ႏွစ္ ၄၀ ၾကာ လ်ိဳ႕ဝွက္​ခ်က္​​ေတြနဲ႔ ျပည္​့​ေနတဲ့ ျပတိုက္ထဲက မီးခံ​ေသတၱာႀကီးကို မထင္​မွတ္​ပဲ စကၠန္႕ ၃၀ နဲ႕ဖြင့္ႏုိင္ခဲ့တဲ့ အခါ ……

(Zawgyi ျဖင္​့ဖတ္​ရန္​)

ကေနဒါႏုိင္ငံ၊ အယ္လ္ဘာတာမွာရွိတဲ့ ဗာမီလီယမ္ၿမိဳ႕ေလးရဲ႕ ျပတိုက္ဟာ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာေအာင္ ခရီးသြားေတြကိုဆြဲေဆာင္ေနခဲ့တဲ့ အရာတစ္ခုရွိေနပါတယ္။ အဲဒါကေတာ့ မီးခံေသတၱာႀကီးပါ။

အေလးခ်ိန္ ေပါင္ ၂၀၀၀ ေလာက္ရွိၿပီး မီးခံေသတၱာဟာဖြင့္လို႔လည္းမရတာေၾကာင့္ အထဲမွာဘာရွိေနမလဲဆိုတာကို လူကုိယ္တုိင္လာၾကည့္ၿပီးခန္႔မွန္းရတာကိုက ခံစားခ်က္တစ္မ်ိဳးဆိုၿပီးယူဆခဲ့ၾကပါတယ္။

မီးခံေသတၱာႀကီးဟာ Brunswick ဆိုတဲ့ ဟိုတယ္ကေန ျပတိုက္ကိုလာလွဴဒါန္းသြားခဲ့တာလို႕ CBC ရဲ႕ေဖာ္ျပခ်က္မွ သိခဲ့ရပါတယ္။ ဒါေမပဲ့ Brunswick ကေတာ့ ၁၉၇၀ ခုႏွစ္ေက်ာ္ေက်ာ္ေလာက္တုန္းက ပိတ္သြားခဲ့ပါၿပီ။

အဲဒီလိုပိတ္လိုက္ခဲ့တာေၾကာင့္လည္း ၁၉၉၀ ေလာက္မွာ ပစၥည္းေတြရွင္းလင္တုန္း အထဲကိုဖြင့္ၾကည့္မရခဲ့တဲ့ မီးခံေသတၱာႀကီးထဲ တန္ဖိုးႀကီးတစ္္ခုခုမ်ားပါေလမလားဆိုတဲ့အေတြးနဲ႕ အလုပ္ရႈပ္မခံခ်င္လို႔ဆိုၿပီး Brunswick ကေနၿပီး ျပတိုက္ကိုလာလွဴသြားခဲ့တာပါ။

ျပတိုက္ဝန္ထမ္းေတြနဲ႔တစ္ကြ ျပတိုက္ကိုလာေလ့လာၾကတဲ့ ဧည့္သည္ေတြပါမက်န္ မီးခံေသတၱာကိုဖြင့္ဖို႔ႀကိဳးစားခဲ့ေပမယ့္ လံုးဝမေအာင္ျမင္ခဲ့ၾကပါဘူး။ ဒါေၾကာင့္ သံေခ်းေတြအလိမ္းလိမ္းတက္ေနတဲ့ မီးခံေသတၱာႀကီးဟာ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာသည့္တုိင္ေအာင္ အရာမယြင္းရွိေနခဲ့တာပါ။

လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္တုန္းက Stephen Mills ဆိုတဲ့အမ်ိဳးသားဟာ မီးခံေသတၱာႀကီးရွိရာ Vermilion အေမႊအႏွစ္ထိန္းသိမ္းေရးျပတိုက္ဆီကို အမ်ိဳးသမီးရယ္၊ ကေလးေတြရယ္နဲ႔ ေဆြမ်ိဳးတခ်ိဳ႕ကိုေခၚကာ လာလည္ခဲ့ပါတယ္။

နာမည္ႀကီးေနတဲ့ မီးခံေသတၱာႀကီးနားလည္းေရာက္ေရာ၊ Stephen Mills ဟာ သူ႔ရဲ႕ကေလးႏွစ္ေယာက္ကို ဟာသလုပ္ကားခ်င္တဲ့စိတ္နဲ႔ ရုပ္ရွင္ေတြထဲကလိုမ်ိဳး အိုက္တင္ဟန္ပန္အျပည့္လုပ္ကာ မီးခံေသတၱာရဲ႕ေသာ့ပတ္ကို စလွည့္ခဲ့ပါတယ္။

မီးခံေသတၱာရဲ႕ေသာ့ပတ္မွာပါတဲ့ ဂဏန္းေတြဟာ သုညကေန ေျခာက္ဆယ္အထိ ပါေနတာကို ေတြ႔ရေတာ့ Stephen Mill တစ္ေယာက္ ဘာရယ္မဟုတ္ဘဲနဲ႔ နံပါတ္ ၂၀ ကို ညာဖက္သုိ႔ ၃ ႀကိမ္၊ နံပါတ္ ၄၀ ကို ဘယ္ဖက္သုိ႔ ၂ ႀကိမ္ နဲ႕ နံပါတ္ ၆၀ ကို ညာဖက္သုိ႔ ၁ ႀကိမ္ဆီ လွည့္အၿပီးမွာေတာ့ ခ်ေလာက္ဆိုတဲ့အသံနဲ႔အတူ အံ့ၾသစြာနဲ႔ပဲမီးခံေသတၱာႀကီးက ပြင့္သြားခဲ့ပါတယ္။

Stephen Mills တို႕ မိသားစုေတြအျပင္ ျပတိုက္ဝန္ထမ္းေတြလည္း ေတာ္ေတ္ာေလးမင္သက္ခဲ့ၾကရၿပီး ပြင့္လာတဲ့မီးခံေသတၱာႀကီးရဲ႕ အထဲကိုၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ စာရြက္တခ်ိဳ႕နဲ႔ ဖုန္ေတြကိုသာေတြ႕ခဲ့ရပါတယ္။

ျပတိုက္ဝန္ထမ္းေတြကေတာ့ မီးခံေသတၱာႀကီးကိုေနာက္ထပ္ ဘယ္ေတာ့မွေသာ့ျပန္မပိတ္ေအာင္ လုပ္ခဲ့ၾကၿပီး အေမြအႏွစ္တစ္ခုအေနနဲ႔သာ ဆက္လက္ထိန္းသိမ္းထားခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ႏွစ္ေပါင္း ၄၀ ၾကာလူတုိင္းစိတ္ဝင္စားခဲ့ၾကတဲ့ လွ်ိဳဳ႕ဝွက္ခ်က္ႀကီးက စကၠန္႔ ၃၀ ေလာက္တည္းနဲ႔ေပၚသြားၿပီး ဘာမွမဟုတ္ျပန္ေတာ့လည္း တစ္မ်ိဳးေလးေတာ့ ခံစားခ်က္ငုတ္တာေပါ့ေနာ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာမှာရှိတဲ့ ဗာမီလီယမ်မြို့လေးရဲ့ ပြတိုက်ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ခရီးသွားတွေကိုဆွဲဆောင်နေခဲ့တဲ့ အရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ မီးခံသေတ္တာကြီးပါ။

အလေးချိန် ပေါင် ၂၀၀၀ လောက်ရှိပြီး မီးခံသေတ္တာဟာဖွင့်လို့လည်းမရတာကြောင့် အထဲမှာဘာရှိနေမလဲဆိုတာကို လူကိုယ်တိုင်လာကြည့်ပြီးခန့်မှန်းရတာကိုက ခံစားချက်တစ်မျိုးဆိုပြီးယူဆခဲ့ကြပါတယ်။

မီးခံသေတ္တာကြီးဟာ Brunswick ဆိုတဲ့ ဟိုတယ်ကနေ ပြတိုက်ကိုလာလှူဒါန်းသွားခဲ့တာလို့ CBC ရဲ့ဖော်ပြချက်မှ သိခဲ့ရပါတယ်။ ဒါမေပဲ့ Brunswick ကတော့ ၁၉၇၀ ခုနှစ်ကျော်ကျော်လောက်တုန်းက ပိတ်သွားခဲ့ပါပြီ။

အဲဒီလိုပိတ်လိုက်ခဲ့တာကြောင့်လည်း ၁၉၉၀ လောက်မှာ ပစ္စည်းတွေရှင်းလင်တုန်း အထဲကိုဖွင့်ကြည့်မရခဲ့တဲ့ မီးခံသေတ္တာကြီးထဲ တန်ဖိုးကြီးတစ်ခုခုများပါလေမလားဆိုတဲ့အတွေးနဲ့ အလုပ်ရှုပ်မခံချင်လို့ဆိုပြီး Brunswick ကနေပြီး ပြတိုက်ကိုလာလှူသွားခဲ့တာပါ။

ပြတိုက်ဝန်ထမ်းတွေနဲ့တစ်ကွ ပြတိုက်ကိုလာလေ့လာကြတဲ့ ဧည့်သည်တွေပါမကျန် မီးခံသေတ္တာကိုဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် လုံးဝမအောင်မြင်ခဲ့ကြပါဘူး။ ဒါကြောင့် သံချေးတွေအလိမ်းလိမ်းတက်နေတဲ့ မီးခံသေတ္တာကြီးဟာ နှစ်ပေါင်း ၄၀ ကျော်ကြာသည့်တိုင်အောင် အရာမယွင်းရှိနေခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းက Stephen Mills ဆိုတဲ့အမျိုးသားဟာ မီးခံသေတ္တာကြီးရှိရာ Vermilion အမွှေအနှစ်ထိန်းသိမ်းရေးပြတိုက်ဆီကို အမျိုးသမီးရယ်၊ ကလေးတွေရယ်နဲ့ ဆွေမျိုးတချို့ကိုခေါ်ကာ လာလည်ခဲ့ပါတယ်။

နာမည်ကြီးနေတဲ့ မီးခံသေတ္တာကြီးနားလည်းရောက်ရော၊ Stephen Mills ဟာ သူ့ရဲ့ကလေးနှစ်ယောက်ကို ဟာသလုပ်ကားချင်တဲ့စိတ်နဲ့ ရုပ်ရှင်တွေထဲကလိုမျိုး အိုက်တင်ဟန်ပန်အပြည့်လုပ်ကာ မီးခံသေတ္တာရဲ့သော့ပတ်ကို စလှည့်ခဲ့ပါတယ်။

မီးခံသေတ္တာရဲ့သော့ပတ်မှာပါတဲ့ ဂဏန်းတွေဟာ သုညကနေ ခြောက်ဆယ်အထိ ပါနေတာကို တွေ့ရတော့ Stephen Mill တစ်ယောက် ဘာရယ်မဟုတ်ဘဲနဲ့ နံပါတ် ၂၀ ကို ညာဖက်သို့ ၃ ကြိမ်၊ နံပါတ် ၄၀ ကို ဘယ်ဖက်သို့ ၂ ကြိမ် နဲ့ နံပါတ် ၆၀ ကို ညာဖက်သို့ ၁ ကြိမ်ဆီ လှည့်အပြီးမှာတော့ ချလောက်ဆိုတဲ့အသံနဲ့အတူ အံ့သြစွာနဲ့ပဲမီးခံသေတ္တာကြီးက ပွင့်သွားခဲ့ပါတယ်။

Stephen Mills တို့ မိသားစုတွေအပြင် ပြတိုက်ဝန်ထမ်းတွေလည်း တော်တေ်ာလေးမင်သက်ခဲ့ကြရပြီး ပွင့်လာတဲ့မီးခံသေတ္တာကြီးရဲ့ အထဲကိုကြည့်လိုက်တဲ့အချိန်မှာတော့ စာရွက်တချို့နဲ့ ဖုန်တွေကိုသာတွေ့ခဲ့ရပါတယ်။

ပြတိုက်ဝန်ထမ်းတွေကတော့ မီးခံသေတ္တာကြီးကိုနောက်ထပ် ဘယ်တော့မှသော့ပြန်မပိတ်အောင် လုပ်ခဲ့ကြပြီး အမွေအနှစ်တစ်ခုအနေနဲ့သာ ဆက်လက်ထိန်းသိမ်းထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်း ၄၀ ကြာလူတိုင်းစိတ်ဝင်စားခဲ့ကြတဲ့ လျှိုု့ဝှက်ချက်ကြီးက စက္ကန့် ၃၀ လောက်တည်းနဲ့ပေါ်သွားပြီး ဘာမှမဟုတ်ပြန်တော့လည်း တစ်မျိုးလေးတော့ ခံစားချက်ငုတ်တာပေါ့နော်။
crd