ခမ်းနားလှတဲ့ အမိုက်​စား ဘားကြီး ဖွင့်​လိုက်​တဲ့ စန္ဒီမြင့်လွင်​တို့ ဇနီး​မောင်​နှံ ………..

(Zawgyi ဖြင့်​ဖတ်​ရန်​)




ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်​တို့ရဲ့ Bart Bar ဖွင့်​ပွဲမှပုံရိပ်​​တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။





Crd

(Unicode ဖြင့်​ဖတ်​ရန်​)

စကားပြောရင် အရမ်းကိုချစ်စရာကောင်းတဲ့ အဆိုတော်မင်းသမီးလေး စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စန္ဒီမြင့်လွင်က ၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ်မှာ အမိုက်စားဘားကြီး ဖွင့်လှစ်လိုက်တဲ့အကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးလိုက်တာ တွေ့ရပါတယ်။

ထူးခြားတဲ့ အပြင်အဆင်နဲ့ အမိုက်စားဖန်တီးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ Bart Bar ကတော့ အရမ်းကို သွားချင်စဖွယ်လေးဖြစ်လို့နေတာပါနော်။

ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ဖွင့်ပွဲမှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

စန္ဒီမြင့်လွင်ကတော့ “Bart Bar opening ceremony 🍾လာရောက်အားပေးလို့ရပါပီရှင်🥂 ၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ် အောက်ဘလောက်🤩” ဆိုပြီး ဘားဖွင့်ပွဲက ပုံလေးနဲ့တကွ သူမရဲ့လူမှုကွန်ယက်မှာ တင်ထားခဲ့တာပါ။

စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ဖွင့်ပွဲကိုတော့ ချစ်ရခင်ရတဲ့ အနုပညာရှင်တွေကလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။

စန္ဒီမြင့်လွင်နဲ့ သီဟလွင်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးကို အတူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး စီးပွားရေးပိုင်းမှာလည်း ကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။ စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာ သမီးလေးတစ်ယောက်ပိုင်ဆိုင်တော့မယ့် မေမေဖြစ်တော့မှာပါ။

ချစ်ပရိသတ်တွေလည်း အမိုက်စား ဘားကြီးဖွင့်လိုက်ပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကို ဂုဏ်ပြုစကားလေးတွေပြောသွားကြဖို့ မမေ့ပါနဲ့နော်။
Crd