လမ်းလုပ်သားတွေနဲ့အခြားလူတွေအတွက် ရာသီစာဖျော်ရည် ​လေးတိုက်ခဲ့တဲ့ စံမြန်း ….

(Zawgyi ဖြင့်​ဖတ်​ရန်​)






crd

(Unicode ဖြင့်​ဖတ်​ရန်​)

ပရိသတ်ကြီးရေ Mrtv 4မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာရလာတဲ့အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က တက်သစ်စ မင်းသမီးလေးဆိုပေမယ့် အိုင်တင် အတက်အကျတွေက အပြစ်ပြောစရာမလိုအောင် အရမ်းကောင်းပါတယ်။ဝင့်ယမုံနိုင်ရဲ့ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်လေးနဲ့ ချစ်စရာမျက်နှာလေးကလည်း အရမ်းလှတာဖြစ်လို့ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်ကို ပရိသတ်တွေက အဝင့်လေးဆိုပြီး ချစ်စနိုးခေါ်ကြပြီး အခုဆိုရင်တော့ စံမြန်းဆိုတဲ့ နာမည်လေးကို ဝင့်ယမုံနိုင်တစ်ယောက်ပိုင်ဆိုင်ထားပါပြီ။

စံမြန်းဆိုတဲ့ ဇာတ်ကောင်လေးက ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားသွားပြီး သူမကိုလည်း အရမ်းအားပေးလာကြပါတယ်။ဝင့်ယမုံနိုင်က စံမြန်း ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ အရမ်းလိုက်ဖက်ညီလွန်းလှတာဖြစ်လို့ ကျွန်မကမဟေသီ ဇာတ်လမ်းတွဲလေးက ပရိသတ်တွေကို အရမ်းဆွဲဆောင်ထားပါတယ်။

ဝင့်ယမုံနိုင်ကတော့ အခုနောက်ပိုင်းမှာ အနုပညာခြေလှမ်းတွေစိပ်လာတာကိုတွေ့ရပြီး ပရိသတ်တွေကလည်း သူမလေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အားပေးပါတယ်။အခုဆိုရင်လည်း ဝင့်ယမုံနိုင်က မြန်မာ့နှစ်ကူးအတသင်္ကြန်ပွဲတော်ကို သူများတွေနည်းတူ ပျော်ရွှင်စွာ ဆင်နွှဲနေပါတယ်။

အခုဆိုရင်လည်း သင်္ကြန်ရက်လေးမှာတောင်မနားရတဲ့ လမ်းလုပ်သားတွေနဲ့ တစ်ခြားလူတွေအတွက် ရာသီစာဖျော်ရည်လေး ဖျော်ပြီး စတုဒီသာကျွေးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။


crd