ဒီႏွစ္သႀကၤန္ အနားမွာအတူမရွိႏိုင္ေတာ့တဲ့ ခ်စ္သူကို လြမ္းဆြတ္ သတိရ တမ္းတေျကကြဲေနရွာတဲ့ နီလန္း . . .

(Zawgyiျဖင့္ ဖတ္ရန္)

ျမန္မာအိုင္ေဒါရဲ႕ Top 11 Finalist တစ္ဦးအျဖစ္ ပါဝင္ႏိုင္ခဲ့ျပီးေတာ့ ယခုအခ်ိန္မွာလည္း ဂီတေလာကမွာ ေနရာတစ္ေနရာရရွိဖုိ႔အတြက္ ၾကိဳးစားေနသူ နီလန္းဟာ ဘဝရဲ႕ အခ်ိဳးအေကြ႕တစ္ခုမွာ ေမ်ွာ္လင့္မထားတဲ့ ကံၾကမၼာတစ္ခုကို ရဲရဲရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။

ျမန္မာအိုင္ေဒါျပိဳင္ပြဲဝင္ေရာက္ယွဥ္ျပိဳင္ေနစဥ္ကာလအတြင္းမွာ သူမရဲ႕ ခ်စ္ရသူခ်စ္သူက ဘဝတပါးသုိ႔ကူးေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

ခ်စ္သူနဲ႔အတူ မနက္ျဖန္တိုင္းကို စိတ္ကူးယဥ္ပံုေဖာ္ အတူရွိခြင့္ရခ်င္တာကေတာ့ ခ်စ္သူတိုင္းရဲ႕ ဆႏၵျဖစ္မယ္လို႔ ထင္ပါတယ္ေနာ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရွင္ကြဲကြဲသြားခဲ့ရသူေတြမ်ားစြာရွိၾကေပမယ့္ နီလန္းလိုအျဖစ္မ်ိဳးကို ၾကံဳေတြ႔ရင္ဆုိင္ရမယ္ဆုိရင္ေတာ့ ခံႏိုင္ရည္အင္အားရွိႏိုင္ေလာက္မွာမဟုတ္ပါဘူး။

နီလန္းဟာ ျပိဳင္ပြဲဝင္စဥ္ကာလအတြင္းမွာ ထိုအျဖစ္ဆိုးၾကီးကို ရင္ဆိုင္ၾကံဳေတြ႔ခဲ့ျပီး ႀကံ့ႀကံ့ခံရင္ဆိုင္ခဲ့တာကိုလည္း ပရိသတ္ၾကီးျမင္ေတြ႔ၾကရမွာပါ။

ခ်စ္သူနဲ႔အတူ ျဖတ္သန္းခဲ့တဲ့ သႀကၤန္ရက္ေလးေတြဟာ သူမအတြက္ေတာ့ ေပ်ာ္ရႊင္ဖြယ္ရာအတိျဖစ္ခဲ့မွာပါပဲ။ မႏွစ္က သႀကၤန္ေလးမွာေတာ့ သူမတို႔ ခ်စ္သူ ၂ ဦး ဘယ္လိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းခဲ့လဲဆိုတာကိုေတာ့ သူမရဲ႕ လြမ္းဆြတ္ဖြယ္စာသားအခ်ိဳ႕က ေဖာ္ျပေနပါတယ္။

“April 14….. 2018 မႏွစ္က ဒီခ်ိန္ဆို သူနဲ႔ေပါ့ အရမ္းေပ်ာ္ခဲ့တာ လမ္းေလွ်ာက္ သႀကၤန္ေလးသြားၿပ္ီး ဆိုက္ကားေလးနဲ႔အိမ္ျပန္ခဲ့တဲ့အခ်ိန္ေလးကို လြမ္းတယ္ဆိုတာထက္ပိုပါတယ္ အားလံုးပဲ ေပ်ာ္ရႊင္ၾကပါေစ ”တဲ့။

ဒီႏွစ္မွာ သူမအနားဘယ္ေတာ့မွ မရွိႏိုင္ေတာ့တဲ့ လူတစ္ေယာက္ကို လြမ္းဆြတ္တမ္းတမုွေတြနဲ႔ေရးသားထားတဲ့ အမွတ္တရပံုေလးေတြဟာ ၾကည့္ျမင္ရသူေတြအဖို႔လည္း ဝမ္းနည္းမွုကို ျဖစ္ေစမွာပါေနာ္။

နီလန္းေရ ဘယ္လိုအေျခအေနပဲေရာက္ေရာက္ ေကာင္းမြန္တဲ့ဘဝတစ္ခုကို ေအာင္ေအာင္ျမင္ျမင္တည္ေဆာက္သြားႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။crd

(Unicodeျဖင့္ ဖတ္ရန္)

မြန်မာအိုင်ဒေါရဲ့ Top 11 Finalist တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ပြီးတော့ ယခုအချိန်မှာလည်း ဂီတလောကမှာ နေရာတစ်နေရာရရှိဖို့အတွက် ကြိုးစားနေသူ နီလန်းဟာ ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာ မျှော်လင့်မထားတဲ့ ကံကြမ္မာတစ်ခုကို ရဲရဲရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေစဉ်ကာလအတွင်းမှာ သူမရဲ့ ချစ်ရသူချစ်သူက ဘဝတပါးသို့ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ချစ်သူနဲ့အတူ မနက်ဖြန်တိုင်းကို စိတ်ကူးယဉ်ပုံဖော် အတူရှိခွင့်ရချင်တာကတော့ ချစ်သူတိုင်းရဲ့ ဆန္ဒဖြစ်မယ်လို့ ထင်ပါတယ်နော်။

အကြောင်းအမျိုးမျိုးကြောင့် ရှင်ကွဲကွဲသွားခဲ့ရသူတွေများစွာရှိကြပေမယ့် နီလန်းလိုအဖြစ်မျိုးကို ကြုံတွေ့ရင်ဆိုင်ရမယ်ဆိုရင်တော့ ခံနိုင်ရည်အင်အားရှိနိုင်လောက်မှာမဟုတ်ပါဘူး။

နီလန်းဟာ ပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာ ထိုအဖြစ်ဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တာကိုလည်း ပရိသတ်ကြီးမြင်တွေ့ကြရမှာပါ။

ချစ်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ သင်္ကြန်ရက်လေးတွေဟာ သူမအတွက်တော့ ပျော်ရွှင်ဖွယ်ရာအတိဖြစ်ခဲ့မှာပါပဲ။ မနှစ်က သင်္ကြန်လေးမှာတော့ သူမတို့ ချစ်သူ ၂ ဦး ဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့လဲဆိုတာကိုတော့ သူမရဲ့ လွမ်းဆွတ်ဖွယ်စာသားအချို့က ဖော်ပြနေပါတယ်။

“April 14….. 2018 မနှစ်က ဒီချိန်ဆို သူနဲ့ပေါ့ အရမ်းပျော်ခဲ့တာ လမ်းလျှောက် သင်္ကြန်လေးသွားြပ်ီး ဆိုက်ကားလေးနဲ့အိမ်ပြန်ခဲ့တဲ့အချိန်လေးကို လွမ်းတယ်ဆိုတာထက်ပိုပါတယ် အားလုံးပဲ ပျော်ရွှင်ကြပါစေ ”တဲ့။

ဒီနှစ်မှာ သူမအနားဘယ်တော့မှ မရှိနိုင်တော့တဲ့ လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတမုှတွေနဲ့ရေးသားထားတဲ့ အမှတ်တရပုံလေးတွေဟာ ကြည့်မြင်ရသူတွေအဖို့လည်း ဝမ်းနည်းမှုကို ဖြစ်စေမှာပါနော်။

နီလန်းရေ ဘယ်လိုအခြေအနေပဲရောက်ရောက် ကောင်းမွန်တဲ့ဘဝတစ်ခုကို အောင်အောင်မြင်မြင်တည်ဆောက်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။crd