လူေထာင္ေက်ာ္အတြက္အက်ိဳးျပဳေစမယ့္တံတားကို အိုစာမင္းစာ စုထားတဲ့ ပင္စင္လစာေတြနဲ႔ေဆာက္ေပးခဲ့သူ ….

(Zawgyi ျဖင္​့ဖတ္​ရန္​)

ကမၻာေပၚကေနရာတုိင္းဟာ ဖြံ႕ၿဖိဳးတိုးတက္ၿပီး လမ္းပမ္းဆက္သြယ္ေရးလည္း ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေနဖို႕ဆိုတာ အခုအခ်ိန္အထိေတာ့မျဖစ္ႏုိင္ေသးပါဘူး။

မမွ်တဘူးပဲေျပာေျပာ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ေဒသေတြဟာဆိုရင္လည္း လူေနမႈကအစ အရမ္းျမင့္မားေနသလို မျပည့္စံုတဲ့ေဒသေတြက်ျပန္ေတာ့လည္း တစ္ေနရာနဲ႔တစ္ေနရာကို သြားဖို႕လာဖို႕ေတာင္ အႏုိင္ႏုိင္ရယ္ပါ။

အစိုးရဖက္ကလည္း တတ္ႏုိင္သေလာက္ လမ္းပမ္းဆက္သြယ္ေရးခ်ာေမြ႕ေအာင္ လမ္းေတြျပဳျပင္၊ တံတားေတြတည္ေဆာက္ေပးေနတယ္ဆိုေပမယ့္လည္း အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ မၿပီးမစီးႏုိင္တာေတြ၊ လုပ္ငန္းမစႏုိင္ေသးတာေတြျဖစ္လို႕ေနပါတယ္။

အဲဒီလိုေဒသေတြထဲ အိႏိၵယႏုိင္ငံက အိုဒီရွာက ကန္ပြားရြာေလးလည္း ပါဝင္ေနပါတယ္။ ကမ္ပြားရြာနဲ႕အနီးအနားမွာရွိတဲ့ တျခားရြာ ၆ ရြာေလာက္ဟာ စီးပြားေရးအရပဲျဖစ္ျဖစ္ တျခားအေျခအေနေတြေၾကာင့္ပဲျဖစ္ တစ္ေနရာကတစ္ေနရာသြားခ်င္ရင္ဒါမွမဟုတ္ ၿမိဳ႕ေပၚသြားခ်င္တဲ့အခါမ်ိဳးေတြမွာဆို ေတာေတြေခ်ာင္းေတြထဲကျဖတ္ၿပီး ခက္ခက္ခဲခဲ ခရီးသြားၾကရပါတယ္။

လမ္းခရီးဟာ ၾကမ္းတမ္းၿပီး မေတ္ာတဆမႈေတြလည္း ျဖစ္ႏုိင္ေပမယ့္လည္း အဲဒီျဖတ္လမ္းကလြဲၿပီး က်န္တဲ့လမ္းက မေပါက္ျပန္ေတာ့ အခ်ိန္ပင့္ေစမယ့္ ျဖတ္လမ္းကိုသာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္အသံုးျပဳခဲ့ၾကရပါတယ္။

ဒီလိုအခက္အခဲေတြေၾကာင့္ ရြာနားနီးစပ္ေတြဆီက ေငြေၾကးစုေဆာင္းၿပီး တံတားေဆာက္ေပးေနခပမယ့္လည္း ေငြေၾကးအခက္အခဲေတြေၾကာင့္ တံတားႀကီီးဟာ ေဆာက္လက္စအေနအထားမ်ိဳးနဲ႔ ၁၄ ႏွစ္ၾကာတာေတာင္ မၿပီးစီးခဲ့ပါဘူး။ အစိုးရနဲ႔ပရဟိတအဖြဲ႕အစည္းေတြကို ေျပာခဲ့ေပမယ့္လည္း ျပန္လည္ဆက္သြယ္မလာခဲ့ၾကတာကို ခံခဲဲ့ရပါတယ္။

အခက္အခဲေတြကိုထုိင္ၾကည့္မေနႏုိင္ေတာ့တဲ့ ပုဂၢိဳလ္တစ္ေယာက္ကေတာ့ သူ႕ရဲ႕ပင္စင္လစာေတြအကုန္လံုးကို စားဖို႕ေသာက္ဖို႕ေလာက္ပဲခ်န္ကာ ရသမွ်အကုန္လံုးကို တံတားတည္ေဆာက္ေရး ရံပံုေငြထဲ ထည့္ေပးခဲ့ၿပီး အျမန္ဆံုးတံတားႀကီးကို တည္ေဆာက္မႈၿပီးစီးေအာင္တြန္းအားေပးခဲ့ပါတယ္။ သူ႕နာမည္ကေတာ့ Gangadhar Rout ပါ။

အသက္ ၇၆ ႏွစ္ရွိေနၿပီျဖစ္ၿပီး လူခ်မ္းသာတစ္ဦး မဟုတ္ပါဘူး။ အမ်ားျပည္သူအတြက္ လုိအပ္တဲ့ တံတားေဆာက္လုပ္ဖို႔ကိုေတာ အိုစာမင္းစာအျဖစ္ တစ္ဘ၀လံုး စုေဆာင္းလာတဲ့ အိႏိၵယရူပီး ၁၂ သိန္းေက်ာ္ေလာက္(သိန္း ၂၆၀ ခန္႔)ကို တစ္ခါတည္းလွဴပစ္ခဲ့ပါတယ္။

မိုးရာသီေရာက္ရင္ ျဖတ္လမ္းအျဖစ္ အသံုးျပဳေနတဲ့ ျမစ္ဟာ အခုအခ်ိန္မွာ ခမ္းေနေပမယ့္ မိုးႀကီးၿပီဆို ေရႀကီးတတ္တာမလို႕ လူအေသအေပ်ာက္ေတြလည္း ရွိလ်က္ေနပါတယ္။ ဒါေၾကာင့္ Rout ဟာ တံတားကိုတာဝန္ယူတည္ေဆာက္လ်က္ရွိေနတဲ့ Hatadihi ေဆာက္လုပ္ေရးကို မိုးတြင္းအမီေဆာက္ေပးဖို႕အတြက္ပါ ေတာင္းဆိုခဲ့ပါေသးတယ္။

အဖိုးဟာ အစကေတာ့ပင္စင္လစာေလးနဲ႔ မိသားစုစားေသာက္ေရးအတြက္ ကားေလးတစ္စီးေလာက္ဝယ္ၿပီး ငွားပဲစားစား၊ ကိုယ္တုိင္အေမာင္းပဲလိုက္လိုက္ လုပ္မယ္လို႕စိတ္ကူးထားခဲ့ေပမယ့္လည္း တံတားအေၾကာင္း ၾကားမိတိုင္း စိတ္မခ်မ္းေျမ႕ျဖစ္ရတဲ့အတြက္ လွဴလိုက္ဖို႕စိတ္ပိုင္းျဖတ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ စိတ္ခ်လက္ခ်မ်က္လံုးမွွိတ္ႏုိ္င္ပါၿပီဆိုၿပီး ေျပာခဲ့ပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

ကမ္ဘာပေါ်ကနေရာတိုင်းဟာ ဖွံ့ဖြိုးတိုးတက်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ချောချောမွေ့မွေ့ဖြစ်နေဖို့ဆိုတာ အခုအချိန်အထိတော့မဖြစ်နိုင်သေးပါဘူး။

မမျှတဘူးပဲပြောပြော ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတွေဟာဆိုရင်လည်း လူနေမှုကအစ အရမ်းမြင့်မားနေသလို မပြည့်စုံတဲ့ဒေသတွေကျပြန်တော့လည်း တစ်နေရာနဲ့တစ်နေရာကို သွားဖို့လာဖို့တောင် အနိုင်နိုင်ရယ်ပါ။

အစိုးရဖက်ကလည်း တတ်နိုင်သလောက် လမ်းပမ်းဆက်သွယ်ရေးချာမွေ့အောင် လမ်းတွေပြုပြင်၊ တံတားတွေတည်ဆောက်ပေးနေတယ်ဆိုပေမယ့်လည်း အခြေအနေအကြောင်းကြောင်းကြောင့် မပြီးမစီးနိုင်တာတွေ၊ လုပ်ငန်းမစနိုင်သေးတာတွေဖြစ်လို့နေပါတယ်။

အဲဒီလိုဒေသတွေထဲ အိန္ဒိယနိုင်ငံက အိုဒီရှာက ကန်ပွားရွာလေးလည်း ပါဝင်နေပါတယ်။ ကမ်ပွားရွာနဲ့အနီးအနားမှာရှိတဲ့ တခြားရွာ ၆ ရွာလောက်ဟာ စီးပွားရေးအရပဲဖြစ်ဖြစ် တခြားအခြေအနေတွေကြောင့်ပဲဖြစ် တစ်နေရာကတစ်နေရာသွားချင်ရင်ဒါမှမဟုတ် မြို့ပေါ်သွားချင်တဲ့အခါမျိုးတွေမှာဆို တောတွေချောင်းတွေထဲကဖြတ်ပြီး ခက်ခက်ခဲခဲ ခရီးသွားကြရပါတယ်။

လမ်းခရီးဟာ ကြမ်းတမ်းပြီး မတေ်ာတဆမှုတွေလည်း ဖြစ်နိုင်ပေမယ့်လည်း အဲဒီဖြတ်လမ်းကလွဲပြီး ကျန်တဲ့လမ်းက မပေါက်ပြန်တော့ အချိန်ပင့်စေမယ့် ဖြတ်လမ်းကိုသာ နှစ်ပေါင်းများစွာကြာအောင်အသုံးပြုခဲ့ကြရပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် ရွာနားနီးစပ်တွေဆီက ငွေကြေးစုဆောင်းပြီး တံတားဆောက်ပေးနေခပမယ့်လည်း ငွေကြေးအခက်အခဲတွေကြောင့် တံတားကြီးဟာ ဆောက်လက်စအနေအထားမျိုးနဲ့ ၁၄ နှစ်ကြာတာတောင် မပြီးစီးခဲ့ပါဘူး။ အစိုးရနဲ့ပရဟိတအဖွဲ့အစည်းတွေကို ပြောခဲ့ပေမယ့်လည်း ပြန်လည်ဆက်သွယ်မလာခဲ့ကြတာကို ခံခဲ့ရပါတယ်။

အခက်အခဲတွေကိုထိုင်ကြည့်မနေနိုင်တော့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ သူ့ရဲ့ပင်စင်လစာတွေအကုန်လုံးကို စားဖို့သောက်ဖို့လောက်ပဲချန်ကာ ရသမျှအကုန်လုံးကို တံတားတည်ဆောက်ရေး ရံပုံငွေထဲ ထည့်ပေးခဲ့ပြီး အမြန်ဆုံးတံတားကြီးကို တည်ဆောက်မှုပြီးစီးအောင်တွန်းအားပေးခဲ့ပါတယ်။ သူ့နာမည်ကတော့ Gangadhar Rout ပါ။

အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပြီး လူချမ်းသာတစ်ဦး မဟုတ်ပါဘူး။ အများပြည်သူအတွက် လိုအပ်တဲ့ တံတားဆောက်လုပ်ဖို့ကိုတော အိုစာမင်းစာအဖြစ် တစ်ဘဝလုံး စုဆောင်းလာတဲ့ အိန္ဒိယရူပီး ၁၂ သိန်းကျော်လောက်(သိန်း ၂၆၀ ခန့်)ကို တစ်ခါတည်းလှူပစ်ခဲ့ပါတယ်။

မိုးရာသီရောက်ရင် ဖြတ်လမ်းအဖြစ် အသုံးပြုနေတဲ့ မြစ်ဟာ အခုအချိန်မှာ ခမ်းနေပေမယ့် မိုးကြီးပြီဆို ရေကြီးတတ်တာမလို့ လူအသေအပျောက်တွေလည်း ရှိလျက်နေပါတယ်။ ဒါကြောင့် Rout ဟာ တံတားကိုတာဝန်ယူတည်ဆောက်လျက်ရှိနေတဲ့ Hatadihi ဆောက်လုပ်ရေးကို မိုးတွင်းအမီဆောက်ပေးဖို့အတွက်ပါ တောင်းဆိုခဲ့ပါသေးတယ်။

အဖိုးဟာ အစကတော့ပင်စင်လစာလေးနဲ့ မိသားစုစားသောက်ရေးအတွက် ကားလေးတစ်စီးလောက်ဝယ်ပြီး ငှားပဲစားစား၊ ကိုယ်တိုင်အမောင်းပဲလိုက်လိုက် လုပ်မယ်လို့စိတ်ကူးထားခဲ့ပေမယ့်လည်း တံတားအကြောင်း ကြားမိတိုင်း စိတ်မချမ်းမြေ့ဖြစ်ရတဲ့အတွက် လှူလိုက်ဖို့စိတ်ပိုင်းဖြတ်ခဲ့တာဖြစ်ပြီး အခုဆိုရင် စိတ်ချလက်ချမျက်လုံးမှှိတ်နိုင်ပါပြီဆိုပြီး ပြောခဲ့ပါတယ်။
crd