အိုင္ေဒါၿပိဳင္ပြဲဝင္အသစ္ေတြကို ဒရာမာေတြမလုပ္နဲ႔လို႔ေျပာလိုက္ တဲ့ ေက်ာ္ထက္ေအာင္ …….

(Zawgyi ျဖင္​့ဖတ္​ရန္​)

Myanmar Idol ရဲ႕ Season 4 ျပန္စခ်ိန္မွာေတာ့ မီးေလးခဏမွိတ္ပါဦးဆိုတဲ့ ေက်ာ္ထက္ေအာင္ၾကီးလည္း အလုပ္မ်ားရပါျပီ။ ျပိဳင္ပြဲၾကည့္သူ ပရိသတ္အေပါင္းကို ရင္တမမ လုပ္ႏုိင္လြန္းတဲ့ ေက်ာ္ထက္ေအာင္က ဒီႏွစ္မွာလည္း ဆက္လက္ပါဝင္သြားဦးမွာပါ။

ဒီႏွစ္မွာ ထူးျခားတာကေတာ့ အန္ကယ္ဦးသိန္းတန္ၾကီး မပါေတာ့တဲ့အတြက္ “ေအးကြ ..ေမာင္ေက်ာ္ထက္ေအာင္ေရ..အန္ကယ္ကေတာ့ကြာ” ဆိုတဲ့ အသံကိုေတာ့ ၾကားရေတာ့မွာ မဟုတ္ပါဘူး။ Sesaon 4 ဝင္ျပိဳင္မယ့္ ျပိဳင္ပြဲဝင္ေတြကိုေတာ့ ေက်ာ္ထက္ေအာင္က ခုလို ေျပာသြားပါတယ္။

“ဒရာမာေတြ မလုပ္နဲ႔ ၊ တကယ္ ဝမ္းတြင္းထဲက ခ်စ္တဲ့ အႏုပညာစိတ္ ၊ အဆိုေတာ္ ျဖစ္ခ်င္တဲ့စိတ္ ဝမ္းစာျဖည့္ထားေပါ့ေနာ္။ ေရွ႕မွာ ဘာေၾကာင့္သူတို႔ ဆုရသြားတာလဲ ။ ဒီျပိဳင္ပြဲမွ မဟုတ္ဘူး။

ႏိုင္ငံျခားက ျပိဳင္ပြဲျဖစ္ေစ တျခား ခ်န္နယ္က ျပိဳင္ပြဲျဖစ္ေစ ဘယ္လိုေတြ လုပ္ထားလဲ ဘာေၾကာင့္ ဆုရသြားလဲ ဆိုတာကို သိေအာင္ လုပ္ထားရမယ္။ ျပီးေတာ့ ဒီျပိဳင္ပြဲမွာ ဆုရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ဘဝတစ္ခုလံုး ဆံုးရံႈးသြားတာ မဟုတ္ဘူး ဆိုတာကို သိေစခ်င္တယ္။ မျပိဳင္ဘဲနဲ႔ ထူးခၽြန္သူေတြ အမ်ားၾကီးပဲေလ။” လို႔ ဆိုပါတယ္။

ျမန္မာ အိုင္ေဒါ အတြက္ ထူးထူးျခားျခား ရွိလားဆိုတာကိုေတာ့ ေက်ာ္ထက္ေအာင္က ခုလို ေျပာျပပါတယ္။“အရင္ဟာေတြ ျပန္သံုးမယ္။ ပြဲလုပ္ေနရင္း ဘာထြက္လာမလဲ ဆိုတာေတာ့ စိတ္ဝင္စားစရာပါ။ ဖက္ရွင္က ေထြေထြထူးထူး မရွိပါဘူး။ ကၽြန္ေတာ္တို႔က format ထဲမွာ ေနရတာဆိုေတာ့ classic ျဖစ္ရမယ္။ gentleman ျဖစ္ရမယ္။ အဲ့ဒါမွာပဲေနမွာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။

ျမန္မာအိုင္ေဒါမွာ မပါရင္ မေနႏိုင္တဲ့ အေၾကာင္းလည္း ခုလိုမ်ိဳး ေျပာသြားပါတယ္။“ျမန္မာအိုင္ေဒါ လုပ္ျပီေဟ့ဆိုရင္ ေဆးစြဲသလိုပဲ ကိုယ္မပါရရင္ တစ္မ်ိဳး ျဖစ္ေနတာ။ ျပိဳင္ပြဲဝင္ေတြ အကုန္လံုး သက္ေတာင့္သက္သာ ျဖစ္ဖို႔က audition မွာ ကၽြန္ေတာ့္ တာဝန္ပါ။ ဒါေပမဲ့ ျပိဳင္ပြဲဝင္ေတြ မအီမသာျဖစ္ဖို႔က live မွာ ကၽြန္ေတာ့္ တာဝန္ပါ။ အဲ့ေတာ့ ပထမက သေဘာေကာင္းတဲ့လူေပါ့။” လို႔ ဆိုပါတယ္။

ျပိဳင္ပြဲဝင္ေတြအားလံုးကို ၾကိဳးစားၾကဖို႔နဲ႔ ဘယ္နယ္က ဘယ္သူရမလဲဆိုတာ ေမွ်ာ္ေနတဲ့အေၾကာင္း ေက်ာ္ထက္ေအာင္က စိတ္လႈပ္ရွားစြာ ေျပာသြားပါတယ္။
crd

(Unicode ျဖင္​့ဖတ္​ရန္​)

Myanmar Idol ရဲ့ Season 4 ပြန်စချိန်မှာတော့ မီးလေးခဏမှိတ်ပါဦးဆိုတဲ့ ကျော်ထက်အောင်ကြီးလည်း အလုပ်များရပါပြီ။ ပြိုင်ပွဲကြည့်သူ ပရိသတ်အပေါင်းကို ရင်တမမ လုပ်နိုင်လွန်းတဲ့ ကျော်ထက်အောင်က ဒီနှစ်မှာလည်း ဆက်လက်ပါဝင်သွားဦးမှာပါ။

ဒီနှစ်မှာ ထူးခြားတာကတော့ အန်ကယ်ဦးသိန်းတန်ကြီး မပါတော့တဲ့အတွက် “အေးကွ ..မောင်ကျော်ထက်အောင်ရေ..အန်ကယ်ကတော့ကွာ” ဆိုတဲ့ အသံကိုတော့ ကြားရတော့မှာ မဟုတ်ပါဘူး။ Sesaon 4 ဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကိုတော့ ကျော်ထက်အောင်က ခုလို ပြောသွားပါတယ်။

“ဒရာမာတွေ မလုပ်နဲ့ ၊ တကယ် ဝမ်းတွင်းထဲက ချစ်တဲ့ အနုပညာစိတ် ၊ အဆိုတော် ဖြစ်ချင်တဲ့စိတ် ဝမ်းစာဖြည့်ထားပေါ့နော်။ ရှေ့မှာ ဘာကြောင့်သူတို့ ဆုရသွားတာလဲ ။ ဒီပြိုင်ပွဲမှ မဟုတ်ဘူး။

နိုင်ငံခြားက ပြိုင်ပွဲဖြစ်စေ တခြား ချန်နယ်က ပြိုင်ပွဲဖြစ်စေ ဘယ်လိုတွေ လုပ်ထားလဲ ဘာကြောင့် ဆုရသွားလဲ ဆိုတာကို သိအောင် လုပ်ထားရမယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ဘဝတစ်ခုလုံး ဆုံးရှုံးသွားတာ မဟုတ်ဘူး ဆိုတာကို သိစေချင်တယ်။ မပြိုင်ဘဲနဲ့ ထူးချွန်သူတွေ အများကြီးပဲလေ။” လို့ ဆိုပါတယ်။

မြန်မာ အိုင်ဒေါ အတွက် ထူးထူးခြားခြား ရှိလားဆိုတာကိုတော့ ကျော်ထက်အောင်က ခုလို ပြောပြပါတယ်။“အရင်ဟာတွေ ပြန်သုံးမယ်။ ပွဲလုပ်နေရင်း ဘာထွက်လာမလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။ ဖက်ရှင်က ထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော်တို့က format ထဲမှာ နေရတာဆိုတော့ classic ဖြစ်ရမယ်။ gentleman ဖြစ်ရမယ်။ အဲ့ဒါမှာပဲနေမှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

မြန်မာအိုင်ဒေါမှာ မပါရင် မနေနိုင်တဲ့ အကြောင်းလည်း ခုလိုမျိုး ပြောသွားပါတယ်။“မြန်မာအိုင်ဒေါ လုပ်ပြီဟေ့ဆိုရင် ဆေးစွဲသလိုပဲ ကိုယ်မပါရရင် တစ်မျိုး ဖြစ်နေတာ။ ပြိုင်ပွဲဝင်တွေ အကုန်လုံး သက်တောင့်သက်သာ ဖြစ်ဖို့က audition မှာ ကျွန်တော့် တာဝန်ပါ။ ဒါပေမဲ့ ပြိုင်ပွဲဝင်တွေ မအီမသာဖြစ်ဖို့က live မှာ ကျွန်တော့် တာဝန်ပါ။ အဲ့တော့ ပထမက သဘောကောင်းတဲ့လူပေါ့။” လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်တွေအားလုံးကို ကြိုးစားကြဖို့နဲ့ ဘယ်နယ်က ဘယ်သူရမလဲဆိုတာ မျှော်နေတဲ့အကြောင်း ကျော်ထက်အောင်က စိတ်လှုပ်ရှားစွာ ပြောသွားပါတယ်။
crd