နေပြည်တော်သင်္ကြန် ပျော်ပျော်ပါးပါး ဆင်နွှဲနေကြတဲ့ နေတိုးတို့နှင်းဆီအဖွဲ့သားများ ပုံရိပ်များ . . . .

(Zawgyiဖြင့် ဖတ်ရန်)



ဒါ့အပြင် သူတို့ ” နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း” က ဖျော်ဖြေလို့ရတဲ့ငွေကြေးတွေကို လိုအပ်တဲ့နေရာတွေမှာ ပါဝင်လှူဒါန်းပေးလေ့ရှိတာ ဖြစ်ပါတယ်။







(Unicodeဖြင့် ဖတ်ရန်)

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ သိမ်းပိုက်ရရှိထားတဲ့ နှင်းဆီအဖွဲ့သားတွေကတော့ လက်ရှိမှာ နေပြည်တော်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့ပါဝင်တဲ့ နှင်းဆီအဖွဲ့ကတော့ ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်အောင် အကောင်းဆုံးပြက်လုံးတွေနဲ့ ဖျော်ဖြေပေးလေ့ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူူတို့ ” နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း” က ဖျော်ဖြေလို့ရတဲ့ငွေကြေးတွေကို လိုအပ်တဲ့နေရာတွေမှာ ပါဝင်လှူဒါန်းပေးလေ့ရှိတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေ အားလုံးက နေပြည်တော်ရှိ Skynet မဏ္ဍပ်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

သင်္ကြန်လေးရက်လုံး နေပြည်တော်မှာရှိနေမယ့် နှင်းဆီအဖွဲ့ကတော့ ဒီနေ့အကျနေ့လေးမှာ ပျော်ရွှင်စရာ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ သင်္ကြန်ပွဲတော်ကြီးကို လူစုံတက်စုံနဲ့ ပါဝင်ဆင်နွှဲနေတဲ့ သူတို့အဖွဲ့ရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းလှပါတယ်။

တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်နေကြတဲ့ ထွန်းထွန်းနဲ့ မင်းမော်ကွန်းတို့ရဲ့ပုံရိပ်လေးတွေကလည်း ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

နေတိုးတို့နှင်းဆီအဖွဲ့သားတွေက နေပြည်တော်က ”Skynet” မဏ္ဍပ်မှာ ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေပေးနေကြတာလည်း တွေ့ရပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် နေပြည်တော်သင်္ကြန်မှာ ပျော်ရွှင်နေကြတဲ့ နေတိုးတို့ နှင်းဆီအဖွဲ့သားတွေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htin Aung Tun & နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း