သင်္ကြန်မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့မောင်ချို . . .
(Zawgyiဖြင့် ဖတ်ရန်)
(ရုပ်သံ ကြည့်ရန်) ချမ်းမြေ့မောင်ချို (အားကိုးမယ်နော်)
(Unicodeဖြင့် ဖတ်ရန်)
Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် တစ်ဦးပါ ။
သူမက ပွဲတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။
ချမ်းမြေ့မောင်ချိုက လက်ရှိသင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့က (၁၉)လမ်း မဏ္ဍပ်မှာ တခြားသော အနုပညာရှင်မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့က မဏ္ဍပ်တွေမှာ လာရောက်အားပေးသူ ပရိသတ်တွေ အများအပြား အုံနဲ့ကျင်းနဲ့ ရှိသလို တီဗီရုပ်သံလိုင်းတွေကလဲ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုရအောင် တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေတာပဲ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုကလည်း ပရိသတ်တွေကို မြူးမြူးကြွကြွ သီချင်းတွေနဲ့ အားရပါးရ ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။
ဒါပေမယ့် မောင်ချိုတစ်ယောက် စိတ်လှုပ်ရှားပြီး စာသားတွေ မှားဆိုမိတာကို တချို့သော ပရိသတ်တွေက သတိထားမိကြပါတယ်။
တချို့ကတော့ မောင်ချိုကို ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့် ပရိသတ်အများအပြားကတော့ ဒါကို အပြစ်ကြီးတစ်ခုလို့ လုံးဝမမြင်ကြပါဘူး။ crd