“နန္းဆုရဲ႕ ေဖာက္ျပန္မယ့္ အကြက္ေလးေတြကို မွတ္ထားတယ္”လို့ ဆိုလိုက္တဲ့ G Fatt . . .

(Zawgyiျဖင့္ ဖတ္ရန္)

အဆိုေတာ္ G Fatt နဲ႔ အဆိုေတာ္၊ သ႐ုပ္ေဆာင္ နန္းဆုရတီစိုးတို႔စုံတြဲေလးကေတာ့ ပရိသတ္အားက်ရတဲ့ အႏုပညာရွင္စုံတြဲေလးေတြထဲမွာ အပါအဝင္ ျဖစ္ပါတယ္။

တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈအျပည့္နဲ႔ အရမ္းခ်စ္ၾကတဲ့ သူတို႔စုံတြဲေလးက တစ္ခါတစ္ေလမွာလည္း ခ်စ္သူတို႔သဘာဝ စိတ္ဆိုးစိတ္ေကာက္ေလ့ရွိၾကပါတယ္။ အခုလည္း သူတို႔ခ်စ္သူႏွစ္ဦးက တစ္ေယာက္ကိုတစ္ေယာက္ စိတ္ေကာက္ေနၾကတာ ေတြ႕ရပါတယ္။

မေန႔က သႀကၤန္အႀကိဳေန႔ေလးမွာေတာ့ သူတို႔ခ်စ္သူႏွစ္ဦးက အတူတူေရေဆာ့ကစားခဲ့ၾကသလို သီခ်င္းေတြလည္းဆိုၿပီး ကခုန္ေပ်ာ္႐ႊင္ခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ ဒီေန႔မနက္ သႀကၤန္အက်ေန႔မွာေတာ့ သူတို႔ခ်စ္သူႏွစ္ဦးက စာေတြအျပန္အလွန္တင္ထားၾကတာ ေတြ႕ရပါတယ္။

နန္းဆုက ”သႀကၤန္မွာ အဓိပၸါယ္မဲ့ေအာင္ သက္သက္အာ႐ုံလာေနာက္တဲ့ သူေတြကိုလည္း မွတ္ထားတယ္ ေပ်ာ္စရာ ရင္ခုန္စရာေတြ ဖန္တီးေပးတဲ့သူေတြကိုလည္း မွတ္ထားတယ္ ” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္။

G Fatt ကလည္း နန္းဆုေရးထားတဲ့စာကို Screenshot ႐ိုက္ၿပီး ” ေဖာက္ျပန္မယ့္ အကြက္ေလးေတြကိုလည္း မွတ္ထားတယ္ ” ဆိုၿပီး ျပန္တင္ထားတာ ေတြ႕ရပါတယ္။

ေပ်ာ္စရာသႀကၤန္ကာလမွာ စိတ္ဆိုးစိတ္ေကာက္ေနၾကတဲ့ သူတို႔စုံတြဲေလးကိုေတာ့ ပရိသတ္ေတြက အျမန္ဆုံး အဆင္ေျပေစခ်င္ၾကတာ ျဖစ္ပါတယ္။

G Fatt နဲ႔ နန္းဆုတို႔စုံတြဲေလး အျမန္ဆုံး အဆင္ေျပၿပီး ေပ်ာ္႐ႊင္စရာ သၾကၤန္ေန႔ရက္ေလးမ်ားကို ျဖတ္သန္းႏိုင္ပါေစလို့ ဆုမြန္ေတာင္းေပးျကပါအုံးေနာ္။crd

(Unicodeျဖင့္ ဖတ္ရန္)

အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ ပရိသတ်အားကျရတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးက တစ်ခါတစ်လေမှာလည်း ချစ်သူတို့သဘာဝ စိတ်ဆိုးစိတ်ကောက်လေ့ရှိကြပါတယ်။ အခုလည်း သူတို့ချစ်သူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် စိတ်ကောက်နေကြတာ တွေ့ရပါတယ်။

မနေ့က သင်္ကြန်အကြိုနေ့လေးမှာတော့ သူတို့ချစ်သူနှစ်ဦးက အတူတူရေဆော့ကစားခဲ့ကြသလို သီချင်းတွေလည်းဆိုပြီး ကခုန်ပျော်ရွှင်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒီနေ့မနက် သင်္ကြန်အကျနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးက စာတွေအပြန်အလှန်တင်ထားကြတာ တွေ့ရပါတယ်။

နန်းဆုက ”သင်္ကြန်မှာ အဓိပ္ပါယ်မဲ့အောင် သက်သက်အာရုံလာနောက်တဲ့ သူတွေကိုလည်း မှတ်ထားတယ် ပျော်စရာ ရင်ခုန်စရာတွေ ဖန်တီးပေးတဲ့သူတွေကိုလည်း မှတ်ထားတယ် ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

G Fatt ကလည်း နန်းဆုရေးထားတဲ့စာကို Screenshot ရိုက်ပြီး ” ဖောက်ပြန်မယ့် အကွက်လေးတွေကိုလည်း မှတ်ထားတယ် ” ဆိုပြီး ပြန်တင်ထားတာ တွေ့ရပါတယ်။

ပျော်စရာသင်္ကြန်ကာလမှာ စိတ်ဆိုးစိတ်ကောက်နေကြတဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေက အမြန်ဆုံး အဆင်ပြေစေချင်ကြတာ ဖြစ်ပါတယ်။

G Fatt နဲ့ နန်းဆုတို့စုံတွဲလေး အမြန်ဆုံး အဆင်ပြေပြီး ပျော်ရွှင်စရာ သင်္ကြန်နေ့ရက်လေးများကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်တောင်းပေးကြပါအုံးနော်။crd