တရားမဝင္ေနထုိင္ေနၿပီး …..အြန္လိုင္းေလာင္းကစားဂိမ္းလုပ္ ကိုင္ေနတဲ့ …တရုတ္ႏုိင္ငံသား (၁၈၀)ေက်ာ္ကို…. ေသနတ္ေတြနဲ႔ အတူ …..တာခ်ီလိတ္မွာ ဖမ္းမိ …………

(Zawgyi ျဖင္​့ဖတ္​ရန္​)

တာခ်ီလိတ္ၿမိဳ႕နယ္ထဲမွာ တရုတ္ႏုိင္ငံသားေတြ တရားမဝင္ေနထုိင္ၿပီး အြန္လုိင္း ေလာင္းကစားျပဳလုပ္ေနတယ္လို႔ သတင္းရတာေၾကာင့္ ဌာနဆုိင္ရာ အဖြဲ႔စံုပါဝင္တဲ့ အဖြဲ႔ေတြနဲ႔ ဝင္ေရာက္စစ္ေဆးရာမွာ

တာခ်ီလိတ္ၿမိဳ႕တြင္း ေနရာ (၃)ေနရာကေန တရုတ္ႏုိင္ငံသား (၁၈၈)ဦးကို ရိုင္ဖယ္ ေသနတ္(၃)လက္၊ စိတ္ၾကြေဆးျပား အခ်ိဳ႕နဲ႔အတူ ေမလ (၁၃)ရက္ ေန႔လည္ပိုင္းက ဖမ္းဆီးရမိပါတယ္လို႔ ကနဦး သတင္းရရွိပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝိန္းေက်ာက္ရပ္ကြက္နဲ႔ ရန္ေအာင္ေျမရပ္ကြက္တုိ႔က ေနရာ (၃)ေနရာကို ဌာနဆုိင္ရာ အဖြဲ႔စံုပါဝင္တဲ့ အဖြဲ႔က ေမလ (၁၃)ရက္ မနက္ (၁၀)နာရီခြဲကေန ေန႔လည္ (၁)နာရီထုိးခန္႔အထိ ဝင္ေရာက္ စစ္ေဆးရာမွာ အခုလို ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။

ဝိန္းေက်ာက္ရပ္ကြက္ထဲက လပ္ကီးမိုတယ္ကို ဝင္ေရာက္စစ္ေဆးရာမွာ တရုတ္ႏုိင္ငံသား က်ား (၇၅)ဦး၊ မ (၄)ဦးကို အြန္လိုင္းေလာင္းကစားျပဳလုပ္ရာမွာ အသံုးျပဳတဲ့ ဖုန္းအမ်ိဳးအစားစံု (၁၆၄)လံုး၊ လက္ပ္ေတာ့(၅)လံုး၊ စကားေျပာစက္ (၅)လံုးနဲ႔ အတူ ဖမ္းဆီးရမိပါတယ္။

ဆက္လက္ၿပီး ရန္ေအာင္ေျမရပ္ကြက္ထဲက ေနအိမ္တစ္လံုးကို ဝင္ေရာက္စစ္ေဆးရာမွာ တရုတ္ႏုိင္ငံသား က်ား (၃၈)ဦး၊ မ(၁)ဦး၊ ျမန္မာႏုိင္ငံသား (၁၀)တုိ႔ကို ဖုန္းအမ်ိဳးအစားစံု (၁၈၄)လံုး၊ လက္ပ္ေတာ့ (၁၁)လံုးနဲ႔ အတူ ဖမ္းဆီးရမိပါတယ္။

ဒါ့အျပင္ ဝိန္းေက်ာက္ရပ္ကြက္ထဲက ေနအိမ္တစ္အိမ္ကို ထပ္မံစစ္ေဆးရာမွာ တရုတ္ႏိုင္ငံသား က်ား (၆၅)ဦး၊ မ(၅)ဦး တုိ႔ကို M-22 ရိုင္ဖယ္ေသနတ္ (၃)လက္၊

က်ည္ေဘာက္ (၁၁)ေဘာက္၊ က်ည္ (၃၂၅)ေတာင့္၊ ဖုန္းအမ်ိဳးအစားစံု အလံုး (၂၀၀)ခန္႔၊ စကားေျပာစက္ (၂)လံုး၊ က်ည္ကာအက်ီၤ (၃)ထည္၊ စိတ္ၾကြေဆးျပား (၂၅)ျပားနဲ႔ အတူဖမ္းဆီးရမိခဲ့ပါတယ္။

အခုလို ဖမ္းဆီးရမိတဲ့ တရားမဝင္ဝင္ေရာက္ေနထုိင္ေနတဲ့ တရုတ္ႏုိင္ငံသားေတြကို သက္ဆုိင္ရာ ဥပေဒေတြနဲ႔ အေရးယူေဆာင္ရြက္ႏုိင္ဖုိ႔ စစ္ေဆးေနတယ္လို႔ သိရပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

တာချီလိတ်မြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်နေထိုင်ပြီး အွန်လိုင်း လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရတာကြောင့် ဌာနဆိုင်ရာ အဖွဲ့စုံပါဝင်တဲ့ အဖွဲ့တွေနဲ့ ဝင်ရောက်စစ်ဆေးရာမှာ

တာချီလိတ်မြို့တွင်း နေရာ (၃)နေရာကနေ တရုတ်နိုင်ငံသား (၁၈၈)ဦးကို ရိုင်ဖယ် သေနတ်(၃)လက်၊ စိတ်ကြွဆေးပြား အချို့နဲ့အတူ မေလ (၁၃)ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိပါတယ်လို့ ကနဦး သတင်းရရှိပါတယ်။

တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်နဲ့ ရန်အောင်မြေရပ်ကွက်တို့က နေရာ (၃)နေရာကို ဌာနဆိုင်ရာ အဖွဲ့စုံပါဝင်တဲ့ အဖွဲ့က မေလ (၁၃)ရက် မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁)နာရီထိုးခန့်အထိ ဝင်ရောက် စစ်ဆေးရာမှာ အခုလို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဝိန်းကျောက်ရပ်ကွက်ထဲက လပ်ကီးမိုတယ်ကို ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၇၅)ဦး၊ မ (၄)ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ဖုန်းအမျိုးအစားစုံ (၁၆၄)လုံး၊ လက်ပ်တော့(၅)လုံး၊ စကားပြောစက် (၅)လုံးနဲ့ အတူ ဖမ်းဆီးရမိပါတယ်။

ဆက်လက်ပြီး ရန်အောင်မြေရပ်ကွက်ထဲက နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၃၈)ဦး၊ မ(၁)ဦး၊ မြန်မာနိုင်ငံသား (၁၀)တို့ကို ဖုန်းအမျိုးအစားစုံ (၁၈၄)လုံး၊ လက်ပ်တော့ (၁၁)လုံးနဲ့ အတူ ဖမ်းဆီးရမိပါတယ်။

ဒါ့အပြင် ဝိန်းကျောက်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ထပ်မံစစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၆၅)ဦး၊ မ(၅)ဦး တို့ကို M-22 ရိုင်ဖယ်သေနတ် (၃)လက်၊

ကျည်ဘောက် (၁၁)ဘောက်၊ ကျည် (၃၂၅)တောင့်၊ ဖုန်းအမျိုးအစားစုံ အလုံး (၂၀၀)ခန့်၊ စကားပြောစက် (၂)လုံး၊ ကျည်ကာအကျီၤ (၃)ထည်၊ စိတ်ကြွဆေးပြား (၂၅)ပြားနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ တရားမဝင်ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
crd