ကိုရီးယားမွာအလုပ္သြားလုပ္တုန္းက သူမ်ားအသက္ကယ္ခဲ့ဖူးတာကုိေျပာျပတဲ့ ေနမင္း ……

(Zawgyi ျဖင္​့ဖတ္​ရန္​)

ေနမင္းဟာဆိုရင္ ပရိသတ္အားေပးမႈရရွိထားတဲ့ မင္းသားတစ္လက္လည္းျဖစ္သလို ေအာင္ျမင္တဲ့သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ေနမင္းက သူတပါးကုိလည္းကူညီတတ္သူတစ္ဦးပါ။

​ေနမင္းက မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ ကုိရီးယားမွာအလုပ္သြားလုပ္စဥ္က သူမ်ားအသက္ကယ္ခဲ့ဖူးတဲ့အေၾကာင္းနဲ႔မထင္မွတ္ပဲအက်ိဳးျပန္္ခံစားရတဲ့အေၾကာင္းေတြကုိေျပာျပသြားပါတယ္။

ေနမင္းက ကိုရီးယားမွာအလုပ္လုပ္တုန္းက လုပ္ေဖာ္ကုိင္ဖက္တစ္ဦးကုိအသက္ကယ္ေပးခဲ့ဖူးေၾကာင္း “ကြ်န္ေတာ္တို႔စက္ရံုမွာ အဲဒီအစ္ကုိက လက္ျပတ္သြားတယ္။ လက္ျပတ္သြားေတာ့ ကြ်န္ေတာ္သူ႔လက္ကုိျပန္ဆက္ဖို႔ၾကိဳးစားတာေပ့ါေနာ္။

ၾကိဳးစားတယ္ဆိုတာ သူ႔လက္ကုိခ်က္ခ်င္းပဲျဖစ္ျဖစ္ခ်င္းပဲ ပခံုးေပၚထမ္းျပီးသြားတယ္။သူေဌးကလည္း ဂိမ္းေဆာ့ေနတာ။ အဲဒီအခ်ိန္တုန္းက ကြ်န္ေတာ္တို႔အလုပ္သမားေတြဘဝက သိတဲ့အတိုင္းပဲ သူေဌးကလည္းအဲေလာက္ၾကီးမရွိေတာ့ ကုိယ့္္ဟာကိုယ္သူ႔ကုိထမ္းပုိးျပီး နီးစပ္ရာေဆးရံုကိုေရာက္တယ္။ လက္ေအာ္ပေရးရွင္းလုပ္ဘာညာေပါ့”လို႔ ေျပာျပထားပါတယ္။

အဲဒီိလုိအသက္ကယ္ေပးျပီး ဒုကၡေရာက္ေနခဲ့ရေၾကာင္းကုိလည္း “အဲဒီမွာ အဲဒီအစ္ကုိကေတာ့ သက္သာသြားတာေပါ့ေနာ္။ မနက္သံုးနာရီေလးနာရီေလာက္ထိ အေရးေပၚထဲမွာ။ ကြ်န္ေတာ္ကက်ေတာ့ တစ္ေန႔လံုးလည္းသန္႔ရွင္းေရးလုပ္ထားတယ္။

ဘာမွလည္းမပါဘူး။ ပုိက္ဆံအိတ္လည္းမပါ ဖုန္းလည္းမပါ အဲ့လိုမ်ိဳးျဖစ္ျပီးသူ႔ေဘးနားမွာ ငုတ္တုတ္ေလးထုိင္ေစာင့္ေနတာ။ ကိုယ္က အသားကုန္ဗိုက္ေတြကလည္းဆာေနျပီ။ ေပတလူးလည္းညစ္ပတ္ေနျပီ။

ဆာလိုက္ ေရထေသာက္္လုိက္။ ေရထေသာက္တဲ့အခ်ိန္မွာလည္း ကုိယ္ေတြျမန္္မာျပည္မွာလို ေရအိုးစင္္က မရွိဘူး။ မရွိေတာ့ ေရဘူးဝယ္တာနဲ႔ ပါသြားတဲ့ပို္က္ဆံေလးကလည္းကုန္သြားတာေပါ့”လို႔ သနားစရာျပန္ေျပာင္းေျပာျပထားပါတယ္။

ဒါေပမယ့္္ေနမင္းက အဲဒီအခ်ိန္မွာမ်က္ရည္ဝဲစရာၾကင္နာမႈေတြခံခဲ့ရတယ္လို႔သိရပါတယ္။ အဲဒီအေၾကာင္းကို “အဲဒီမွာ အေရးေပၚခန္းထဲမွာလူနာငါးေယာက္္ေလာက္ရွိတာေပါ့ဗ်ာ။ အဲဒီမွာ ကေလးေလးတစ္ေယာက္္ရဲ႕ အေမလည္းရွိတယ္။ အဖြားလည္းရွိတယ္ေပါ့ေနာ္။

အဲဒီမွာသူတို႔ေတြက ကြ်န္ေတာ့္ကုိဘယ္အခ်ိန္ကတည္းက ၾကည့္ေနလဲကြ်န္ေတာ္မသိဘူးေပါ့ေနာ္။ အဲဒီမွာလူတစ္ေယာက္က အလုပ္သြားခါနီး သူ႔မိန္းမနဲ႔ကေလးဆီကုိ မုန္႔လာပို႔တာေပါ့ေနာ္။ လာပုိ႔ေတာ့ အဲဒီအစ္မက ကြ်န္ေတာ့္္ကုိပခံုးေလးပုတ္ျပီးေတာ့ ဒီမုန္႔ေလးစားမလားဆိုုျပီးလာေပးတယ္။

ကြ်န္ေတာ္အရမ္းေပ်ာ္သြားတယ္။အဲဒီအခ်ိန္မွာ။ သူလာေပးတဲဲ့မုန္႔က ကုိယ္လည္းအရမ္းဆာျပီး စားေတာ့ ေနာက္ကအဖြားက သနားသြားတယ္ထင္တယ္။မုန္႔လာေပးတယ္။ ဆာဆာနဲဲ႔စားတာေပ့ါ။

သူတို႔ကုိယ့္ကုိဘယ္လိုၾကည့္ေနလဲလည္းမသိဘူး။ သတိရေတာ့မွ သူတို႔အားလံုးက ကြ်န္ေတာ့္ကုိသနားစရာသတၱဝါေလးလို ငတ္ေနတဲ့လူလို သူေတာင္းစားေလးလိုၾကည့္ေနေတာ့မွ အဲဒီေတာ့မွငုိခ်င္စိတ္ေပါက္သြားတာ။ အဲဒီလိုခံစားခဲ့ရတယ္”လို႔ ရင္ဖြင့့္ထားပါတယ္။

အဲဒီလိုဒုကၡခံျပီးကူညီခဲ့တဲ့အက်ိဳးေက်းဇူးကုိ ေနာက္ပုိုင္းမွာျပန္ခံစားခဲ့ရပံုေတြကုိ “အဲဒီအက်ိဳးကဘယ္မွာျပန္ခံစားရလဲဆိုေတာ့ တစ္နွစ္ေက်ာ္ေလာက္ၾကာေတာ့ ကြ်န္ေတာ့္္သူငယ္ခ်င္းနဲ႔ကြ်န္ေတာ္နဲ႔က ေငြလႊဲကုိ္င္္တယ္။ ဆိုင္ျပန္ဖြင့္တယ္။ အဲဒီမွာ အဲဒီအစ္ကုိနဲ႔ အျခားသူေတြက သူတို႔လစာထုတ္တာနဲ႔ ကြ်န္ေတာ့္ကတ္ထဲကုိေငြေတြလွမ္းထည့္ေပးလိုက္ၾကတယ္။

သူတို႔မလႊဲခင္ေတာင္မွ။အဲဒီေငြေတြနဲ႔ ကြ်န္ေတာ္က ဒီဘက္ကလုပ္ငန္းေတြကုိျပန္ျပီးလည္ပတ္လို႔ရလာတယ္။ ရလာေတာ့ ဒီလုပ္ငန္းတစ္ခုကုိကြ်န္ေတာ္က လြယ္လြယ္ကူကူနဲ႔ အဆင္ေျပေအာင္လုပ္နုိင္ခဲ့တယ္ေပါ့။

ကုိယ္ကေတာ့ ရည္ရြယ္ခ်က္မရွိဘူး။ ကူညီခဲ့လိုက္တာပဲ။ ဒါေပမယ့္ အဲဒီေက်းဇူးက တစ္ခ်ိန္ခ်ိန္မွာျပန္ျပီးသက္္ေရာက္တယ္ဆိုတာေလးကုိကြ်န္ေတာ္ေျပာခ်င္တာပါ။ ဟုတ္”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ၾကီးေရာ သူမ်ားအက်ိဳးေဆာင္ကုိယ့္အက်ိဳးေအာင္တယ္ဆိုတာကုိ ယံုၾကည္ၾကလား။ ေနမင္းကုိေရာခ်စ္ၾကလား။ ေနမင္းရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကိုေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

နေမင်းဟာဆိုရင် ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသားတစ်လက်လည်းဖြစ်သလို အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ နေမင်းက သူတပါးကိုလည်းကူညီတတ်သူတစ်ဦးပါ။

နေမင်းက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ကိုရီးယားမှာအလုပ်သွားလုပ်စဉ်က သူများအသက်ကယ်ခဲ့ဖူးတဲ့အကြောင်းနဲ့မထင်မှတ်ပဲအကျိုးပြန်ခံစားရတဲ့အကြောင်းတွေကိုပြောပြသွားပါတယ်။

နေမင်းက ကိုရီးယားမှာအလုပ်လုပ်တုန်းက လုပ်ဖော်ကိုင်ဖက်တစ်ဦးကိုအသက်ကယ်ပေးခဲ့ဖူးကြောင်း “ကျွန်တော်တို့စက်ရုံမှာ အဲဒီအစ်ကိုက လက်ပြတ်သွားတယ်။ လက်ပြတ်သွားတော့ ကျွန်တော်သူ့လက်ကိုပြန်ဆက်ဖို့ကြိုးစားတာပေ့ါနော်။

ကြိုးစားတယ်ဆိုတာ သူ့လက်ကိုချက်ချင်းပဲဖြစ်ဖြစ်ချင်းပဲ ပခုံးပေါ်ထမ်းပြီးသွားတယ်။သူဌေးကလည်း ဂိမ်းဆော့နေတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့အလုပ်သမားတွေဘဝက သိတဲ့အတိုင်းပဲ သူဌေးကလည်းအဲလောက်ကြီးမရှိတော့ ကိုယ့််ဟာကိုယ်သူ့ကိုထမ်းပိုးပြီး နီးစပ်ရာဆေးရုံကိုရောက်တယ်။ လက်အော်ပရေးရှင်းလုပ်ဘာညာပေါ့”လို့ ပြောပြထားပါတယ်။

အဲဒီလိုအသက်ကယ်ပေးပြီး ဒုက္ခရောက်နေခဲ့ရကြောင်းကိုလည်း “အဲဒီမှာ အဲဒီအစ်ကိုကတော့ သက်သာသွားတာပေါ့နော်။ မနက်သုံးနာရီလေးနာရီလောက်ထိ အရေးပေါ်ထဲမှာ။ ကျွန်တော်ကကျတော့ တစ်နေ့လုံးလည်းသန့်ရှင်းရေးလုပ်ထားတယ်။

ဘာမှလည်းမပါဘူး။ ပိုက်ဆံအိတ်လည်းမပါ ဖုန်းလည်းမပါ အဲ့လိုမျိုးဖြစ်ပြီးသူ့ဘေးနားမှာ ငုတ်တုတ်လေးထိုင်စောင့်နေတာ။ ကိုယ်က အသားကုန်ဗိုက်တွေကလည်းဆာနေပြီ။ ပေတလူးလည်းညစ်ပတ်နေပြီ။

ဆာလိုက် ရေထသောက်လိုက်။ ရေထသောက်တဲ့အချိန်မှာလည်း ကိုယ်တွေမြန်မာပြည်မှာလို ရေအိုးစင်က မရှိဘူး။ မရှိတော့ ရေဘူးဝယ်တာနဲ့ ပါသွားတဲ့ပိုက်ဆံလေးကလည်းကုန်သွားတာပေါ့”လို့ သနားစရာပြန်ပြောင်းပြောပြထားပါတယ်။

ဒါပေမယ့််နေမင်းက အဲဒီအချိန်မှာမျက်ရည်ဝဲစရာကြင်နာမှုတွေခံခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအကြောင်းကို “အဲဒီမှာ အရေးပေါ်ခန်းထဲမှာလူနာငါးယောက်လောက်ရှိတာပေါ့ဗျာ။ အဲဒီမှာ ကလေးလေးတစ်ယောက်ရဲ့ အမေလည်းရှိတယ်။ အဖွားလည်းရှိတယ်ပေါ့နော်။

အဲဒီမှာသူတို့တွေက ကျွန်တော့်ကိုဘယ်အချိန်ကတည်းက ကြည့်နေလဲကျွန်တော်မသိဘူးပေါ့နော်။ အဲဒီမှာလူတစ်ယောက်က အလုပ်သွားခါနီး သူ့မိန်းမနဲ့ကလေးဆီကို မုန့်လာပို့တာပေါ့နော်။ လာပို့တော့ အဲဒီအစ်မက ကျွန်တော့််ကိုပခုံးလေးပုတ်ပြီးတော့ ဒီမုန့်လေးစားမလားဆိုုပြီးလာပေးတယ်။

ကျွန်တော်အရမ်းပျော်သွားတယ်။အဲဒီအချိန်မှာ။ သူလာပေးတဲ့မုန့်က ကိုယ်လည်းအရမ်းဆာပြီး စားတော့ နောက်ကအဖွားက သနားသွားတယ်ထင်တယ်။မုန့်လာပေးတယ်။ ဆာဆာနဲ့စားတာပေ့ါ။

သူတို့ကိုယ့်ကိုဘယ်လိုကြည့်နေလဲလည်းမသိဘူး။ သတိရတော့မှ သူတို့အားလုံးက ကျွန်တော့်ကိုသနားစရာသတ္တဝါလေးလို ငတ်နေတဲ့လူလို သူတောင်းစားလေးလိုကြည့်နေတော့မှ အဲဒီတော့မှငိုချင်စိတ်ပေါက်သွားတာ။ အဲဒီလိုခံစားခဲ့ရတယ်”လို့ ရင်ဖွင့့်ထားပါတယ်။

အဲဒီလိုဒုက္ခခံပြီးကူညီခဲ့တဲ့အကျိုးကျေးဇူးကို နောက်ပိုင်းမှာပြန်ခံစားခဲ့ရပုံတွေကို “အဲဒီအကျိုးကဘယ်မှာပြန်ခံစားရလဲဆိုတော့ တစ်နှစ်ကျော်လောက်ကြာတော့ ကျွန်တော့််သူငယ်ချင်းနဲ့ကျွန်တော်နဲ့က ငွေလွှဲကိုင်တယ်။ ဆိုင်ပြန်ဖွင့်တယ်။ အဲဒီမှာ အဲဒီအစ်ကိုနဲ့ အခြားသူတွေက သူတို့လစာထုတ်တာနဲ့ ကျွန်တော့်ကတ်ထဲကိုငွေတွေလှမ်းထည့်ပေးလိုက်ကြတယ်။

သူတို့မလွှဲခင်တောင်မှ။အဲဒီငွေတွေနဲ့ ကျွန်တော်က ဒီဘက်ကလုပ်ငန်းတွေကိုပြန်ပြီးလည်ပတ်လို့ရလာတယ်။ ရလာတော့ ဒီလုပ်ငန်းတစ်ခုကိုကျွန်တော်က လွယ်လွယ်ကူကူနဲ့ အဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်ပေါ့။

ကိုယ်ကတော့ ရည်ရွယ်ချက်မရှိဘူး။ ကူညီခဲ့လိုက်တာပဲ။ ဒါပေမယ့် အဲဒီကျေးဇူးက တစ်ချိန်ချိန်မှာပြန်ပြီးသက်ရောက်တယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တာပါ။ ဟုတ်”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော သူများအကျိုးဆောင်ကိုယ့်အကျိုးအောင်တယ်ဆိုတာကို ယုံကြည်ကြလား။ နေမင်းကိုရောချစ်ကြလား။ နေမင်းရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
crd