ေနမရွိိ လမရွိ ေကာင္းကင္မရွိတဲ့ၿမဳိ႕ (သို႔) သဲကႏာၱရထဲက ထူးျခားလွတဲ့ ေျမေအာက္ၿမဳိ႕ေတာ္ ……

(Zawgyi ျဖင္​့ဖတ္​ရန္​)

ကမာၻေပၚက ထူးထူးျခားျခားၿမဳိ႕ေတြထဲမွာ ၾသစေၾတးလ်က ၿမဳိ႕တစ္ၿမုိ႕လည္းပါ၀င္ပါတယ္။ ေနမရွိ လမရွိ ေကာင္းကင္မရွိိတဲ့ၿမဳိ႕လုိ႔ ဒီၿမဳိ႕ကိုတင္စားေခၚေ၀ၚၾကပါတယ္။ မရွိရတဲ့အေၾကာင္းကေတာ့ ဒီၿမုိ႕ကို ေျမႀကီးေအာက္မွာတည္ေဆာက္ထားလုိ႔ ျဖစ္ပါတယ္။

ဒီၿမဳိ႕ရဲ႕နာမည္က ကူဘာပီးဒီး Coober Pedy ပါ။ ဒါေပမယ့္ မ်ားျပားၿပီး တန္ဖုိးရွိတဲ့ ေက်ာက္ေၾကာက္မ်ားစြာ ဟာ ဒီေနရာကမုိင္းတြင္းေတြမွာ ထြက္ရွိတာေၾကာင့္ “ကမာၻေပၚက ေၾကာင္ေက်ာက္ၿမဳိ႕ေတာ္” ဆုိၿပီး လူသိမ်ားပါတယ္။

ၾသစေၾတးလ်ေတာင္ပုိင္း သဲကႏာၱရထဲမွာတည္ရွိတဲ့ၿမဳိ႕တစ္ၿမဳိ႕ျဖစ္ပါတယ္။ လူေနအိမ္အမ်ားစုကို ေျမေအာက္မွာတည္ေဆာက္ထားတာျဖစ္တာေၾကာင့္ ၿမုိ႕တည္ရွိရာေနရာကို ေကာင္းကင္ကေနၾကည့္ရင္ေတာ့ အေဆာက္အအုံအနည္းငယ္သာျမင္ရမွာျဖစ္ၿပီး ၿမဳိ႕လုိ႔ေတာင္ထင္စရာ အေၾကာင္းမရွိပါဘူး။

Coober Pedy ၿမဳိ႕ကုိ ၁၉၁၅ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ရက္ေန႔မွာ စတင္တည္ေထာင္ခဲ့တာပါ။ ဒီၿမဳိ႕မွာ ေၾကာင္ေက်ာက္တူးေဖာ္တဲ့ကြင္း ၇၀ ခန္႔ရွိၿပီး ကမာၻပၚမွာ ေၾကာင္ေက်ာက္အမ်ားဆုံး ထြက္ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက လူသိနည္းတဲ့ၿမဳိ႕တစ္ၿမဳိ႕သာျဖစ္ခဲ့ၿပီး ၁၉၈၁ခုႏွစ္မွာေတာ့ ေျမေအာက္အိမ္မ်ားေၾကာင့္ ကမာၻကသိလာခဲ့ပါတယ္။

ဒီလုိေျမေအာက္မွာ အိမ္ေတြေဆာက္လုပ္ေနထုိင္ရတဲ့ အေၾကာင္းကေတာ့ ဒီလုိပါ။ ဒီၿမဳိ႕မွာေနထုိင္တဲ့သူေတြဟာ မူရင္းေဒသခံေတြမဟုတ္ပဲ သတၱဳတြင္းတူးရန္ေရာက္ရွိလာတဲ့ အလုပ္သမား လူျဖဴေတြျဖစ္ပါတယ္။

သူတုိ႔ဟာ ေရာက္ရွိလာစဥ္မွာ အိမ္ယာအတည္တက် ေဆာက္လုပ္ေနထုိင္ျခင္း မရွိပဲ ေျမေအာက္သတၱဳတြင္းေဟာင္းေတြကို အိမ္လုပ္ၿပီးေနထုိင္ၾကပါတယ္။ ဒါေၾကာင့္ ေဒသခံေတြက ဒီၿမဳိ႕ကုိ ၾသစေၾတးလ်တုိင္းရင္းသားစကားနဲ႔ ကူဘာပီးဒီး Coober Pedy လုိ႔ အမည္ေပးလုိက္ၾကပါတယ္။ အဓိပၸါယ္ကေတာ့ တြင္းေအာင္းလူျဖဴ ပါတဲ့။

ေနာက္တစ္ခ်က္ကေတာ့ ဒီေဒသရဲ႕ အပူခ်ိန္ပါ။ ဒီေဒသရဲ႕ အပူခ်ိန္ဟာ အလြန္ျမင့္မားၿပီး အပူဆုံးအခ်ိန္ေတြမွာ ၅၁ဒီဂရီဆဲစီးယပ္အထိ ရွိတာေၾကာင့္ ၿမဳိ႕မွာဆက္လက္ေနထုိင္ၾကသူေတြဟာ ေျမျပင္ေပၚမွာ အိမ္ေဆာက္လုပ္ေနထုိင္ျခင္း မျပဳပဲ အပူသက္သာတဲ့ ေျမေအာက္မွာသာ ဆက္ၿပီးေနထုိင္ၾကပါတယ္။

ေျမေအာက္မွာဆုိရင္ေတာ့ အပူခ်ိန္ဟာ ၂၅ဒီဂရီဆဲစီးယပ္ပဲရွိကာ ေလေအးေပးစက္ေတြေတာင္ တပ္ဖုိ႔မလုိပါဘူး။ ဂူေတြကိုလည္း အိမ္ေတြသဖြယ္ ခမ္းခမ္းနားနားျပင္ဆင္ထားၾကပါတယ္။

ေျမေပၚမွာတည္ေဆာက္မယ္ဆုိရင္ ရာသီဥတုပူျပင္းလြန္းတာအျပင္ ကႏာၱရေဒသ ျဖစ္တာေၾကာင့္ သစ္နဲ႔ အျခားေဆာက္လုပ္ေရးပစၥည္းမ်ားရွားပါးကာ အိမ္တည္ေဆာက္မႈစရိတ္ အလြန္ကုန္က်ႏုိင္ပါတယ္။

ဒါေၾကာင့္တၿမဳိ႕လုံးနီးပါး ေျမေအာက္မွာပဲေနထုိင္ၾကေတာ့လုိ႔ လူဦးေရ ၂၀၀၀ ခန္႔သာေနထုိင္တဲ့ ဒီၿမုိ႕ကေလးဟာ ေျမေအာက္ၿမဳိ႕ေတာ္အျဖစ္နာမည္ႀကီးရျခင္းျဖစ္ပါတယ္။

ေျမေအာက္အိမ္ဆုိေပမယ့္ ေျမျပင္ေပၚကအိမ္လုိပဲ ပါသင့္ပါထုိင္တဲ့အခန္းေတြအကုန္ပါပါတယ္။ ေျမေအာက္လုိဏ္ဂူအိမ္တစ္ခုမွာ အိပ္ခန္း ၃ခန္းအျပင္ ဧည့္ခန္း ၊ မီးဖုိေခ်ာင္ နဲ႔ ေရခ်ဳိးခန္းအိမ္သာတုိ႔ပါ ပါ၀င္ပါေသးတယ္။

သူတုိ႔ရဲ႕ေျမေအာက္အိမ္ေတြကုိ Dugout လို႔ေခၚပါတယ္။ ပုံမွန္ေျမေအာက္အိမ္တစ္လုံးရဲ႕တန္ဖုိးဟာ ေဒၚလာ ၂ေသာင္းခြဲ၀န္းက်င္ တန္ဖုိးရွိၿပီး တခ်ဳိ႕ခ်မ္းသာသူေတြဆုိရင္ ေရကူးကန္ေတြကိုပါ ထည့္သြင္းတည္ေဆာက္ထားပါေသးတယ္။

လုိဏ္ဂူအိမ္ေတြရဲ႕အတြင္းဘက္အေရာင္ကေတာ့ မူလေက်ာက္ေျမရဲ႕အေရာင္ နီညဳိေရာင္ျဖစ္ပါတယ္။ ေျမေအာက္အိမ္ေတြကုိ လမ္းေၾကာင္းေတြနဲ႔ ဆက္စပ္ထားၿပီး ေျမေအာက္ထဲမွာပဲ ေက်ာင္း၊

ဘဏ္၊ စာအုပ္ဆုိင္ ၊ ေစ်းဆုိင္ ၊ စားေသာက္ဆုိင္ ၊ အရက္ဘား ၊ ေက်ာက္မ်က္ရတနာအေရာင္းဆုိင္၊ ျပတုိက္ နဲ႔ ဘုရားရွိခုိးေက်ာင္းေတြပါ ရွိေနပါေသးတယ္။ ေျမေအာက္မွာတည္ေဆာက္ထားေပမယ့္ ေတာင္ကမ္းပါး နံေဘးကေန ထြက္ေဖာက္တည္ေဆာက္ထားတာေၾကာင့္ ေလ၀င္ေလထြက္စနစ္မွ်တၿပီး မုိးရြာလုိ႔ေရျမဳပ္မွာကိုလည္း ပူစရာမလုိပါဘူး။

ဒါေတြတင္မကေသးပါဘူး။ ဒီေျမေအာက္ၿမဳိ႕မွာ ဟုိတယ္ေတြလည္း ရွိေနပါေသးတယ္။နာမည္အႀကီးဆုံးဟိုတယ္ကေတာ့ Desert Cave Hotel ကႏၱာရလိုဏ္ဂူဟုိတယ္ ျဖစ္ပါတယ္။ ဒီဟိုတယ္ကိုေတာ့ ဒီၿမဳိ႕သားတစ္ေယာက္ျဖစ္တဲ့ Umbeto Coro က ၁၉၈၁ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တာပါ။

အဲဒီအခ်ိန္ကတည္းက ဒီၿမုိ႕ဟာ ေနာင္တခ်ိန္မွာ ကမာၻလွည့္ခရီးသြားေတြလာ အမ်ားအျပားလာေရာက္လိမ့္မယ္လုိ႔ ခန္႔မွန္းမိခဲ့လုိ႔ျဖစ္ပါတယ္။ သူမွန္းထားတဲ့အတုိင္း ဒီေန႔အခ်ိန္မွာေတာ့ ဒီေနရာဟာ ခရီးသြားေတြမၾကာခဏ အလည္အပတ္လာေရာက္တဲ့ေနရာျဖစ္လာၿပီး သူ႔ရဲ႕ဟုိတယ္မွာပဲ တည္းခုိေနၾကပါတယ္။

ဒီေန႔ဆုိရင္ ဒီၿမဳိ႕ရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း ၁၀၄ႏွစ္ရွိသြားၿပီျဖစ္ၿပီး ၂၀၁၅ခုႏွစ္တုန္းက ၿမဳိ႕ႏွစ္ ၁၀၀ ျပည့္ကို ဆင္ႏြဲခဲ့ပါေသးတယ္။ ေႏြရာသီမွာပူလြန္းၿပီး ေဆာင္းရာသီမွာေအးလြန္းတဲ့ ဒီေဒသကို သြားေရာက္လည္ပတ္ဖုိ႔ အေကာင္းဆုံးအခ်ိန္ကေတာ့ ဧၿပီလကေန ေအာက္တုိဘာလအတြင္း ျဖစ္ပါတယ္။

ဒီေနရာကိုသြားခ်င္တယ္ဆုိရင္ေတာ့ ၾသစေၾတးလ်ေတာင္ပုိင္းၿမဳိ႕ Adelaide ကေန ၂၆မုိင္ခရီး ရထားစီးကာ သြားေရာက္ရမွာျဖစ္ပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

ကမ္ဘာပေါ်က ထူးထူးခြားခြားမြို့တွေထဲမှာ သြစတြေးလျက မြို့တစ်မြို့လည်းပါဝင်ပါတယ်။ နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့လို့ ဒီမြို့ကိုတင်စားခေါ်ဝေါ်ကြပါတယ်။ မရှိရတဲ့အကြောင်းကတော့ ဒီမြို့ကို မြေကြီးအောက်မှာတည်ဆောက်ထားလို့ ဖြစ်ပါတယ်။

ဒီမြို့ရဲ့နာမည်က ကူဘာပီးဒီး Coober Pedy ပါ။ ဒါပေမယ့် များပြားပြီး တန်ဖိုးရှိတဲ့ ကျောက်ကြောက်များစွာ ဟာ ဒီနေရာကမိုင်းတွင်းတွေမှာ ထွက်ရှိတာကြောင့် “ကမ္ဘာပေါ်က ကြောင်ကျောက်မြို့တော်” ဆိုပြီး လူသိများပါတယ်။

သြစတြေးလျတောင်ပိုင်း သဲကန္တာရထဲမှာတည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လူနေအိမ်အများစုကို မြေအောက်မှာတည်ဆောက်ထားတာဖြစ်တာကြောင့် မြို့တည်ရှိရာနေရာကို ကောင်းကင်ကနေကြည့်ရင်တော့ အဆောက်အအုံအနည်းငယ်သာမြင်ရမှာဖြစ်ပြီး မြို့လို့တောင်ထင်စရာ အကြောင်းမရှိပါဘူး။

Coober Pedy မြို့ကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီမြို့မှာ ကြောင်ကျောက်တူးဖော်တဲ့ကွင်း ၇၀ ခန့်ရှိပြီး ကမ္ဘာပါ်မှာ ကြောင်ကျောက်အများဆုံး ထွက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လူသိနည်းတဲ့မြို့တစ်မြို့သာဖြစ်ခဲ့ပြီး ၁၉၈၁ခုနှစ်မှာတော့ မြေအောက်အိမ်များကြောင့် ကမ္ဘာကသိလာခဲ့ပါတယ်။

ဒီလိုမြေအောက်မှာ အိမ်တွေဆောက်လုပ်နေထိုင်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။ ဒီမြို့မှာနေထိုင်တဲ့သူတွေဟာ မူရင်းဒေသခံတွေမဟုတ်ပဲ သတ္တုတွင်းတူးရန်ရောက်ရှိလာတဲ့ အလုပ်သမား လူဖြူတွေဖြစ်ပါတယ်။

သူတို့ဟာ ရောက်ရှိလာစဉ်မှာ အိမ်ယာအတည်တကျ ဆောက်လုပ်နေထိုင်ခြင်း မရှိပဲ မြေအောက်သတ္တုတွင်းဟောင်းတွေကို အိမ်လုပ်ပြီးနေထိုင်ကြပါတယ်။ ဒါကြောင့် ဒေသခံတွေက ဒီမြို့ကို သြစတြေးလျတိုင်းရင်းသားစကားနဲ့ ကူဘာပီးဒီး Coober Pedy လို့ အမည်ပေးလိုက်ကြပါတယ်။ အဓိပ္ပါယ်ကတော့ တွင်းအောင်းလူဖြူ ပါတဲ့။

နောက်တစ်ချက်ကတော့ ဒီဒေသရဲ့ အပူချိန်ပါ။ ဒီဒေသရဲ့ အပူချိန်ဟာ အလွန်မြင့်မားပြီး အပူဆုံးအချိန်တွေမှာ ၅၁ဒီဂရီဆဲစီးယပ်အထိ ရှိတာကြောင့် မြို့မှာဆက်လက်နေထိုင်ကြသူတွေဟာ မြေပြင်ပေါ်မှာ အိမ်ဆောက်လုပ်နေထိုင်ခြင်း မပြုပဲ အပူသက်သာတဲ့ မြေအောက်မှာသာ ဆက်ပြီးနေထိုင်ကြပါတယ်။

မြေအောက်မှာဆိုရင်တော့ အပူချိန်ဟာ ၂၅ဒီဂရီဆဲစီးယပ်ပဲရှိကာ လေအေးပေးစက်တွေတောင် တပ်ဖို့မလိုပါဘူး။ ဂူတွေကိုလည်း အိမ်တွေသဖွယ် ခမ်းခမ်းနားနားပြင်ဆင်ထားကြပါတယ်။

မြေပေါ်မှာတည်ဆောက်မယ်ဆိုရင် ရာသီဥတုပူပြင်းလွန်းတာအပြင် ကန္တာရဒေသ ဖြစ်တာကြောင့် သစ်နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းများရှားပါးကာ အိမ်တည်ဆောက်မှုစရိတ် အလွန်ကုန်ကျနိုင်ပါတယ်။

ဒါကြောင့်တမြို့လုံးနီးပါး မြေအောက်မှာပဲနေထိုင်ကြတော့လို့ လူဦးရေ ၂၀၀၀ ခန့်သာနေထိုင်တဲ့ ဒီမြို့ကလေးဟာ မြေအောက်မြို့တော်အဖြစ်နာမည်ကြီးရခြင်းဖြစ်ပါတယ်။

မြေအောက်အိမ်ဆိုပေမယ့် မြေပြင်ပေါ်ကအိမ်လိုပဲ ပါသင့်ပါထိုင်တဲ့အခန်းတွေအကုန်ပါပါတယ်။ မြေအောက်လိုဏ်ဂူအိမ်တစ်ခုမှာ အိပ်ခန်း ၃ခန်းအပြင် ဧည့်ခန်း ၊ မီးဖိုချောင် နဲ့ ရေချိုးခန်းအိမ်သာတို့ပါ ပါဝင်ပါသေးတယ်။

သူတို့ရဲ့မြေအောက်အိမ်တွေကို Dugout လို့ခေါ်ပါတယ်။ ပုံမှန်မြေအောက်အိမ်တစ်လုံးရဲ့တန်ဖိုးဟာ ဒေါ်လာ ၂သောင်းခွဲဝန်းကျင် တန်ဖိုးရှိပြီး တချို့ချမ်းသာသူတွေဆိုရင် ရေကူးကန်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

လိုဏ်ဂူအိမ်တွေရဲ့အတွင်းဘက်အရောင်ကတော့ မူလကျောက်မြေရဲ့အရောင် နီညိုရောင်ဖြစ်ပါတယ်။ မြေအောက်အိမ်တွေကို လမ်းကြောင်းတွေနဲ့ ဆက်စပ်ထားပြီး မြေအောက်ထဲမှာပဲ ကျောင်း၊

ဘဏ်၊ စာအုပ်ဆိုင် ၊ ဈေးဆိုင် ၊ စားသောက်ဆိုင် ၊ အရက်ဘား ၊ ကျောက်မျက်ရတနာအရောင်းဆိုင်၊ ပြတိုက် နဲ့ ဘုရားရှိခိုးကျောင်းတွေပါ ရှိနေပါသေးတယ်။ မြေအောက်မှာတည်ဆောက်ထားပေမယ့် တောင်ကမ်းပါး နံဘေးကနေ ထွက်ဖောက်တည်ဆောက်ထားတာကြောင့် လေဝင်လေထွက်စနစ်မျှတပြီး မိုးရွာလို့ရေမြုပ်မှာကိုလည်း ပူစရာမလိုပါဘူး။

ဒါတွေတင်မကသေးပါဘူး။ ဒီမြေအောက်မြို့မှာ ဟိုတယ်တွေလည်း ရှိနေပါသေးတယ်။နာမည်အကြီးဆုံးဟိုတယ်ကတော့ Desert Cave Hotel ကန္တာရလိုဏ်ဂူဟိုတယ် ဖြစ်ပါတယ်။ ဒီဟိုတယ်ကိုတော့ ဒီမြို့သားတစ်ယောက်ဖြစ်တဲ့ Umbeto Coro က ၁၉၈၁ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။

အဲဒီအချိန်ကတည်းက ဒီမြို့ဟာ နောင်တချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေလာ အများအပြားလာရောက်လိမ့်မယ်လို့ ခန့်မှန်းမိခဲ့လို့ဖြစ်ပါတယ်။ သူမှန်းထားတဲ့အတိုင်း ဒီနေ့အချိန်မှာတော့ ဒီနေရာဟာ ခရီးသွားတွေမကြာခဏ အလည်အပတ်လာရောက်တဲ့နေရာဖြစ်လာပြီး သူ့ရဲ့ဟိုတယ်မှာပဲ တည်းခိုနေကြပါတယ်။

ဒီနေ့ဆိုရင် ဒီမြို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၀၄နှစ်ရှိသွားပြီဖြစ်ပြီး ၂၀၁၅ခုနှစ်တုန်းက မြို့နှစ် ၁၀၀ ပြည့်ကို ဆင်နွဲခဲ့ပါသေးတယ်။ နွေရာသီမှာပူလွန်းပြီး ဆောင်းရာသီမှာအေးလွန်းတဲ့ ဒီဒေသကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလကနေ အောက်တိုဘာလအတွင်း ဖြစ်ပါတယ်။

ဒီနေရာကိုသွားချင်တယ်ဆိုရင်တော့ သြစတြေးလျတောင်ပိုင်းမြို့ Adelaide ကနေ ၂၆မိုင်ခရီး ရထားစီးကာ သွားရောက်ရမှာဖြစ်ပါတယ်။
crd