သိပ္မ႐ွက္တတ္ဘူးဆုိရင္ ….. ဝတ္ခ်င္တာဝတ္လုိ႔ရတယ္ဆုိတဲ့ ဆုိဖီယာ ………

(Zawgyi ျဖင္​့ဖတ္​ရန္​)

Myanmar Idol Season 1ရဲ႕ ျပဳိင္ပြဲဝင္တစ္ဦးျဖစ္သလုိအခုအခ်ိန္မွာလည္း သီခ်င္းေခြေတြ ထြက္႐ွိေနၿပီး ပရိသတ္အားေပးမႈေတြကုိ

အမ်ားအျပားရ႐ွိေနတဲ့ ေတးသံ႐ွင္ ဆုိဖီယာကေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ေနပ်က္ေန ၾကတဲ့ ဖက္႐ွင္ပုံစံေတြ သူၾကဳိက္တဲ့ ဖက္႐ွင္ေလးေတြကုိ mediaတစ္ခုရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆုိသြားခဲ့ပါတယ္။

ဆုိဖီယာက “အဓိကေတာ့ ကုိယ္ဝတ္ရင္ေတာ့ ကုိယ့္ဖက္႐ွင္ပဲေပါ့ေနာ္။ ႐ုိင္းေအာင္ပဲ ဝတ္ဝတ္ ယဥ္ေက်းေအာင္ပဲ ဝတ္ဝတ္ ဒါကေတာ့ ကုိယ့္ရဲ႕ အၾကဳိက္ေပၚမွာ မူတည္တယ္။

လူတစ္အေယာက္နဲ႔တစ္ေယာက္က မတူဘူးေပါ့ေနာ္ ကုိယ့္Versionကုိယ္သြားတာဆုိေတာ့ ဆုိဖီယာအေနနဲ႔ကေတာ့ ဆက္​စီ ျဖစ္တာကုိ မၾကဳိက္ဘူး။

ဆုိဖီယာက အဲ့လုိ Classic ျဖစ္ၿပီး Smart ျဖစ္တာမ်ိဴးေတြကုိ သေဘာက်တယ္ အဲ့ေတာ့ ကုိယ္ကုိတုိင္က႐ုိင္းတဲ့ဘက္မသြားဘဲနဲ႔ ဒီလုိေလး Classic ျဖစ္တဲ့ အပုိင္းကုိ ပုိၿပီးေတာ့ သြားျဖစ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အဝတ္အစားေတြဝတ္ရင္ ႏုိင္ငံျခားနဲ႔ ယွဥ္ၿပီ ေဝဖန္မႈေတြ အေပၚ ဆုိဖီယာက “အဓိက အဲ့လုိ မေျပာခင္မွာ ေျပာတဲ့လူေတြကုိ သိေစခ်င္တာ တစ္ခုက ဆုိဖီယာတုိ႔ ႏုိင္ငံက ျမန္မာႏုိင္ငံေပါ့ေနာ္ Europe လည္းမဟုတ္ဘူး

US လည္းမဟုတ္ဘူး UK လည္း မဟုတ္ဘူး ဒီမွာ ႐ွိတဲ့ ဖက္႐ွင္ပဲ ျဖစ္ျဖစ္ Music ပဲျဖစ္ျဖစ္ အားလုံးက ဆုိဖီယာတုိ႔က တစ္ျခားႏုိင္ငံကုိ အားကုိးၿပီး သူတုိ႔ ဘယ္လုိလုပ္လဲဆုိတာကုိ လုိက္ၿပီး

အတုယူၿပီး ၾကဳိးစားေနတဲ့ အခ်ိန္ေလ အဲ့ၾကဳိးစားေနတဲ့ အခ်ိန္ ႀကီးမွာ မတူေအာင္လုပ္ဖုိ႔ မလြယ္ပါဘူး မတူေအာင္လုပ္ႏုိင္ရင္ေတာ့ Perfectေပါ့ေနာ္။

ဒါေပမဲ့ အဲ့လုိမ်ိဳး လုိက္တုၿပီးေတာ့ ခ်ဳပ္ႏုိင္ေအာင္ လုိက္တုၿပီးေတာ့ ဝတ္ႏုိင္ေအာင္ပဲ အရင္ၾကဳိးစားက်ိပါဦး မလြယ္ပါဘူး အဲ့တာႀကီးက အရမ္းခက္တယ္။ ဆုိဖီယာဆုိလည္း အျမဲတမ္းပဲ ခိုင္လီတုိ႔ ဘာဝတ္လဲ ဆုိတာကုိ အျမဲလုိက္ၾကည့္ျဖစ္တယ္။

အဲ့လုိ ဆင္တူဝတ္တာေတြ ေဟာ့ေ႐ွာ့ဝတ္တာေတြကုိ ဆုိဖီယာကေတာ့ ဘယ္ေတာ့ အထင္မေသးဘူး။ ဆုိဖီယာတုိ႔က အတုယူေနတဲ့ ေခတ္ျဖစ္ေနတာကုိ ျမန္မာႏုိင္ငံဆုိေတာ့ ဒီလုိပဲသြားမွာပဲ။

ျမန္မာႏုိင္ငံဆုိတဲ့ အေနနဲ႔ကေတာ့ ဟုိးအရင္ထဲက လုံလုံုျခဳံျခံဳဝတ္ရမယ္ဆုိတာ လူႀကီးေတြရဲ႕အေတြးထဲမွာ ပါသြားၿပီဆုိေတာ့ အတတ္ႏုိင္ဆုံး အေျပာမခံရေအာင္ေနမယ္ဆုိရင္ေတာ့ လုံုလုံျခဳံျခဳံဝတ္ၾကေပါ့။

တကယ္လုိ႔ ဘယ္သူမွဂ႐ုမစုိက္ဘူးဆုိေတာ့လည္း ကုိယ္ကုိယ္တုိင္လည္း သိပ္ၿပီးေတာ့ မ႐ွက္တတ္ဘူးဆုိရင္ေတာ့ ဝတ္ခ်င္တာဝတ္လုိ႔ရပါတယ္။

ဆုိဖီယာက အဲ့လုိႀကီး ဘယ္သူက ဘယ္လုိႀကီး ဝတ္္တယ္ဆုိၿပီး အျပစ္လည္း မျမင္ဘူး ဘာလုိ႔လဲဆုိေတာ့ တစ္ျခားႏုိင္ငံမွာက်ေတာ့ေလ လူတစ္ေယာက္ကုိ အျပစ္ျမင္ဖုိ႔ထက္ကုိ သူဘယ္လုိဒီအတြက္ကုိ ၾကဳိးစားလာလဲ သူဘယ္လုိပြဲအတြက္ကုိ လုပ္လာလဲ။

ဘယ္လုိ အုိင္ဒီယာေတြ လုပ္လာလဲ ဘယ္သီခ်င္းကုိ ဘယ္လုိဖန္တီးထားလဲ ဒါမ်ိဳးေတြကုိပဲ သူတုိ႔ ၾကည့္ုၾကတာ တစ္ျခားႏုိင္ငံက ပရိသတ္ေတြက။ ဒီမွာ ႐ွိတဲ့ လူတစ္ခ်ိဳ႕ကက်ေတာ့ ဘယ္လုိလဲဆုိေတာ့ အရင္ဆုံးအျပစ္ျမင္ဖုိ႔က ပထမဆုံးပါပဲ။

Everything White ဆုိရင္ေတာင္မွ Black တစ္စက္႐ွိတာေလးကုိ အရင္စျမင္ၾကတဲ့ သူေတြ႐ွိတယ္။ မေကာင္းတာေတာ့ မေကာင္းဘူးေပါ့ ဒါေပမဲ့လည္း သူဘယ္လုိၾကဳိးစားလာတယ္ဆုိၿပီး ခ်ီးမြမ္း တဲ့အေနနဲ႔ ေျပာေစခ်င္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

Myanmar Idol Season 1ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလိုအခုအချိန်မှာလည်း သီချင်းခွေတွေ ထွက်ရှိနေပြီး ပရိသတ်အားပေးမှုတွေကို

အများအပြားရရှိနေတဲ့ တေးသံရှင် ဆိုဖီယာကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေပျက်နေ ကြတဲ့ ဖက်ရှင်ပုံစံတွေ သူကြိုက်တဲ့ ဖက်ရှင်လေးတွေကို mediaတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဆိုဖီယာက “အဓိကတော့ ကိုယ်ဝတ်ရင်တော့ ကိုယ့်ဖက်ရှင်ပဲပေါ့နော်။ ရိုင်းအောင်ပဲ ဝတ်ဝတ် ယဉ်ကျေးအောင်ပဲ ဝတ်ဝတ် ဒါကတော့ ကိုယ့်ရဲ့ အကြိုက်ပေါ်မှာ မူတည်တယ်။

လူတစ်အယောက်နဲ့တစ်ယောက်က မတူဘူးပေါ့နော် ကိုယ့်Versionကိုယ်သွားတာဆိုတော့ ဆိုဖီယာအနေနဲ့ကတော့ ဆက်စီ ဖြစ်တာကို မကြိုက်ဘူး။

ဆိုဖီယာက အဲ့လို Classic ဖြစ်ပြီး Smart ဖြစ်တာမျိူးတွေကို သဘောကျတယ် အဲ့တော့ ကိုယ်ကိုတိုင်ကရိုင်းတဲ့ဘက်မသွားဘဲနဲ့ ဒီလိုလေး Classic ဖြစ်တဲ့ အပိုင်းကို ပိုပြီးတော့ သွားဖြစ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အဝတ်အစားတွေဝတ်ရင် နိုင်ငံခြားနဲ့ ယှဉ်ပြီ ဝေဖန်မှုတွေ အပေါ် ဆိုဖီယာက “အဓိက အဲ့လို မပြောခင်မှာ ပြောတဲ့လူတွေကို သိစေချင်တာ တစ်ခုက ဆိုဖီယာတို့ နိုင်ငံက မြန်မာနိုင်ငံပေါ့နော် Europe လည်းမဟုတ်ဘူး

US လည်းမဟုတ်ဘူး UK လည်း မဟုတ်ဘူး ဒီမှာ ရှိတဲ့ ဖက်ရှင်ပဲ ဖြစ်ဖြစ် Music ပဲဖြစ်ဖြစ် အားလုံးက ဆိုဖီယာတို့က တစ်ခြားနိုင်ငံကို အားကိုးပြီး သူတို့ ဘယ်လိုလုပ်လဲဆိုတာကို လိုက်ပြီး

အတုယူပြီး ကြိုးစားနေတဲ့ အချိန်လေ အဲ့ကြိုးစားနေတဲ့ အချိန် ကြီးမှာ မတူအောင်လုပ်ဖို့ မလွယ်ပါဘူး မတူအောင်လုပ်နိုင်ရင်တော့ Perfectပေါ့နော်။

ဒါပေမဲ့ အဲ့လိုမျိုး လိုက်တုပြီးတော့ ချုပ်နိုင်အောင် လိုက်တုပြီးတော့ ဝတ်နိုင်အောင်ပဲ အရင်ကြိုးစားကျိပါဦး မလွယ်ပါဘူး အဲ့တာကြီးက အရမ်းခက်တယ်။ ဆိုဖီယာဆိုလည်း အမြဲတမ်းပဲ ခိုင်လီတို့ ဘာဝတ်လဲ ဆိုတာကို အမြဲလိုက်ကြည့်ဖြစ်တယ်။

အဲ့လို ဆင်တူဝတ်တာတွေ ဟော့ရှော့ဝတ်တာတွေကို ဆိုဖီယာကတော့ ဘယ်တော့ အထင်မသေးဘူး။ ဆိုဖီယာတို့က အတုယူနေတဲ့ ခေတ်ဖြစ်နေတာကို မြန်မာနိုင်ငံဆိုတော့ ဒီလိုပဲသွားမှာပဲ။

မြန်မာနိုင်ငံဆိုတဲ့ အနေနဲ့ကတော့ ဟိုးအရင်ထဲက လုံလုံခြုံခြုံဝတ်ရမယ်ဆိုတာ လူကြီးတွေရဲ့အတွေးထဲမှာ ပါသွားပြီဆိုတော့ အတတ်နိုင်ဆုံး အပြောမခံရအောင်နေမယ်ဆိုရင်တော့ လုံလုံခြုံခြုံဝတ်ကြပေါ့။

တကယ်လို့ ဘယ်သူမှဂရုမစိုက်ဘူးဆိုတော့လည်း ကိုယ်ကိုယ်တိုင်လည်း သိပ်ပြီးတော့ မရှက်တတ်ဘူးဆိုရင်တော့ ဝတ်ချင်တာဝတ်လို့ရပါတယ်။

ဆိုဖီယာက အဲ့လိုကြီး ဘယ်သူက ဘယ်လိုကြီး ဝတ်တယ်ဆိုပြီး အပြစ်လည်း မမြင်ဘူး ဘာလို့လဲဆိုတော့ တစ်ခြားနိုင်ငံမှာကျတော့လေ လူတစ်ယောက်ကို အပြစ်မြင်ဖို့ထက်ကို သူဘယ်လိုဒီအတွက်ကို ကြိုးစားလာလဲ သူဘယ်လိုပွဲအတွက်ကို လုပ်လာလဲ။

ဘယ်လို အိုင်ဒီယာတွေ လုပ်လာလဲ ဘယ်သီချင်းကို ဘယ်လိုဖန်တီးထားလဲ ဒါမျိုးတွေကိုပဲ သူတို့ ကြည့်ုကြတာ တစ်ခြားနိုင်ငံက ပရိသတ်တွေက။ ဒီမှာ ရှိတဲ့ လူတစ်ချို့ကကျတော့ ဘယ်လိုလဲဆိုတော့ အရင်ဆုံးအပြစ်မြင်ဖို့က ပထမဆုံးပါပဲ။

Everything White ဆိုရင်တောင်မှ Black တစ်စက်ရှိတာလေးကို အရင်စမြင်ကြတဲ့ သူတွေရှိတယ်။ မကောင်းတာတော့ မကောင်းဘူးပေါ့ ဒါပေမဲ့လည်း သူဘယ်လိုကြိုးစားလာတယ်ဆိုပြီး ချီးမွမ်း တဲ့အနေနဲ့ ပြောစေချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
Crd