သင်္ကြန်မှာ အေးချမ်းတဲ့ သာသနာ့ဘောင်ကို ဝင်ပြီး ကုသိုလ် ယူနေတဲ့ ခြူးလေး …..

(Zawgyi ဖြင့်​ဖတ်​ရန်​)







Crd

(Unicode ဖြင့်​ဖတ်​ရန်​)

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။

သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ခြူးလေးကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အခုဆိုရင် အနယ်နယ်အရပ်ရပ်မှာ အများအပြား အခိုင်အမာ ရှိနေပြီပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးရဲ့ အကြိုနေ့မှာတော့ ခြူးလေးက အေးချမ်းတဲ့ သာသနာ့ဘောင်မှာ ကုသိုလ်တွေယူရင်း သီလရင် ဝတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ခြူးလေးက သင်္ကြန်ရက်တွေမှာ သီလရင်ဝတ်ရင်း တရားအားထုတ်နေမှာ ဖြစ်ပါတယ်။

ခြူးလေးရဲ့ သီလရင် ဘွဲ့အမည်ကတော့ ဆရာလေး ဒေါ်ဉာဏ လို့ အမည်ရပါတယ်။

ခြူးလေးက လွန်ခဲ့တဲ့ ရက်ကပဲ မြင့်မြတ် သက်မွန်မြင့်တို့နဲ့အတူတူ ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင်ဇာတ်ကားကို ဂန့်ဂေါ်မြို့မှာ ရိုက်ကူးပြီး ပြန်ရောက်နေတာ ဖြစ်ပါတယ်။

ခြူးလေးကတော့ လူငယ်တစ်ယောက် ဖြစ်ပေမယ့် သင်္ကြန်မှာ အပျော်အပါး မလုပ်ပဲ ကုသိုလ်တွေ တလှေကြီး ယူနေတာ ဖြစ်ပါတယ်။ 

ပရိသတ်တွေလဲ ခြူးလေးအတွက် ဝမ်းသာကြည်နူးရင်း သာဓုခေါ်နိုင်ကြမယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Crd