“အာဏာသိမ္းဖို႔ ႀကံစည္​တယ္ဆိုၿပီး ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကို ကင္ဂ်ဳံးအြန္က ငါးစာေကၽြးၿပီး သတ္ျဖတ္” ……

(Zawgyi ျဖင္​့ဖတ္​ရန္​)

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳးအြန္ဟာ အာဏာသိမ္းဖို႔ ႀကံတယ္ဆိုၿပီး စစ္ဗုိလ္ခ်ဳပ္ႀကီးတစ္ဦးကုိ အသားစား piranha ငါးကန္ထဲ ပစ္ခ်ၿပီး သုတ္သင္ကြပ္မ်က္ခဲ့တယ္လို႔ သိရပါတယ္။

အာဏာရွင္ ကင္ဂ်ဳံးအြန္အေနနဲ႔ ေမလအတြင္းက အေမရိကန္ဆိုင္ရာ သူ႔ရဲ႕ သံတမန္ကို ရွင္းလင္းသုတ္သင္တာ အပါအ၀င္ လက္ေထာက္အကူ ေတာ္ေတာ္မ်ားမ်ားကို အစေဖ်ာက္ ရွင္းလင္းေနတာဟာ ခု ဗုိလ္ခ်ဳပ္ႀကီးက ေနာက္ဆုံးတစ္ေယာက္ျဖစ္္ေၾကာင္း အမည္မေဖာ္တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက ေျပာပါတယ္။

အခု ဗုိလ္ခ်ဳပ္ႀကီးကို အာဏာသိမ္းဖို႔ ႀကံစည္ေနတယ္ဆိုၿပီး ကင္ဂ်ဳံးအြန္ရဲ႕ ၿပံဳယမ္းမွာရွိတဲ့ ေယာင္ေဆာင္းအိမ္ေတာ္ရာက piranha အသားစားငါးကန္ထဲ ပစ္ခ်သုတ္သင္လုိက္တာျဖစ္တယ္လုိ႔ Daily Star သတင္းက ဆုိပါတယ္။

အဲဒီ အိမ္ေတာ္ရာမွာ ဗုိလ္ခ်ဳပ္ႀကီးကို ဓားနဲ႔ လက္နဲ႔ ကိုယ္လုံးကို မႊန္းၿပီး အသားစားငါးကန္ထဲ ပစ္ခ်ခဲ့တာလို႔ အဲဒီ သတင္းမွာ ေဖာ္ျပပါတယ္။ ဗုိလ္ခ်ဳပ္ႀကီးဟာ ဓားဒဏ္ရာေၾကာင့္ ေသဆုံးၿပီးမွ ငါးစာေကၽြး ခံရတာလား ဒါမွမဟုတ္ အသက္ရွိေနေသးခ်ိန္မွာပဲ အသားစားငါးကန္ထဲ ပစ္ခ်ခံရသလားဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါ။

အဲဒီ ကန္ထဲက ငါးေတြဟာ ဘရာဇီးႏိုင္ငံကေန ၀ယ္ယူေမြးျမဴထားတဲ့ ငါးေတြ ျဖစ္္ၿပီး ခၽႊန္ျမတဲ့ သြားေတြရွိၿပီး လူအေလာင္းတစ္ေလာင္ကို မိနစ္ပိုင္းနဲ႔ ကုန္ေအာင္ စားပစ္ႏုိင္ၾကတာ ျဖစ္္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ၁၉၆၅ ဂ်ိမ္းဘြန္း႐ုပ္ရွင္္ You Only Live Twice ဇာတ္ကားထဲက ဇာတ္၀င္ခန္းကို အတုယူၿပီး ခုလို ဗုိလ္ခ်ဳပ္ႀကီးကို ငါးစာေကၽြးလုိက္တာ ျဖစ္ႏိုင္ေၾကာင္း Daily Star က ေရးသားပါတယ္။

“piranha ငါးေတြနဲ႔ ငါးစာေကၽြးတယ္ဆိုတာ ကင္ဂ်ဳံးအြန္ရဲ စံျပယုဂ္ပဲ။”လို႔ ၿဗိတိန္ေထာက္လွမ္းေရးတပ္ဖြဲ႔၀င္တစ္ဦးက Daily Star ကို ေျပာပါတယ္။

“သူဟာ အေၾကာက္တရားကို ႏုိင္ငံေရးလက္နက္သဖြယ္ အသုံးခ်ေနသူပါ။ တစ္ေယာက္ေယာက္ကုိ ငါးစားေကၽြး သတ္ျဖတ္မယ္ဆိုလည္း ကင္ဂ်ဳံးအြန္အတြက္ လက္တြန္႔႔ေနမွာ မဟုတ္ဘူး။”လို႔ အဲဒီ ေထာက္လွမ္းေရး ရင္းျမစ္က ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္္ငံကို ဖခင္ျဖစ္သူ ကင္ဂ်ဳံးအီ ကြယ္လြန္ၿပီးေနာက္ အ႐ုိက္အရာ ဆက္ခံတဲ့ ကင္ဂ်ဳံးအြန္ လက္ထက္မွာ ထိပ္တန္းအရာရွိႀကီးေတြ ၁၆ ဦးအထိ ကြပ္မ်က္ပစ္ခဲ့တယ္လို႔ ယူဆရပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အာဏာသိမ်းဖို့ ကြံတယ်ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို အသားစား piranha ငါးကန်ထဲ ပစ်ချပြီး သုတ်သင်ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။

အာဏာရှင် ကင်ဂျုံးအွန်အနေနဲ့ မေလအတွင်းက အမေရိကန်ဆိုင်ရာ သူ့ရဲ့ သံတမန်ကို ရှင်းလင်းသုတ်သင်တာ အပါအဝင် လက်ထောက်အကူ တော်တော်များများကို အစဖျောက် ရှင်းလင်းနေတာဟာ ခု ဗိုလ်ချုပ်ကြီးက နောက်ဆုံးတစ်ယောက်ဖြစ်ကြောင်း အမည်မဖော်တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။

အခု ဗိုလ်ချုပ်ကြီးကို အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုပြီး ကင်ဂျုံးအွန်ရဲ့ ပြုံယမ်းမှာရှိတဲ့ ယောင်ဆောင်းအိမ်တော်ရာက piranha အသားစားငါးကန်ထဲ ပစ်ချသုတ်သင်လိုက်တာဖြစ်တယ်လို့ Daily Star သတင်းက ဆိုပါတယ်။

အဲဒီ အိမ်တော်ရာမှာ ဗိုလ်ချုပ်ကြီးကို ဓားနဲ့ လက်နဲ့ ကိုယ်လုံးကို မွှန်းပြီး အသားစားငါးကန်ထဲ ပစ်ချခဲ့တာလို့ အဲဒီ သတင်းမှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဓားဒဏ်ရာကြောင့် သေဆုံးပြီးမှ ငါးစာကျွေး ခံရတာလား ဒါမှမဟုတ် အသက်ရှိနေသေးချိန်မှာပဲ အသားစားငါးကန်ထဲ ပစ်ချခံရသလားဆိုတာကိုတော့ သေချာမသိရသေးပါ။

အဲဒီ ကန်ထဲက ငါးတွေဟာ ဘရာဇီးနိုင်ငံကနေ ဝယ်ယူမွေးမြူထားတဲ့ ငါးတွေ ဖြစ်ပြီး ချွှန်မြတဲ့ သွားတွေရှိပြီး လူအလောင်းတစ်လောင်ကို မိနစ်ပိုင်းနဲ့ ကုန်အောင် စားပစ်နိုင်ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ၁၉၆၅ ဂျိမ်းဘွန်းရုပ်ရှင် You Only Live Twice ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို အတုယူပြီး ခုလို ဗိုလ်ချုပ်ကြီးကို ငါးစာကျွေးလိုက်တာ ဖြစ်နိုင်ကြောင်း Daily Star က ရေးသားပါတယ်။

“piranha ငါးတွေနဲ့ ငါးစာကျွေးတယ်ဆိုတာ ကင်ဂျုံးအွန်ရဲ စံပြယုဂ်ပဲ။”လို့ ဗြိတိန်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးက Daily Star ကို ပြောပါတယ်။

“သူဟာ အကြောက်တရားကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေသူပါ။ တစ်ယောက်ယောက်ကို ငါးစားကျွေး သတ်ဖြတ်မယ်ဆိုလည်း ကင်ဂျုံးအွန်အတွက် လက်တွန့့်နေမှာ မဟုတ်ဘူး။”လို့ အဲဒီ ထောက်လှမ်းရေး ရင်းမြစ်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ဖခင်ဖြစ်သူ ကင်ဂျုံးအီ ကွယ်လွန်ပြီးနောက် အရိုက်အရာ ဆက်ခံတဲ့ ကင်ဂျုံးအွန် လက်ထက်မှာ ထိပ်တန်းအရာရှိကြီးတွေ ၁၆ ဦးအထိ ကွပ်မျက်ပစ်ခဲ့တယ်လို့ ယူဆရပါတယ်။
crd