပမယ့္ သူမတို႔ရဲ႕ မက်င္းပျဖစ္လိုက္တဲ့ လက္ထပ္ပြဲေလးကို အမွတ္ရပါတယ္ဆိုတဲ့ သေဘာနဲ႔ ဆာရာဟာ သူမ မဂၤလာေဆာင္ရင္၀တ္မယ့္ သတို႔သမီး၀တ္စံုကို ၀တ္ဆင္ၿပီး ခ်စ္သူလဲေလ်ာင္းအိပ္စက္ရာ သခ်ၤ ိဳင္းေျမဆီကို အခုလို ေရာက္လာခဲ့တာပဲ ျဖစ္ပါတယ္။crd

(Unicodeျဖင့္ ဖတ္ရန္)

တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ပေမယ့် ကံတရားက သစ္စာဖောက်လို့ ကွေကွင်းရတဲ့ ချစ်သူစုံတွဲတွေ အများကြီးရှိပါတယ်။

တန်နက်စီပြည်နယ်က ချစ်သူနှစ်ဦးကတော့ ကံတရားရဲ့ မညှာမတာ ရက်ရက်စက်စက် အခွဲခံခဲ့ရပြီး နှစ်ဦးသား သေကွဲကွဲခဲ့ရပါတယ်။

ဖြစ်ပုံကတော့ ဒီလိုပါ။ အသက်(၂၂) အရွယ် ဆာရာနဲ့ အသက်(၂၄) နှစ်အရွယ် ရှာရီဖီတို့ဟာ တန်နက်စီတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေပါ။

နှစ်ဦးသား မေတ္တာမျှနေကြပြီး (၁၆.၃.၂၀၁၉)ရက်နေ့မှာ လက်ထပ်ကြဖို့အထိ အားလုံးအစီအစဉ် ဆွဲပြီးပါပြီ။

ဓာတ်ပုံတွေကြည့်ရတာတော့ ဆာရာနဲ့ ရှာရီဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး အတော်လေး ကြင်နာကြဟန်ရှိသလို သိပ်ချစ်ကြပုံပေါ်ပါတယ်။ သတို့သမီးလောင်းလေး ဆာရာအတွက်ကတော့ စိတ်မကောင်းစရာပါ။

သူမနဲ့ ဓာတ်ပုံရိုက်ထားတဲ့ သေဆုံးသူချစ်သူရဲ့ ဓာတ်ပုံကို စိုက်ကြည့်ပြီး မျက်ရည်လည်ရွှဲဖြစ်နေပုံက တကယ့်ကို သနားဖွယ်ရာပဲ ဖြစ်ပါတော့တယ်။

ဒါကြောင့် သေခြင်းတရားဆိုတာ လက်တကမ်းအလိုမှာပဲ ရှိတာမို့ ကိုယ့်ရဲ့ ချစ်သူခင်သူတွေကို အသက်ရှင်နေတုန်းကာလလေးမှာ တတ်နိုင်သလောက် ချစ်ပေး၊ ဂရုစိုက်နားလည်မှု ပြုပေးခြင်းသည်သာ အကောင်းဆုံးပါပဲ။

ဒါပေမယ့် ကံဆိုးချင်တော့ သတို့သားလောင်း ရှာရီဖီဟာ အမျိုးသားတစ်ယောက်ရဲ့ သေနတ်နဲ့ ပစ်သတ်တာကို ခံလိုက်ရပါတယ်။ ရှာရီဖီဟာ သူ့ရဲ့ XBox console ဂိမ်းစက်ကို Facebook Marketplace ကနေ ဒေါ်လာ(၂၀၀)နဲ့ ရောင်းချခဲ့ပါတယ်။

ရှာရီဖီဟာ ဖေ့စ်ဘုတ်ကနေ အသက်(၂၀) အရွယ် ဒီမားကတ်စ်ဆိုသူ အမျိုးသားနဲ့ ချိတ်မိပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာတော့ ရှာရီဖီဟာ ဂိမ်းစက်ကိုယူဆောင်ပြီး ဒီမားကတ်စ်နဲ့ အချိန်းအချက်ပြုထားတဲ့ ကားပါကင်နေရာကို သွားရင်း ထိုနေရာမှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

တကယ်တော့ ဒီမားကတ်စ်က ဂိမ်းစက်ကို လိုချင်ပေမယ့် ပိုက်ဆံမပေးချင်တာကြောင့် ရှာရီဖီကို သတ်ဖြတ်ခဲ့တာပါ။

ရလဒ်ကတော့ အဖိုးမတန်တဲ့ ဂိမ်းစက်လေးတစ်ခုနဲ့ လူတစ်ယောက်ရဲ့ အသက် အလဲလှယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ဒီမားကတ်စ်ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပါတယ်။

လက်ထပ်ဖို့ ရက်သိပ်မလိုတော့တဲ့အချိန်မှာ သတို့သားလောင်းက ရုတ်တရက်ကြီး သေဆုံးသွားတဲ့အတွက် ဆာရာခမျာ ယူကြုံးမရ ဖြစ်နေရှာပါတယ်။

ရှာရီဖီ သေဆုံးသွားပေမယ့် သူမတို့ရဲ့ မကျင်းပဖြစ်လိုက်တဲ့ လက်ထပ်ပွဲလေးကို အမှတ်ရပါတယ်ဆိုတဲ့ သဘောနဲ့ ဆာရာဟာ သူမ မင်္ဂလာဆောင်ရင်ဝတ်မယ့် သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး ချစ်သူလဲလျောင်းအိပ်စက်ရာ သချၤ ိုင်းမြေဆီကို အခုလို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။crd