မင္းသားႀကီး Tom Cruise ကို တစ္ပြဲတစ္လမ္း စိန္ေခၚလိုက္ တဲ့ Justin Bieber ရဲ႕ လုပ္​ရပ္​ ….

(Zawgyi ျဖင္​့ဖတ္​ရန္​)

ဇြန္လ ၉ ရက္ေန႕မွာေတာ့ Justin Bieber က ထူးထူးဆန္္းဆန္းစာတစ္ခုကိုေရးၿပီး သူရဲ႕ တြစ္တာမွာေရးတင္ခဲ့ပါတယ္။

အသက္၂၅ ႏွစ္အရြယ္ Justin Bieber ကေတာ့ အက္ရွင္မင္းသားႀကီး Tom Cruise ရဲ႕ အက္ရွင္ဇာတ္ကားေတြကို အၾကည့္မ်ားၿပီး အသက္ ၅၆ ႏွစ္အရြယ္ Tom Cruiseနဲ႕ တစ္ပြဲတစ္လမ္းႏႊဲဖို႔ စိတ္ကူးေပါက္သြားခဲ့ပံုပါပဲ။ သူကေတာ့ Tom Cruise ကို တစ္ပြဲေလာက္ႏႊဲဖို႔အတြက္စိတ္ေခၚခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ Justin Bieber တစ္ေယာက္ ဘာေတြျဖစ္ေနၿပီလဲလို႔ ေမးခြန္းထုတ္ေနၾကပါၿပီ။ Justin Bieberကေတာ့ ” Tom Cruise နဲ႔ octagon မွာ တစ္ပြဲတစ္လမ္းႏႊဲဖို႔အတြက္ စိန္ေခၚခ်င္တယ္။

ဒီစိန္ေခၚမႈကို လက္မခံရင္ေတာ့ ေၾကာက္တတ္တဲ့သူအျဖစ္နဲ႔ အတိတ္ကိုစဥ္းစားတိုင္း အရွက္ရေနေတာ့လိမ့္မယ္ Tom. ဒီပြဲကို ဘယ္သူ ဘယ္သူ ပါခ်င္ေသးလဲ ” လို႔ေရးထားၿပီး UFC ရဲ႕ ေခါင္းေဆာင္ Dana White ကိုလည္း mention ေခၚထားပါေသးတယ္။

Justin ကေတာ့ လက္ေဝွ႕ကၽြမ္းက်င္တဲ့သူတစ္ေယာက္ျဖစ္ၿပီး ကိုယ္ခံပညာလည္းတတ္တဲ့သူတစ္ေယာက္ပါ။ ဒါေပမဲ့ Tomကေတာ့ ကိုယ္ပိုင္စတန္႔ကြက္ေတြဖန္တီးေနတဲ့ မင္းသားတစ္ေယာက္ျဖစ္တဲ့အျပင္ ေတာ္ေတာ္ေလးလည္း အၾကမ္းခံတဲ့ မင္းသားတစ္ေယာက္ပါ။

ပရိသတ္ေတြကေတာ့ Justin က ဘာမ်ား ရမွာမလို႔ ဒီလိုUFC ဆန္ဆန္ၿပိဳင္ပြဲလုပ္ၿပီး ဖိုက္ခ်င္ေနရတာလဲလို႔ စိတ္ဝင္စားေနၾကပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီကိစၥနဲ႔ပတ္သတ္ၿပီး အျမင္မၾကည္တဲ့ ေဝဖန္ခ်က္ေတြနဲ႔ ေျပာဆိုေနၾကပါတယ္။
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

ဇွန်လ ၉ ရက်နေ့မှာတော့ Justin Bieber က ထူးထူးဆန်းဆန်းစာတစ်ခုကိုရေးပြီး သူရဲ့ တွစ်တာမှာရေးတင်ခဲ့ပါတယ်။

အသက်၂၅ နှစ်အရွယ် Justin Bieber ကတော့ အက်ရှင်မင်းသားကြီး Tom Cruise ရဲ့ အက်ရှင်ဇာတ်ကားတွေကို အကြည့်များပြီး အသက် ၅၆ နှစ်အရွယ် Tom Cruiseနဲ့ တစ်ပွဲတစ်လမ်းနွှဲဖို့ စိတ်ကူးပေါက်သွားခဲ့ပုံပါပဲ။ သူကတော့ Tom Cruise ကို တစ်ပွဲလောက်နွှဲဖို့အတွက်စိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ Justin Bieber တစ်ယောက် ဘာတွေဖြစ်နေပြီလဲလို့ မေးခွန်းထုတ်နေကြပါပြီ။ Justin Bieberကတော့ ” Tom Cruise နဲ့ octagon မှာ တစ်ပွဲတစ်လမ်းနွှဲဖို့အတွက် စိန်ခေါ်ချင်တယ်။

ဒီစိန်ခေါ်မှုကို လက်မခံရင်တော့ ကြောက်တတ်တဲ့သူအဖြစ်နဲ့ အတိတ်ကိုစဉ်းစားတိုင်း အရှက်ရနေတော့လိမ့်မယ် Tom. ဒီပွဲကို ဘယ်သူ ဘယ်သူ ပါချင်သေးလဲ ” လို့ရေးထားပြီး UFC ရဲ့ ခေါင်းဆောင် Dana White ကိုလည်း mention ခေါ်ထားပါသေးတယ်။

Justin ကတော့ လက်ဝှေ့ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာလည်းတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ Tomကတော့ ကိုယ်ပိုင်စတန့်ကွက်တွေဖန်တီးနေတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် တော်တော်လေးလည်း အကြမ်းခံတဲ့ မင်းသားတစ်ယောက်ပါ။

ပရိသတ်တွေကတော့ Justin က ဘာများ ရမှာမလို့ ဒီလိုUFC ဆန်ဆန်ပြိုင်ပွဲလုပ်ပြီး ဖိုက်ချင်နေရတာလဲလို့ စိတ်ဝင်စားနေကြပါတယ်။ ပရိသတ်တော်တော်များများကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမြင်မကြည်တဲ့ ဝေဖန်ချက်တွေနဲ့ ပြောဆိုနေကြပါတယ်။
Crd