ပရိတ္သတ္ေတြက ဆဲေပမယ့္လည္း. . .သမီးေလးေတြအတြက္ ေငြ႐ွာခဲ့ ရတယ္” ဆိုတဲ့ ခင္မို႔မို႔ေအး. . .

(Zawgyiျဖင့္ ဖတ္ရန္)

ခင္မို႔မို႔ေအးေဟ့ ဆိုလိုက္ရင္ ျမန္မာ့ရုပ္ရွင္ခ်စ္ပရိသတ္ၾကီးရဲ႕မ်က္လံုးထဲမွာ မ်က္ဝါးထင္ထင္ေပၚလာတာကေတာ့

ထမီစြန္ေတာင္ဆြဲျပီး တစ္အိမ္တက္တစ္္အိမ္ဆင္းအေၾကြးလိုက္ေတာင္းတဲ့မိန္းမၾကီးအျဖစ္တစ္ဖံု၊ရပ္ကြက္ထဲမွာ အတင္းအဖ်င္းေပါင္းစုံေျပာတဲ့မိန္းမၾကီးေနရာကတစ္သြယ္၊

မင္းသမီးကုိေအာ္ေၾကာလန္ေအာင္နွိပ္စက္ညွဥ္းဆဲတဲ့ မိေထြးေနရာက မုန္းစရာမိန္းမၾကီးအျဖစ္တစ္ဖံု ျမင္မိၾကမွာပါ။ ခင္မို႔မို႔ေအးရဲ႕ အမ်ားဆံုးရိုက္ရတဲ့ပံုစံေတြကလည္း ဒါေတြပဲကုိေလ။

မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေတာ့ ခင္မို႔မို႔ေအးက ဗီလိန္ေနရာေတြမွာ အမ်ားဆံုး သရုပ္ေဆာင္ျဖစ္ရျခင္းအေၾကာင္းကုိ ဖြင့္ဟလာခဲ့ပါတယ္။

အန္တီခင္မုိ႔မို႔ေအးက အစကေတာ့ ဝါသနာပါလုိ႔ ရိုက္ေပမယ့္ ေနာက္ပုိင္းမွာ အိိမ္စားရိတ္ေတြ ကာမိေအာင္ေရာ ဝါသနာပါတာေရာေၾကာင့္ ဆက္ရိုက္ေနျဖစ္ေၾကာင္း ကုိ

“အမွန္အတိုင္းေျပာတာပါ။ ပထမကေတာ့ ဝါသနာပါလို႔ိ႔ရုိက္တာ။ေနာက္က်ေတာ့ တီတီ့မွာ သမီးေလးေတြရွိတယ္ေလ။

သမီးေလးေတြရဲ႕ေက်ာင္းစားရိတ္ေတြ အိမ္စားရိတ္ေတြ ရွိတဲ့အခါက်ေတာ့ ပိုက္ဆံရဖို႔လည္း အေရးၾကီးတဲ့အခါက်ေတာ့

မုန္းစရာေကာင္းတာက သူ႔ဘာသူကားထြက္မွ မုန္းခ်င္မုန္း ေအာ္ခ်င္ေအာ္ ဆဲခ်င္ဆဲေန တီတီမၾကားရဘူးေလ။ ေလာေလာဆယ္အေရးၾကီးတာက ပုိက္ဆံရဖို႔အေရးၾကီးတယ္ဆိုေတာ့ ရိုက္ျဖစ္ပါတယ္”လို႔ေျပာထားပါတယ္။

အစက ဗီလိန္ဇာတ္ရုပ္ရိုက္ရတာမ်ားေပမယ့္ အသက္ရလာတဲ့အခါမွာေတာ့ ဒရာမာဘက္လည္း ကူးလာေၾကာင္းကုိ

“အခုေနာက္ပုိင္းအသက္အရြယ္ရလာေတာ့ ဒီလိုကားေတြလည္းငွားပါတယ္။ ဒရာမာေတြဘက္ကုိငွားလာတာလည္းမ်ားတာေပါ့။

ဒီအရြယ္နဲ႔လည္း ကတ္ကတ္လန္ျပီးရန္ျဖစ္ရမယ့္ဟာမ်ိဳးလည္းမဟုတ္ေတာ့။ ဗီလိန္ဇာတ္ရုပ္ေတြကုိ မငွားဘူးမဟုတ္ပါဘူး ငွားပါတယ္။

ျပတ္ျပတ္ေတာက္ေတာက္ၾကီးေတာ့ မျဖစ္သြားဘူးေပါ့။ ဒရာမာေလးေတြလည္းငွားတယ္။ မွ်မွ်တတေလးျဖစ္လာတာေပါ့”လို႔ေျပာျပထားပါတယ္။

ရုပ္ရွင္ထဲမွာ ကတ္ကတ္လန္တတ္ေပမယ့္အျပင္မွာေတာ့မလန္ေၾကာင္းကုိ အန္တီက “အျပင္မွာေတာ့ မလန္ပါဘူး။ ငယ္ငယ္တုန္းကေတာ့ လန္တယ္။

ငယ္ငယ္ကေတာ့ ဆိုးတယ္. . . ငယ္ငယ္တုန္းက ကုိယ့္ကုိတစ္ခ်က္လုပ္ရင္ ကုိယ္ကနွစ္ခ်က္ေလာက္ျပန္လုပ္ခ်င္တာ။ ၾကီးလာေတာ့ ဒါေတြကမေကာင္းဘူးဆိုတာ သိလာတယ္”လို႔ ေျပာထားပါတယ္။

အန္တီခင္မို႔မို႔ေအးက ခ်စ္ရတဲ့ သမီးေတြအေၾကာင္းလည္း “ကုိယ္ဘြဲ႕မရခဲ့တဲ့အခါက်ေတာ့ သမီးေလးေတြကုိ ဘြဲ႕ရေစခ်င္တယ္။

ဘြဲ႕ဝတ္စံုေလးေတြနဲ႔ ဘြဲ႕ယူတာကုိ ျမင္ခ်င္တဲ့အခါက်ေတာ့ အတင္းရို္က္နွက္ဖိအားေပးျပီး သင္တာေပါ့။ အခုေတာ့ သူတို႔ေတြအိမ္ေထာင္က်ကုန္ျပီ။

သမီးၾကီးေလးက ေျမးသားေလးရွိတယ္။ သမီးအငယ္ေလးက ေျမးသမီးေလးရွိတယ္။ သူတုိ႔က အနုပညာဝါသနာမပါဘူး။ သူတို႔ကရွက္တယ္ေလ. . .မလုပ္ဘူး။ တီတီပဲ အရွက္မရွိ လုပ္ေနတာ”လို႔ ရယ္ေမာရင္းေျဖၾကားခဲ့ပါတယ္။crd

(Unicodeျဖင့္ ဖတ္ရန္)

ခင်မို့မို့အေးဟေ့ ဆိုလိုက်ရင် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီးရဲ့မျက်လုံးထဲမှာ မျက်ဝါးထင်ထင်ပေါ်လာတာကတော့

ထမီစွန်တောင်ဆွဲပြီး တစ်အိမ်တက်တစ်အိမ်ဆင်းအကြွေးလိုက်တောင်းတဲ့မိန်းမကြီးအဖြစ်တစ်ဖုံ၊ရပ်ကွက်ထဲမှာ အတင်းအဖျင်းပေါင်းစုံပြောတဲ့မိန်းမကြီးနေရာကတစ်သွယ်၊

မင်းသမီးကိုအော်ကြောလန်အောင်နှိပ်စက်ညှဉ်းဆဲတဲ့ မိထွေးနေရာက မုန်းစရာမိန်းမကြီးအဖြစ်တစ်ဖုံ မြင်မိကြမှာပါ။ ခင်မို့မို့အေးရဲ့ အများဆုံးရိုက်ရတဲ့ပုံစံတွေကလည်း ဒါတွေပဲကိုလေ။

မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ ခင်မို့မို့အေးက ဗီလိန်နေရာတွေမှာ အများဆုံး သရုပ်ဆောင်ဖြစ်ရခြင်းအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။

အန်တီခင်မို့မို့အေးက အစကတော့ ဝါသနာပါလို့ ရိုက်ပေမယ့် နောက်ပိုင်းမှာ အိမ်စားရိတ်တွေ ကာမိအောင်ရော ဝါသနာပါတာရောကြောင့် ဆက်ရိုက်နေဖြစ်ကြောင်း ကို

“အမှန်အတိုင်းပြောတာပါ။ ပထမကတော့ ဝါသနာပါလို့ိ့ရိုက်တာ။နောက်ကျတော့ တီတီ့မှာ သမီးလေးတွေရှိတယ်လေ။

သမီးလေးတွေရဲ့ကျောင်းစားရိတ်တွေ အိမ်စားရိတ်တွေ ရှိတဲ့အခါကျတော့ ပိုက်ဆံရဖို့လည်း အရေးကြီးတဲ့အခါကျတော့

မုန်းစရာကောင်းတာက သူ့ဘာသူကားထွက်မှ မုန်းချင်မုန်း အော်ချင်အော် ဆဲချင်ဆဲနေ တီတီမကြားရဘူးလေ။ လောလောဆယ်အရေးကြီးတာက ပိုက်ဆံရဖို့အရေးကြီးတယ်ဆိုတော့ ရိုက်ဖြစ်ပါတယ်”လို့ပြောထားပါတယ်။

အစက ဗီလိန်ဇာတ်ရုပ်ရိုက်ရတာများပေမယ့် အသက်ရလာတဲ့အခါမှာတော့ ဒရာမာဘက်လည်း ကူးလာကြောင်းကို

“အခုနောက်ပိုင်းအသက်အရွယ်ရလာတော့ ဒီလိုကားတွေလည်းငှားပါတယ်။ ဒရာမာတွေဘက်ကိုငှားလာတာလည်းများတာပေါ့။

ဒီအရွယ်နဲ့လည်း ကတ်ကတ်လန်ပြီးရန်ဖြစ်ရမယ့်ဟာမျိုးလည်းမဟုတ်တော့။ ဗီလိန်ဇာတ်ရုပ်တွေကို မငှားဘူးမဟုတ်ပါဘူး ငှားပါတယ်။

ပြတ်ပြတ်တောက်တောက်ကြီးတော့ မဖြစ်သွားဘူးပေါ့။ ဒရာမာလေးတွေလည်းငှားတယ်။ မျှမျှတတလေးဖြစ်လာတာပေါ့”လို့ပြောပြထားပါတယ်။

ရုပ်ရှင်ထဲမှာ ကတ်ကတ်လန်တတ်ပေမယ့်အပြင်မှာတော့မလန်ကြောင်းကို အန်တီက “အပြင်မှာတော့ မလန်ပါဘူး။ ငယ်ငယ်တုန်းကတော့ လန်တယ်။

ငယ်ငယ်ကတော့ ဆိုးတယ်. . . ငယ်ငယ်တုန်းက ကိုယ့်ကိုတစ်ချက်လုပ်ရင် ကိုယ်ကနှစ်ချက်လောက်ပြန်လုပ်ချင်တာ။ ကြီးလာတော့ ဒါတွေကမကောင်းဘူးဆိုတာ သိလာတယ်”လို့ ပြောထားပါတယ်။

အန်တီခင်မို့မို့အေးက ချစ်ရတဲ့ သမီးတွေအကြောင်းလည်း “ကိုယ်ဘွဲ့မရခဲ့တဲ့အခါကျတော့ သမီးလေးတွေကို ဘွဲ့ရစေချင်တယ်။

ဘွဲ့ဝတ်စုံလေးတွေနဲ့ ဘွဲ့ယူတာကို မြင်ချင်တဲ့အခါကျတော့ အတင်းရိုက်နှက်ဖိအားပေးပြီး သင်တာပေါ့။ အခုတော့ သူတို့တွေအိမ်ထောင်ကျကုန်ပြီ။

သမီးကြီးလေးက မြေးသားလေးရှိတယ်။ သမီးအငယ်လေးက မြေးသမီးလေးရှိတယ်။ သူတို့က အနုပညာဝါသနာမပါဘူး။ သူတို့ကရှက်တယ်လေ. . .မလုပ်ဘူး။ တီတီပဲ အရှက်မရှိ လုပ်နေတာ”လို့ ရယ်မောရင်းဖြေကြားခဲ့ပါတယ်။crd