ၾကက္တူေ႐ြးက ေအာ္ႏႈိးတာေၾကာင့္ မီးေဘးမွလြတ္သြားတဲ့ အမ်ိဳးသား

ညဘက္ မီးေလာင္ရာ ၾကက္တူေ႐ြးက ေအာ္ႏႈိးတာေၾကာင့္ သခင္ျဖစ္သူမီးေဘးမွ လြတ္သြားမႈ ၾသစေၾတးလ်တြင္ျဖစ္ပြားခဲ့ ေၾကာင္း သိရပါတယ္။

အန္တင္ငူယင္ဟာ ၎ေနထိုင္သည့္ ႏွစ္ထပ္အိမ္ မီးစစြဲ ခ်ိန္တြင္ အိပ္ေမာက်ေနတာပါ။ ဝုန္းဆိုတဲ့ အသံၾကားလိုက္တယ္။ ၿပီးေတာ့ ကြၽန္ ေတာ့္ၾကက္တူေ႐ြးကလည္း အန္တင္ ေရ။ အန္တင္ေရ လို႔ ဆက္တိုက္ေအာ္ ေနတာနဲ႔ ႏိုးသြားေတာ့ပါတယ္တဲ့။

အဲဒီေနာက္ မွာ ေညႇာ္နံ႔ရေတာ့တံခါးဖြင့္ၿပီးေတာ့ လွမ္းၾကည့္ လိုက္တာ ေအာက္ထပ္မွာ မီးေတာက္ေတြ ေတြ႕လိုက္တယ္။ အဲဒါနဲ႔ ကြၽန္ေတာ္ လည္း ၾကက္တူေ႐ြးကိုေခၚၿပီး ဆင္းေျပး ေတာ့တာပဲ ဟု အိမ္ရွင္ အန္တင္ငူယင္က ေျပာၾကားတာပါ။

မီးသတ္သမားမ်ားေရာက္ လာခ်ိန္မွာ အိမ္တစ္ခုလုံး မီးစြဲေနတာျဖစ္ပါတယ္။ မီးသတ္သမားေလးဦးက တစ္နာရီ ၾကာ ျငႇိမ္းသတ္လိုက္မွသာ မီးၫြန႔္က်ိဳး သြားေတာ့ေၾကာင္း သိရပါတယ္။ ၾကက္တူေ႐ြး၊ အိတ္ တစ္လုံးႏွင့္အတူ မီးေဘးမွထြက္ေျပး

လြတ္ေျမာက္လာေၾကာင္း ထိုအိမ္တြင္ တစ္ဦးတည္းေနထိုင္သည့္ အန္တင္က ဆိုပါတယ္။ အိမ္မွာ မီးခိုးေငြ႕အာ႐ုံခံစက္ ေတြတပ္ထားေပမယ့္ အဲဒီစက္ေတြ အ ခ်က္မေပးခင္ ၾကက္တူေ႐ြးက အရင္ေအာ္ လိုက္တာ ဟု

မီးသတ္ဌာနမွတစ္ဦးက ေျပာၾကားခဲ့တာပါ။ မီးေလာင္ရျခင္းအေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး မသိရေသးဟု သိရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ညဘက် မီးလောင်ရာ ကြက်တူရွေးက အော်နှိုးတာကြောင့် သခင်ဖြစ်သူမီးဘေးမှ လွတ်သွားမှု သြစတြေးလျတွင်ဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။

အန်တင်ငူယင်ဟာ ၎င်းနေထိုင်သည့် နှစ်ထပ်အိမ် မီးစစွဲ ချိန်တွင် အိပ်မောကျနေတာပါ။ ဝုန်းဆိုတဲ့ အသံကြားလိုက်တယ်။ ပြီးတော့ ကျွန် တော့်ကြက်တူရွေးကလည်း အန်တင် ရေ။ အန်တင်ရေ လို့ ဆက်တိုက်အော် နေတာနဲ့ နိုးသွားတော့ပါတယ်တဲ့။

အဲဒီနောက် မှာ ညှော်နံ့ရတော့တံခါးဖွင့်ပြီးတော့ လှမ်းကြည့် လိုက်တာ အောက်ထပ်မှာ မီးတောက်တွေ တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော် လည်း ကြက်တူရွေးကိုခေါ်ပြီး ဆင်းပြေး တော့တာပဲ ဟု အိမ်ရှင် အန်တင်ငူယင်က ပြောကြားတာပါ။

မီးသတ်သမားများရောက် လာချိန်မှာ အိမ်တစ်ခုလုံး မီးစွဲနေတာဖြစ်ပါတယ်။ မီးသတ်သမားလေးဦးက တစ်နာရီ ကြာ ငြှိမ်းသတ်လိုက်မှသာ မီးညွန့်ကျိုး သွားတော့ကြောင်း သိရပါတယ်။ ကြက်တူရွေး၊ အိတ် တစ်လုံးနှင့်အတူ မီးဘေးမှထွက်ပြေး

လွတ်မြောက်လာကြောင်း ထိုအိမ်တွင် တစ်ဦးတည်းနေထိုင်သည့် အန်တင်က ဆိုပါတယ်။ အိမ်မှာ မီးခိုးငွေ့အာရုံခံစက် တွေတပ်ထားပေမယ့် အဲဒီစက်တွေ အ ချက်မပေးခင် ကြက်တူရွေးက အရင်အော် လိုက်တာ ဟု

မီးသတ်ဌာနမှတစ်ဦးက ပြောကြားခဲ့တာပါ။ မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မသိရသေးဟု သိရပါတယ်။ ခရက်ဒစ်