ျခိမ္႔ေကကို အေပၚ အျမင္ကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပတဲ႔ ထ်န္ပါး …..

(Zawgyi ျဖင္​့ဖတ္​ရန္​)

အက်ီၤဒီဇိုင္းအဆန္းၾကီးေတြ သီဆိုမႈပံု အဆန္းၾကီးေတြ သီခ်င္းအဆန္းၾကီးေတြ အဆန္းတကာ့အဆန္းဆံုးေတြကို ပရိသတ္ေတြကို ခ်ျပျပီး ပရိသတ္ အားေပးမႈကို ရရွိထားတဲ့ အဆိုေတာ္ ထ်န္ပါးတေယာက္ကိုေတာ့ အားလံုးသတိထားမိၾကမွာပါ။

ထြက္လာတဲ့သီခ်င္းတိုင္း ဆန္းဆန္းျပားျပားေလး ျဖစ္ျပီး ဖက္ရွင္ေတြကလည္း တျခားသူေတြနဲ႔ လံုးဝကို မတူေအာင္ ဝတ္ျပႏိုင္တဲ့ အဆိုေတာ္ ထ်န္ပါးကေတာ့ သူၾကိဳက္တာေလးေတြ သူ႔ရဲ့လွ်ိဳ႔ဝွက္ခ်က္ေလးေတြကိုေတာ့ ပရိသတ္ေတြကို ေျပာျပသြားခဲ့ပါတယ္။

ထ်န္ပါးကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးမွာေတာ့ လက္ရွိအသက္နဲ႔ ႏုပ်ိဳေနတာနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ အသက္ ၅၀ ျပည့္ေတာ့မွာပါ။

ဒါကေတာ့ ဘုရားသခင္ရဲ့ အလုိေတာ္လို႔ပဲ ထင္တယ္။ စိတ္ထဲမွာ စိတ္ညစ္စရာေတြဆို ဘယ္ေတာ့မွ မထားဘူး။ ေပ်ာ္ေပ်ာ္ပဲ ေနတတ္တယ္။ ေန႔တိုင္းက်မ္းစာဖတ္တယ္။ အစပ္ေတြ အခ်ဳိေတြ အငံေတြ ေရွာင္တယ္။ ေရေတာ့မ်ားမ်ားေသာက္တယ္”

ဖက္ရွင္ပိုင္းနဲ႔ ပတ္သက္ျပီး “ဖက္ရွင္ပိုင္းကေတာ့ ကိုယ့္ဟာနဲ ကိုယ္ဖန္တီးျပီးေတာ့ ဝတ္ပါတယ္။ အရင္တုန္းက ကမာၻေက်ာ္ အဲ့ဗစ္ပရက္စေလ သူ႔ရဲ့ဖက္ရွင္က ခုခ်ိိန္မွာၾကည့္မယ္ဆိုရင္ေတာင္ မရိုးႏိုင္ေသးဘူးဗ်ာ။

ျပီးေတာ့ မိုက္ကယ္ဂ်က္ဆင္ ျပီးေတ့ာ ဂန္းနန္းစတိုင္လ္ သူတို႔ဟာ ဘယ္လိုပဲ ေဝဖန္ေဝဖန္ သူ႔ဟာနဲ႔သူလိုက္ေနတာပါပဲ။ ကြ်န္ေတာ္က အဲ့လိုၾကည့္ျပီးေတ့ာ ကုိယ့္ဟာနဲ႔ကိုယ္ဖန္တီးျပီး ကိုယ့္ဟာနဲ႔ကိုယ္ ဝတ္မွ အဆင္ေျပမယ္လို႔ ထင္ျပီးေတာ့ ဒီလိုဝတ္ျဖစ္တာပါ”

အကို႔ရဲ့ အိုင္ေဒါလ္ ဟီးရိုးေတြနဲ႔ ပတ္သက္ျပီး ဘယ္သူေတြ ျဖစ္မလဲဆိုတဲ့အေပၚမွာေတာ့ “ဖက္ရွင္နဲ႔ပတ္သက္ရင္ေတာ့ သူတို႔သံုးေယာက္ပဲ။

မိန္းကေလးမွာကေတာ့ ေလဒီဂါဂါ ပါဗ်ာ။ သူျပီးရင္ေတာ့ ျမန္မာျပည္မွာဆိုရင္ျဖဴျဖဴေက်ာ္သိန္းပါဗ်ာ။ ကြ်န္ေတာ္အမွန္တိုင္းေျပာမယ္ဆိုရင္ မႏၱေလးမွာ ကြ်န္ေတာ္ရိႈးဆိုတုန္းက ေအာက္က လူေတြက ပုဆိုးပါကြ်တ္ေတာ့မလိုလိုနဲ႔ ခုန္ေပါက္ျပီး အားေပးၾကတာဗ်ာ။ Performance ကအစ ဖက္ရွင္က အစ အကုန္အေရးၾကီးပါတယ္”

ဂီတနဲ႔ ပတ္သက္ျပီး ဘယ္လို ေလ့လာျဖစ္လဲဆိုတဲ့ အေပၚမွာေတာ့ “ဂီတနဲ႔ ပတ္သက္ရင္ေတာ့ ကြ်န္ေတာ္ေျဖထားသေလာက္ အေဖက ငယ္ငယ္ကတည္းက ကြ်န္ေတာ့္ကို သီခ်င္းဆိုခြင့္မျပဳဘူး။ အေမကေတာ့ ခြင့္လႊတ္တယ္။

ခုခ်ိန္မွာ အေဖရွိမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ဝမ္းသာေနမွာဗ်ာ။ ကမာၻေက်ာ္အဆိုေတာ္ေတြကို ၾကည့္သူတို႔ အသက္ ၇၀ ေလာက္ရွိတဲ့အထိကုိ သီခ်င္းေတြက ဆိုႏိုင္ေသးတယ္။ ျပီးေတာ့ ျမန္မာျပည္မွာ ဆိုရင္ေတာ့ ဦးသိန္းတန္ျဖစ္မယ္ထင္တယ္။

ခုခ်ိန္ထိကို လူေတြက သေဘာက်ေနတုန္းပဲ။ ကြ်န္ေတ္ာကေတာ့ အသက္ ၆၀ ေလာက္အထိကို ဆိုႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ အသက္လည္း ၆၀ ေလာက္ထိ ဘုရားသခင္က ရွင္ခြင့္ေပးရင္ အဲ့အခ်ိန္ထိ အႏုပညာလုပ္ပါမယ္”

ျခိမ့္ေကကိုနဲ႔ ပတ္သက္ျပီး ျမင္တဲ့အျမင္အေပၚမွာေတာ့ “သူခံစားခ်က္နဲ႔သူလုပ္တာေၾကာင့္ ကြ်န္ေတာ္ကေတာ့ အားေပးတယ္ဗ်ာ။ ကိုယ္ခံစားခ်က္နဲ႔ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိျပီးေတာ့

ကုိယ့္ပရိသတ္ေတြကို ေကာင္းေကာင္းမြန္မြန္ေဖ်ာ္ေျဖႏိုင္တာကို ၾကိဳက္ပါတယ္။ သူကရိုးသားပါတယ္။ သူ႔ရဲ့ မမေရ သီခ်င္းကိုလည္း ၾကိဳက္တယ္ဗ်ာ”

“ေနာက္ထပ္ သီခ်င္းအသစ္ေတြ ခ်ျပခ်င္တာကေတာ့ အမ်ားၾကီးပါပဲ။ ကြ်န္ေတာ္ အသက္ ၆၀ ေလာက္ထိကို တတ္ႏိုင္သေလာက္ အႏုပညာလုပ္ဖို႔ရွိပါတယ္။ ပရိသတ္ေတြအားလံုးလည္း ဘုရားသခင္ေကာင္းခ်ီေပးပါေစ” ဟု ေျပာၾကားသြားခဲ့ပါတယ္။
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

အကျီၤဒီဇိုင်းအဆန်းကြီးတွေ သီဆိုမှုပုံ အဆန်းကြီးတွေ သီချင်းအဆန်းကြီးတွေ အဆန်းတကာ့အဆန်းဆုံးတွေကို ပရိသတ်တွေကို ချပြပြီး ပရိသတ် အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ထျန်ပါးတယောက်ကိုတော့ အားလုံးသတိထားမိကြမှာပါ။

ထွက်လာတဲ့သီချင်းတိုင်း ဆန်းဆန်းပြားပြားလေး ဖြစ်ပြီး ဖက်ရှင်တွေကလည်း တခြားသူတွေနဲ့ လုံးဝကို မတူအောင် ဝတ်ပြနိုင်တဲ့ အဆိုတော် ထျန်ပါးကတော့ သူကြိုက်တာလေးတွေ သူ့ရဲ့လျှို့ဝှက်ချက်လေးတွေကိုတော့ ပရိသတ်တွေကို ပြောပြသွားခဲ့ပါတယ်။

ထျန်ပါးကတော့ Sunday Journal နဲ့ အင်တာဗျူးမှာတော့ လက်ရှိအသက်နဲ့ နုပျိုနေတာနဲ့ ပတ်သက်ပြီး “ကျွန်တော် အသက် ၅၀ ပြည့်တော့မှာပါ။

ဒါကတော့ ဘုရားသခင်ရဲ့ အလိုတော်လို့ပဲ ထင်တယ်။ စိတ်ထဲမှာ စိတ်ညစ်စရာတွေဆို ဘယ်တော့မှ မထားဘူး။ ပျော်ပျော်ပဲ နေတတ်တယ်။ နေ့တိုင်းကျမ်းစာဖတ်တယ်။ အစပ်တွေ အချိုတွေ အငံတွေ ရှောင်တယ်။ ရေတော့များများသောက်တယ်”

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး “ဖက်ရှင်ပိုင်းကတော့ ကိုယ့်ဟာနဲ ကိုယ်ဖန်တီးပြီးတော့ ဝတ်ပါတယ်။ အရင်တုန်းက ကမ္ဘာကျော် အဲ့ဗစ်ပရက်စလေ သူ့ရဲ့ဖက်ရှင်က ခုချိန်မှာကြည့်မယ်ဆိုရင်တောင် မရိုးနိုင်သေးဘူးဗျာ။

ပြီးတော့ မိုက်ကယ်ဂျက်ဆင် ပြီးတေ့ာ ဂန်းနန်းစတိုင်လ် သူတို့ဟာ ဘယ်လိုပဲ ဝေဖန်ဝေဖန် သူ့ဟာနဲ့သူလိုက်နေတာပါပဲ။ ကျွန်တော်က အဲ့လိုကြည့်ပြီးတေ့ာ ကိုယ့်ဟာနဲ့ကိုယ်ဖန်တီးပြီး ကိုယ့်ဟာနဲ့ကိုယ် ဝတ်မှ အဆင်ပြေမယ်လို့ ထင်ပြီးတော့ ဒီလိုဝတ်ဖြစ်တာပါ”

အကို့ရဲ့ အိုင်ဒေါလ် ဟီးရိုးတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဖြစ်မလဲဆိုတဲ့အပေါ်မှာတော့ “ဖက်ရှင်နဲ့ပတ်သက်ရင်တော့ သူတို့သုံးယောက်ပဲ။

မိန်းကလေးမှာကတော့ လေဒီဂါဂါ ပါဗျာ။ သူပြီးရင်တော့ မြန်မာပြည်မှာဆိုရင်ဖြူဖြူကျော်သိန်းပါဗျာ။ ကျွန်တော်အမှန်တိုင်းပြောမယ်ဆိုရင် မန္တလေးမှာ ကျွန်တော်ရှိုးဆိုတုန်းက အောက်က လူတွေက ပုဆိုးပါကျွတ်တော့မလိုလိုနဲ့ ခုန်ပေါက်ပြီး အားပေးကြတာဗျာ။ Performance ကအစ ဖက်ရှင်က အစ အကုန်အရေးကြီးပါတယ်”

ဂီတနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာဖြစ်လဲဆိုတဲ့ အပေါ်မှာတော့ “ဂီတနဲ့ ပတ်သက်ရင်တော့ ကျွန်တော်ဖြေထားသလောက် အဖေက ငယ်ငယ်ကတည်းက ကျွန်တော့်ကို သီချင်းဆိုခွင့်မပြုဘူး။ အမေကတော့ ခွင့်လွှတ်တယ်။

ခုချိန်မှာ အဖေရှိမယ်ဆိုရင်တော့ တော်တော်ဝမ်းသာနေမှာဗျာ။ ကမ္ဘာကျော်အဆိုတော်တွေကို ကြည့်သူတို့ အသက် ၇၀ လောက်ရှိတဲ့အထိကို သီချင်းတွေက ဆိုနိုင်သေးတယ်။ ပြီးတော့ မြန်မာပြည်မှာ ဆိုရင်တော့ ဦးသိန်းတန်ဖြစ်မယ်ထင်တယ်။

ခုချိန်ထိကို လူတွေက သဘောကျနေတုန်းပဲ။ ကျွန်တေ်ာကတော့ အသက် ၆၀ လောက်အထိကို ဆိုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အသက်လည်း ၆၀ လောက်ထိ ဘုရားသခင်က ရှင်ခွင့်ပေးရင် အဲ့အချိန်ထိ အနုပညာလုပ်ပါမယ်”

ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး မြင်တဲ့အမြင်အပေါ်မှာတော့ “သူခံစားချက်နဲ့သူလုပ်တာကြောင့် ကျွန်တော်ကတော့ အားပေးတယ်ဗျာ။ ကိုယ်ခံစားချက်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီးတော့

ကိုယ့်ပရိသတ်တွေကို ကောင်းကောင်းမွန်မွန်ဖျော်ဖြေနိုင်တာကို ကြိုက်ပါတယ်။ သူကရိုးသားပါတယ်။ သူ့ရဲ့ မမရေ သီချင်းကိုလည်း ကြိုက်တယ်ဗျာ”

“နောက်ထပ် သီချင်းအသစ်တွေ ချပြချင်တာကတော့ အများကြီးပါပဲ။ ကျွန်တော် အသက် ၆၀ လောက်ထိကို တတ်နိုင်သလောက် အနုပညာလုပ်ဖို့ရှိပါတယ်။ ပရိသတ်တွေအားလုံးလည်း ဘုရားသခင်ကောင်းချီပေးပါစေ” ဟု ပြောကြားသွားခဲ့ပါတယ်။
Crd