နွစ္ဦး သေဘာတူ ျကည္ျဖူမွ . . ဖြင့္ေဖာက္သုံးလို႔ရမယ့္ ” ႏွစ္္ပါးစုံ ကြန္္ဒုံး ” . . . .

(Zawgyiျဖင့္ ဖတ္ရန္)

အသိစိတ္ မရွိျဖစ္ေနခ်ိန္္ လိင္္ဆက္ဆံခံရတာမ်ဳိးေတြ မျဖစ္ရေအာင္ ေမွ်ာ္မွန္္းခ်က္နဲ႔ လိင္ေဖ်ာ္ေျဖေရး အရုပ္ ထုတ္လုပ္ေသာ ကုမၸဏီတစ္ခုဟာ ‘ႏွစ္္ပါးစုံ ကြန္္ဒုံး’ သို႔မဟုတ္ လူႏွွစ္ေယာက္ ဖြင့္မွ ဖြင့္ေဖာက္သုံးလို႔ရမယ့္ consent condom ကြန္ဒုံး တစ္မ်ဳိးကို ထုတ္လုပ္လာပါတယ္။

လူႀကီးကစားစရာေတြ၊ ကြန္ဒုံးေတြနဲ႔ ေခ်ာဆီေတြ ေရာင္းခ်တဲ့ အာဂ်င္္တီးနားက တူလီပန္းကုမၸဏီဟာ ကြန္ဒုံးတစ္မ်ဳိးကို ဖန္တီးထုတ္လုပ္လိုက္ပါတယ္။

ဒီကြန္ဒုံးကို ဖြင့္ေဖာက္ဖို႔ဆုိရင္ လက္ေလးဖက္ လိုအပ္တာေၾကာင့္ ႏွစ္ေယာက္ညီမွ ဖြင့္ေဖာက္ႏိုင္မယ့္ ကြန္ဒုံးပါပဲ။

သေဘာတူ ညီမွ်တဲ့ လိင္ဆက္ဆံမႈကိုသာ အေလးထားေၾကာင္းကို ရည္ရြယ္ၿပီး ခုလို တီထြင္ထုတ္လုပ္လာတာပါ။

အဲဒီ ႏွစ္ပါးစုံကြန္ဒုံး ေၾကညာကို ဧၿပီ ၃ ရက္မွာ တြစ္တာေပၚ တင္ခဲ့တာ ျဖစ္ၿပီး ဒီကြန္ဒုံးကို ထုတ္ပိုးထားတဲ့ စနစ္ ဘယ္လို အလုပ္လုပ္ပုံကို ရွင္းျပထားတာ ျဖစ္ပါတယ္။

“ဒီ ကြန္ဒုံးရဲ႕ ပါကင္္ထုတ္ထားတာက ႐ိုး႐ိုးရွင္းရွင္းပါပဲ။ လိင္ဆက္ဆံဖို႔ ျငင္းေနတယ္၊ ႏွစ္ဦး သေဘာတူညီမႈ မရွိဘူးဆို ကြန္ဒုံးကို ဖြင့္လို႔ မရေအာင္ လုပ္ထားတာပဲ။”လို႔ ကုမၸဏီက တြစ္တာမွာ ေဖာ္ျပပါတယ္။

အဲဒီ ပါကင္ထုတ္ထားတာကို ဖြင့္ဖို႔အတြက္ ခလုတ္ေတြကို ဖိႏွိပ္ဖို႔ လိုပါတယ္။ ဒီလို ဖိႏွိပ္မယ့္ လက္ေတြဟာလည္း မတူတဲ့ လက္ေလးဖက္ ျဖစ္ရပါမယ္။

ဒါေၾကာင့္ လူတစ္ဦးတည္းကေနၿပီး ကြန္ဒုံးကို ဘယ္လိုမွ ဖြင့္လို႔ ရမွာ မဟုတ္ပါဘူး။ သေဘာတူညီမႈ ရွိတဲ့ လိင္ဆက္ဆံမႈ အေရးႀကီးေၾကာင္းကို ဦးစားေပးလိုရင္းေၾကာင့္ ႏွစ္ေယာက္ညီမွ ဖြင့္လို႔ရမယ့္ ကြန္ဒုံးပဲ ျဖစ္ပါတယ္။”လို႔ အဲဒီ တြစ္တာပို႔စ္မွာ ေဖာ္ျပထားပါတယ္။

“တူလီပန္အေနနဲ႔ စိတ္ေက်နပ္မႈ ရေရးကို အၿမဲတမ္း ဦးစားေပးပါတယ္။ ဒါေပမယ့္ ခု ကမ္ပိန္းကေတာ့ လိင္ဆက္ဆံမႈတိုင္းမွာ အေရးႀကီးဆုံးအရာလို႔ ကၽြန္ေတာ္တို႔ ခံယူထားတာကို ေဖာ္ျပတာပါ။ ဦးဆုံး သေဘာတူ လိုက္ေလ်ာမႈ ရွိမွပဲ လိင္စိတ္ေက်နပ္မႈက ရရွိမွာေလ။”လို႔ ကုမၸဏီက ရွင္းျပပါတယ္။

တီထြင္ထုတ္လုပ္္ထားတဲ့ ႏွစ္ပါးစုံ ကြန္ဒုံးေတြကို ဗ်ဴ႐ိုေအရိစ္မွာ စမ္းသပ္ၿပီးၿပီျဖစ္ကာ ပြဲသဘင္ေတြနဲ႔ ဘားေတြဆီလည္း ျဖန္္႔ေ၀ထားၿပီး ျဖစ္ပါတယ္။ ဒီႏွစ္ပါးစုံကြန္ဒုံးေတြကို ယခုႏွစ္အတြင္းမွာပဲ မၾကာခင္ ေစ်းကြက္္တင္ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။crd

(Unicodeျဖင့္ ဖတ္ရန္)

အသိစိတ် မရှိဖြစ်နေချိန် လိင်ဆက်ဆံခံရတာမျိုးတွေ မဖြစ်ရအောင် မျှော်မှန်းချက်နဲ့ လိင်ဖျော်ဖြေရေး အရုပ် ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဟာ ‘နှစ်ပါးစုံ ကွန်ဒုံး’ သို့မဟုတ် လူနှှစ်ယောက် ဖွင့်မှ ဖွင့်ဖောက်သုံးလို့ရမယ့် consent condom ကွန်ဒုံး တစ်မျိုးကို ထုတ်လုပ်လာပါတယ်။

လူကြီးကစားစရာတွေ၊ ကွန်ဒုံးတွေနဲ့ ချောဆီတွေ ရောင်းချတဲ့ အာဂျင်တီးနားက တူလီပန်းကုမ္ပဏီဟာ ကွန်ဒုံးတစ်မျိုးကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။

ဒီကွန်ဒုံးကို ဖွင့်ဖောက်ဖို့ဆိုရင် လက်လေးဖက် လိုအပ်တာကြောင့် နှစ်ယောက်ညီမှ ဖွင့်ဖောက်နိုင်မယ့် ကွန်ဒုံးပါပဲ။

သဘောတူ ညီမျှတဲ့ လိင်ဆက်ဆံမှုကိုသာ အလေးထားကြောင်းကို ရည်ရွယ်ပြီး ခုလို တီထွင်ထုတ်လုပ်လာတာပါ။

အဲဒီ နှစ်ပါးစုံကွန်ဒုံး ကြေညာကို ဧပြီ ၃ ရက်မှာ တွစ်တာပေါ် တင်ခဲ့တာ ဖြစ်ပြီး ဒီကွန်ဒုံးကို ထုတ်ပိုးထားတဲ့ စနစ် ဘယ်လို အလုပ်လုပ်ပုံကို ရှင်းပြထားတာ ဖြစ်ပါတယ်။

“ဒီ ကွန်ဒုံးရဲ့ ပါကင်ထုတ်ထားတာက ရိုးရိုးရှင်းရှင်းပါပဲ။ လိင်ဆက်ဆံဖို့ ငြင်းနေတယ်၊ နှစ်ဦး သဘောတူညီမှု မရှိဘူးဆို ကွန်ဒုံးကို ဖွင့်လို့ မရအောင် လုပ်ထားတာပဲ။”လို့ ကုမ္ပဏီက တွစ်တာမှာ ဖော်ပြပါတယ်။

အဲဒီ ပါကင်ထုတ်ထားတာကို ဖွင့်ဖို့အတွက် ခလုတ်တွေကို ဖိနှိပ်ဖို့ လိုပါတယ်။ ဒီလို ဖိနှိပ်မယ့် လက်တွေဟာလည်း မတူတဲ့ လက်လေးဖက် ဖြစ်ရပါမယ်။

ဒါကြောင့် လူတစ်ဦးတည်းကနေပြီး ကွန်ဒုံးကို ဘယ်လိုမှ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး။ သဘောတူညီမှု ရှိတဲ့ လိင်ဆက်ဆံမှု အရေးကြီးကြောင်းကို ဦးစားပေးလိုရင်းကြောင့် နှစ်ယောက်ညီမှ ဖွင့်လို့ရမယ့် ကွန်ဒုံးပဲ ဖြစ်ပါတယ်။”လို့ အဲဒီ တွစ်တာပို့စ်မှာ ဖော်ပြထားပါတယ်။

“တူလီပန်အနေနဲ့ စိတ်ကျေနပ်မှု ရရေးကို အမြဲတမ်း ဦးစားပေးပါတယ်။ ဒါပေမယ့် ခု ကမ်ပိန်းကတော့ လိင်ဆက်ဆံမှုတိုင်းမှာ အရေးကြီးဆုံးအရာလို့ ကျွန်တော်တို့ ခံယူထားတာကို ဖော်ပြတာပါ။ ဦးဆုံး သဘောတူ လိုက်လျောမှု ရှိမှပဲ လိင်စိတ်ကျေနပ်မှုက ရရှိမှာလေ။”လို့ ကုမ္ပဏီက ရှင်းပြပါတယ်။

တီထွင်ထုတ်လုပ်ထားတဲ့ နှစ်ပါးစုံ ကွန်ဒုံးတွေကို ဗျူရိုအေရိစ်မှာ စမ်းသပ်ပြီးပြီဖြစ်ကာ ပွဲသဘင်တွေနဲ့ ဘားတွေဆီလည်း ဖြန့််ဝေထားပြီး ဖြစ်ပါတယ်။ ဒီနှစ်ပါးစုံကွန်ဒုံးတွေကို ယခုနှစ်အတွင်းမှာပဲ မကြာခင် ဈေးကွက်တင် ရောင်းချတော့မှာ ဖြစ်ပါတယ်။crd