၈ ေပအရွည္ရွိ စပါးအုံးေျမြႀကီးကို ပုိက္လုိ႔ထင္ၿပီး လက္နဲ႔ဆြဲဖယ္ ဖုိ႔ႀကိဳးစားတဲ့ မ်က္မျမင္အဖုိးရဲ႕ အျဖစ္​ …..

(Zawgyi ျဖင္​့ဖတ္​ရန္​)

အသက္(၆၀)ႏွစ္အရြယ္ မ်က္မျမင္အဖုိးႀကီးတစ္ဦးဟာ အိမ္သာကမုတ္ကေနတစ္ဆင့္ အိမ္သာေရခ်ိဳးခန္းအတြင္းကို ဝင္ေရာက္လာတဲ့ စပါးအုံးေျမြႀကီးကို ရာဘာပိုက္အထင္နဲ႔ လက္နဲ႔ခပ္တင္းတင္း ဆြဲခဲ့မိတယ္လုိ႔ ဆုိပါတယ္။ အဖုးိရဲ႕အမည္ကေတာ့ Stuart Saunders ျဖစ္ၿပီး၊ မ်က္မျမင္ဘဝနဲ႔ ဒုကၡေရာက္ေနသူပါ။

သူဟာ (၈)ေပအရွည္ရွိ စပါးအုံးေျမြႀကီးကို လွ်ပ္ကာအတြက္တပ္ဆင္ထာတဲ့ ရာဘာပိုက္ႀကီးလုိ႔ထင္ေနၿပီး လက္နဲ႔ခပ္တင္းတင္း ဆြဲမိခဲ့တယ္လုိ႔ ေျပာပါတယ္။ သူဟာ ေျမြႀကီးကုိ ပုိက္အထင္နဲ႔ ဆြဲဖယ္ဖုိ႔ အႀကိမ္ေရမ်ားစြာ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ေျမြႀကီးကလည္း သူ႕ကုိရန္ရွာတုိက္ခုိက္ျခင္းေတာ့ မရွိပါဘူး။

ဒီအျဖစ္အပ်က္ကုိ Stuart ရဲ႕ အကူအမ်ိဳးသားက ျမင္လုိက္ပါတယ္။ ခ်က္ခ်င္းပဲ Stuart ရွိရာကုိ အဆုိပါအမ်ိဳးသားက ေျပးသြားၿပီး ဒါက အလြန္ႀကီးမားတဲ့ေျမြႀကီးျဖစ္ေၾကာင္း ေျပာဆုိက Stuart ကုိ ေဘးကင္းရာသုိ႔ ဆြဲေခၚခဲ့တယ္လုိ႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ အဂၤလန္ႏုိင္ငံ၊ Exeter, Devon မွာ ျဖစ္ခဲ့တာပါ။

Stuart ဟာ ေမြးကတည္းက မ်က္မျမင္အျဖစ္နဲ႔ ေမြးဖြားလာခဲ့သူျဖစ္ပါတယ္။ သူဟာ သီးခ်င္းနားေထာင္ရင္း ဧည့္ခန္းထဲမွာ ပတ္လက္ကုလားထုိင္နဲ႔ လဲေလွ်ာင္းအနားယူေနစဥ္ ေရခ်ိဳးခန္းထဲကေန ပစၥည္းေတြျပဳတ္က်တဲ့ ထူးဆန္းတဲ့အသံေတြ ၾကားခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ သူဟာ ေရခ်ိဳးခန္းထဲကို စူးစမ္းတဲ့သေဘာနဲ႔ သြားေရာက္ခဲ့တာပါ။

ေရခ်ိဳးခန္းထဲမွာ ေခါင္းေလွ်ာ္ရည္ဘူးေတြနဲ႔ ဆပ္ျပာခြက္ေတြဟာ ေအာက္ကုိ ျပဳတ္က်ေနပါတယ္။ ဒါေၾကာင့္ ကနဦးဆုံး အဲဒီေရခ်ိဳးခန္းသုံးပစၥည္းေတြကို ျပန္ေကာက္တင္ၿပီး ေဘးဘီဝဲယာကုိ လက္နဲ႔စမ္းၾကည့္တဲ့အခါမွာ ေျမြႀကီးကိုစမ္းမိခဲ့ပါတယ္။ ဒါကို Stuart လွ်ပ္ကာအျဖစ္အသုံးျပဳထားတဲ့ ရာဘာပိုက္ႀကီးဟာ ျပဴတင္းေပါက္ကေန အတြင္းကုိေလေၾကာင့္ ဝင္ေရာက္ေနတယ္လုိ႔ ထင္ခဲ့ပါတယ္။

၎ပုိက္ႀကီးကိုဖယ္ရွားဖုိ႔ လက္နဲ႔ဆြဲယူတဲ့အခါ အလြန္ကုိ ေလးေနလုိ႔ သူတစ္ဖက္တည္း မ,မႏုိင္ခဲ့ပါဘူး။ ဒီလုိနဲ႔ လက္ႏွစ္ဘက္နဲ႔မ,တဲ့အခါမွာ သူရဲ႕အိမ္အကူအမ်ိဳးသား Jason စုိးရိမ္တႀကီးနဲ႔ေရာက္လာကာ သူ႔ကုိဆြဲေခၚခဲ့ၿပီး ဒါက ေျမြႀကီးျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

ယင္းေနာက္ တိရစာၦန္ညႇဥ္းပန္းႏွိပ္စက္မႈကာကြယ္ေရးအဖြဲ႕ကို အေၾကာင္းၾကားကာ ေျမြႀကီးကို ဖယ္ရွားခဲ့ရပါတယ္။ အခုေတာ့ ေျမြႀကီးကို RSPCA က ေစာင့္ေရွာက္ထားပါတယ္။
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

အသက်(၆၀)နှစ်အရွယ် မျက်မမြင်အဖိုးကြီးတစ်ဦးဟာ အိမ်သာကမုတ်ကနေတစ်ဆင့် အိမ်သာရေချိုးခန်းအတွင်းကို ဝင်ရောက်လာတဲ့ စပါးအုံးမြွေကြီးကို ရာဘာပိုက်အထင်နဲ့ လက်နဲ့ခပ်တင်းတင်း ဆွဲခဲ့မိတယ်လို့ ဆိုပါတယ်။ အဖုးိရဲ့အမည်ကတော့ Stuart Saunders ဖြစ်ပြီး၊ မျက်မမြင်ဘဝနဲ့ ဒုက္ခရောက်နေသူပါ။

သူဟာ (၈)ပေအရှည်ရှိ စပါးအုံးမြွေကြီးကို လျှပ်ကာအတွက်တပ်ဆင်ထာတဲ့ ရာဘာပိုက်ကြီးလို့ထင်နေပြီး လက်နဲ့ခပ်တင်းတင်း ဆွဲမိခဲ့တယ်လို့ ပြောပါတယ်။ သူဟာ မြွေကြီးကို ပိုက်အထင်နဲ့ ဆွဲဖယ်ဖို့ အကြိမ်ရေများစွာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မြွေကြီးကလည်း သူ့ကိုရန်ရှာတိုက်ခိုက်ခြင်းတော့ မရှိပါဘူး။

ဒီအဖြစ်အပျက်ကို Stuart ရဲ့ အကူအမျိုးသားက မြင်လိုက်ပါတယ်။ ချက်ချင်းပဲ Stuart ရှိရာကို အဆိုပါအမျိုးသားက ပြေးသွားပြီး ဒါက အလွန်ကြီးမားတဲ့မြွေကြီးဖြစ်ကြောင်း ပြောဆိုက Stuart ကို ဘေးကင်းရာသို့ ဆွဲခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ၊ Exeter, Devon မှာ ဖြစ်ခဲ့တာပါ။

Stuart ဟာ မွေးကတည်းက မျက်မမြင်အဖြစ်နဲ့ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူဟာ သီးချင်းနားထောင်ရင်း ဧည့်ခန်းထဲမှာ ပတ်လက်ကုလားထိုင်နဲ့ လဲလျှောင်းအနားယူနေစဉ် ရေချိုးခန်းထဲကနေ ပစ္စည်းတွေပြုတ်ကျတဲ့ ထူးဆန်းတဲ့အသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ ရေချိုးခန်းထဲကို စူးစမ်းတဲ့သဘောနဲ့ သွားရောက်ခဲ့တာပါ။

ရေချိုးခန်းထဲမှာ ခေါင်းလျှော်ရည်ဘူးတွေနဲ့ ဆပ်ပြာခွက်တွေဟာ အောက်ကို ပြုတ်ကျနေပါတယ်။ ဒါကြောင့် ကနဦးဆုံး အဲဒီရေချိုးခန်းသုံးပစ္စည်းတွေကို ပြန်ကောက်တင်ပြီး ဘေးဘီဝဲယာကို လက်နဲ့စမ်းကြည့်တဲ့အခါမှာ မြွေကြီးကိုစမ်းမိခဲ့ပါတယ်။ ဒါကို Stuart လျှပ်ကာအဖြစ်အသုံးပြုထားတဲ့ ရာဘာပိုက်ကြီးဟာ ပြူတင်းပေါက်ကနေ အတွင်းကိုလေကြောင့် ဝင်ရောက်နေတယ်လို့ ထင်ခဲ့ပါတယ်။

၎င်းပိုက်ကြီးကိုဖယ်ရှားဖို့ လက်နဲ့ဆွဲယူတဲ့အခါ အလွန်ကို လေးနေလို့ သူတစ်ဖက်တည်း မ,မနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လက်နှစ်ဘက်နဲ့မ,တဲ့အခါမှာ သူရဲ့အိမ်အကူအမျိုးသား Jason စိုးရိမ်တကြီးနဲ့ရောက်လာကာ သူ့ကိုဆွဲခေါ်ခဲ့ပြီး ဒါက မြွေကြီးဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ယင်းနောက် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုကာကွယ်ရေးအဖွဲ့ကို အကြောင်းကြားကာ မြွေကြီးကို ဖယ်ရှားခဲ့ရပါတယ်။ အခုတော့ မြွေကြီးကို RSPCA က စောင့်ရှောက်ထားပါတယ်။
Crd