သႀကၤန္မွာ IC အဖြဲ႔နဲ႔ သူနဲ့ အျဖစ္ခ်င္း တိုက္ဆိုင္တူညီေနေျကာင္း ဖြင့္ခ်ျပလာတဲ့ ေက်ာ္ေက်ာ္နႏၵ. . . .

(Zawgyiျဖင့္ ဖတ္ရန္)

ေတးသံရွင္ ေက်ာ္ေက်ာ္နႏၵက သူ့ရဲ့ သီခ်င္းေတြနဲ့ လူတကာနဲ့မတူတဲ့ ဖက္ရွင္ေတြေျကာင့္ လတ္တေလာ ပရိသတ္ေတြ ျကားမွာ ေရပန္းစားေနတာ ျဖစ္ပါတယ္။

ေက်ာ္ေက်ာ္နႏၵက အနုပညာေလာကထဲမွာ က်င္လည္ေနတာ ျကာျပီျဖစ္ေပမယ့္ မျကာခင္က ထြက္ရိွခဲ့တဲ့ “ဆက္ပက္သႀကၤန္” သီခ်င္းေျကာင့္ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ ေတးသံရွင္ ေက်ာ္ေက်ာ္နႏၵက လက္ရိွမွာလဲ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။

ဒီေန့မွာေတာ့ ေက်ာ္ေက်ာ္နႏၵက သူ့အေနနဲ့ ျမန္မာနိုင္ငံရဲ့ အေအာင္ျမင္ဆံုး Rock Band တစ္ခုုျဖစ္တဲ့ Iron Cross အဖြဲ့နဲ့ အျဖစ္ခ်င္း တိုက္ဆိုင္ေနေျကာင္းကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟေျပာဆိုလာပါတယ္။

“ဒီႏွစ္​သႀကၤန္​မွာ နာမည္​အရမ္​းႀကီးၿပီး ပရိသတ္​အကုန္​ခ်စ္​တဲ့ က်​ေနာ္​လည္​းခ်စ္​တဲ့ Iron Cross အဖြဲ ့ႀကီးႏွင္​့ အတူ

ယခုႏွစ္​ပရိသတ္​အကုန္​ဆဲၿပီး အရမ္​းနာမည္​ႀကီးတဲ့ ဆက္​ပက္​ သႂကၤန္​ သီခ်င္​းအဆို​ေတာ္​ ​ေက်ာ္​​ေက်ာ္​နႏၵ တို ့သည္​ သၾကၤန္​အတြင္​း show ပြဲမ်ား လက္​ခံဆိုခဲ့ျခင္​းမ႐ွိျခင္​းမ်ားသြားတူ​ေန​ေသာ​ေၾကာင္​့ IC အဖြဲ ့ႀကီးအား ႐ို​ေသဂါဝရျပဳပါတယ္​ဗ်” ဆိုျပီး ဂုဏ္ယူစြာနဲ့ ေျပာထားပါတယ္။

IC အဖြဲ့ကလည္း နွစ္စဥ္နွစ္တိုင္း မ႑ပ္မွာ သီခ်င္းေတြဆိုျပီး ဒီနွစ္မွာေတာ့ ထူးထူးျခားျခား သႀကၤန္မွာ သီခ်င္းမဆိုတာ ျဖစ္ပါတယ္။ IC အဖြဲ့လိုပဲ ေက်ာ္ေက်ာ္နႏၵလဲ ဒီနွစ္သႀကၤန္မွာ ဘာေဖ်ာ္ေျဖပြဲမွာမွ သီခ်င္းမဆိုပါဘူး။crd

(Unicodeျဖင့္ ဖတ္ရန္)

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျော်ကျော်နန္ဒက သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Rock Band တစ်ခုုဖြစ်တဲ့ Iron Cross အဖွဲ့နဲ့ အဖြစ်ချင်း တိုက်ဆိုင်နေကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလာပါတယ်။

“ဒီနှစ်သင်္ကြန်မှာ နာမည်အရမ်းကြီးပြီး ပရိသတ်အကုန်ချစ်တဲ့ ကျနော်လည်းချစ်တဲ့ Iron Cross အဖွဲ့ကြီးနှင့် အတူ

ယခုနှစ်ပရိသတ်အကုန်ဆဲပြီး အရမ်းနာမည်ကြီးတဲ့ ဆက်ပက် သင်္ကြန် သီချင်းအဆိုတော် ကျော်ကျော်နန္ဒ တို့သည် သင်္ကြန်အတွင်း show ပွဲများ လက်ခံဆိုခဲ့ခြင်းမရှိခြင်းများသွားတူနေသောကြောင့် IC အဖွဲ့ကြီးအား ရိုသေဂါဝရပြုပါတယ်ဗျ” ဆိုပြီး ဂုဏ်ယူစွာနဲ့ ပြောထားပါတယ်။

IC အဖွဲ့ကလည်း နှစ်စဉ်နှစ်တိုင်း မဏ္ဍပ်မှာ သီချင်းတွေဆိုပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား သင်္ကြန်မှာ သီချင်းမဆိုတာ ဖြစ်ပါတယ်။ IC အဖွဲ့လိုပဲ ကျော်ကျော်နန္ဒလဲ ဒီနှစ်သင်္ကြန်မှာ ဘာဖျော်ဖြေပွဲမှာမှ သီချင်းမဆိုပါဘူး။crd