သမီးေလးကို လြမ္းလြန္းလို႔ က်လာတဲ့ မ်က္ရည္ေတြဟာ ​ေၾကးနီေရာင္ လြမ္းမ်က္ရည္ေတြပါ ဆိုတဲ့ ထက္ထက္မိုးဦး ………

(Zawgyi ျဖင္​့ဖတ္​ရန္​)

မိသားစုအဆင္မေျပမွုေတြနဲ႔အတူ သမီးေလးနဲ႔ ေဝးကြာေနတဲ့ ထက္ထက္မုိးဦးကေတာ့ သမီးေလးကို လြမ္းလို႔က်လာတဲ့မ်က္ရည္နဲ႔ပတ္သက္ျပီး ခံစားခ်က္ေတြကို ေရးသားထားတာေတြ႔ရပါတယ္။

တေန႔တျခား ခ်စ္ဖုိ႔ေကာင္းလာတဲ့ သမီးေလး စစ္လြန္းဝတီထက္ဟာလည္း မိခင္ျဖစ္သူ ထက္ထက္မိုးဦးရဲ႕ ေခ်ာေမာလွပမွုအေပါင္းကို အေမြရရွိထားတဲ့ တစ္ဦးတည္းေသာ သူေလးပါ။

တေန႔တျခား အရြယ္ေရာက္လာတဲ့ သမီးေလးကိုေတာ့ မိခင္ျဖစ္တဲ့ ထက္ထက္မိုးဦးက လြမ္းဆြတ္တမ္းတေနခဲ့တာပါ။ သမီးေလးကို လြမ္းလို႔ က်လာတဲ့မ်က္ရည္ေတြဟာ သူမအတြက္ေတာ့ ေၾကးနီေရာင္ မ်က္ရည္ေတြပါဘဲလို႔ တင္စားလိုက္တာျဖစ္ပါတယ္။

“{ ေၾကးနီေရာင္ လြမ္း မ်က္ရည္ } လြမ္းတုိင္း ေမေမ့ရဲ႕ ႏွလုံးအိမ္ဟာ မီး အလၽွံ အလၽွံ ေတာက္ေနတဲ့ ဖားဖုိ အဝနားမွာထည့္ထားတဲ့ သံေတြ ခဲေတြလုိပဲ အင္မတန္ ပူပါတယ္

အဲ့ဒီ ပူတဲ့အရွိန္ေၾကာင့္ က်ခဲ့တဲ့ မ်က္ရည္ေတြ ဟာလည္း အျဖဴေရာင္ မဟုတ္ပဲ ေၾကးနီေရာင္ က်ပါတယ္ သမီး” လို႔ ခံစားခ်က္စာသားေလးကို စိတ္မေကာင္းစြာျမင္ေတြ႔ရပါတယ္။

မိခင္တစ္ေယာက္ရဲ႕ သားသမီးအေပၚလြမ္းဆြတ္ေနမယ့္ခံစားခ်က္ေလးေတြကို ဒီစာေလးဖတ္ၾကည့္ရံုနဲ႔ ကိုယ္ခ်င္းစာနာေပးႏိုင္မိမယ္လို႔ ထင္ပါတယ္။

ပရိသတ္ေတြ ခ်စ္ခင္ရတဲ့ ၊ အားက်ရတဲ့ ထက္ထက္တို႔ မိသားစုေလးလည္း အျမန္ဆံုးအဆင္ေျပဖုိ႔ ပရိသတ္ၾကီးက ေမ်ွာ္လင့္စြာနဲ႔ ဆုေတာင္းေနၾကမွာေတာ့အမွန္ပါပဲ။

ထက္ထက္ခ်စ္တဲ့ သမီးေလးနဲ႔ အျမန္ဆံုးအတူေနႏိုင္ပါေစလို႔ ပရိသတ္ၾကီးႏွင့္တကြ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

မိသားစုအဆင်မပြေမှုတွေနဲ့အတူ သမီးလေးနဲ့ ဝေးကွာနေတဲ့ ထက်ထက်မိုးဦးကတော့ သမီးလေးကို လွမ်းလို့ကျလာတဲ့မျက်ရည်နဲ့ပတ်သက်ပြီး ခံစားချက်တွေကို ရေးသားထားတာတွေ့ရပါတယ်။

တနေ့တခြား ချစ်ဖို့ကောင်းလာတဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာလည်း မိခင်ဖြစ်သူ ထက်ထက်မိုးဦးရဲ့ ချောမောလှပမှုအပေါင်းကို အမွေရရှိထားတဲ့ တစ်ဦးတည်းသော သူလေးပါ။

တနေ့တခြား အရွယ်ရောက်လာတဲ့ သမီးလေးကိုတော့ မိခင်ဖြစ်တဲ့ ထက်ထက်မိုးဦးက လွမ်းဆွတ်တမ်းတနေခဲ့တာပါ။ သမီးလေးကို လွမ်းလို့ ကျလာတဲ့မျက်ရည်တွေဟာ သူမအတွက်တော့ ကြေးနီရောင် မျက်ရည်တွေပါဘဲလို့ တင်စားလိုက်တာဖြစ်ပါတယ်။

“{ ကြေးနီရောင် လွမ်း မျက်ရည် } လွမ်းတိုင်း မေမေ့ရဲ့ နှလုံးအိမ်ဟာ မီး အလျှံ အလျှံ တောက်နေတဲ့ ဖားဖို အဝနားမှာထည့်ထားတဲ့ သံတွေ ခဲတွေလိုပဲ အင်မတန် ပူပါတယ်

အဲ့ဒီ ပူတဲ့အရှိန်ကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ ဟာလည်း အဖြူရောင် မဟုတ်ပဲ ကြေးနီရောင် ကျပါတယ် သမီး” လို့ ခံစားချက်စာသားလေးကို စိတ်မကောင်းစွာမြင်တွေ့ရပါတယ်။

မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်လွမ်းဆွတ်နေမယ့်ခံစားချက်လေးတွေကို ဒီစာလေးဖတ်ကြည့်ရုံနဲ့ ကိုယ်ချင်းစာနာပေးနိုင်မိမယ်လို့ ထင်ပါတယ်။

ပရိသတ်တွေ ချစ်ခင်ရတဲ့ ၊ အားကျရတဲ့ ထက်ထက်တို့ မိသားစုလေးလည်း အမြန်ဆုံးအဆင်ပြေဖို့ ပရိသတ်ကြီးက မျှော်လင့်စွာနဲ့ ဆုတောင်းနေကြမှာတော့အမှန်ပါပဲ။

ထက်ထက်ချစ်တဲ့ သမီးလေးနဲ့ အမြန်ဆုံးအတူနေနိုင်ပါစေလို့ ပရိသတ်ကြီးနှင့်တကွ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd