ဂိမ္းကစားေနတာေၾကာင့္ ကိုယ္ပိုင္မဂၤလာပြဲကို တက္ေရာက္က်င္းပဖို႔ေတာင္ ျငင္းဆန္ပစ္ခဲ့တဲ့ Gamer သတို႔သမီး

သတို႔သမီးေတြအားလုံးဟာ သူတို႔ရဲ႕အထူးေန႔ႀကီးမွာ စိတ္ကိုတည္ၿငိမ္သြားေအာင္လုပ္ရတဲ့အထိ ျဖစ္ၾကရၿပီး မဂၤလာပြဲကိုလည္း အဆင္ေျပေျပနဲ႔ၿပီးဆုံးေစခ်င္တတ္ၾကပါတယ္။ ဒါေပမဲ့ တ်ဳတ္ႏိုင္ငံရွိ ဒီသတို႔သမီးေလာင္းကေတာ့ League of Legends ဂိမ္းက ကစားပြဲကို

အၿပီးသတ္ႏိုင္ဖို႔အတြက္ သူမရဲ႕ကိုယ္ပိုင္မဂၤလာပြဲကိုေတာင္ တက္ေရာက္ဖို႔ျငင္းဆန္ပစ္ခဲ့ပါတယ္။ အဆိုပါသတို႔သမီးဟာ သူမရဲ႕မဂၤလာပြဲအတြက္ အရမ္းကိုေနာက္က်ေနခဲ့ၿပီး မဂၤလာပြဲဧည့္သည္ေတြထဲမွ တစ္ဦးက သူမဟာ ကြန္ပ်ဴတာဆိုင္တစ္ဆိုင္မွာ ဂိမ္းကစားေနေၾကာင္း

သိရွိခဲ့ရတာေၾကာင့္ သူမရဲ႕မိဘေတြ၊ အနာဂတ္ ေယာကၡမႀကီးေတြနဲ႔ ခင္ပြန္းျဖစ္သူတို႔က သူမအား ဂိမ္းကိုအဆုံးသတ္ၿပီး ကြန္ပ်ဴတာဆိုင္မွထြက္ခြါဖို႔ မရမကေတာင္းပန္ေနခဲ့ေပမယ့္ သူမဟာ ေခါင္းမာမာနဲ႔ျငင္းဆန္ေနခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့ သတို႔သမီးဟာ ဂိမ္းကစား

ေနတုန္း အျဖဴေရာင္ မဂၤလာေဆာင္ဂါဝန္ ဝတ္ဆင္ထားၿပီး ဆံပင္နဲ႔မိတ္ကပ္လည္း လိမ္းျခယ္ျပင္ဆင္ၿပီးေနပါၿပီ။ ၿပိဳင္ဘက္ေတြနဲ႔ တင္းမာေနတဲ့ကြင္းလယ္တိုက္ပြဲမွာ ပါဝင္ပတ္သက္ေနတာေၾကာင့္ သူမဟာ ထိုင္ခုံမွထဖို႔ျငင္းဆန္ခဲ့ၿပီး သူမကစားပြဲ ၿပီးဆုံးသြားတဲ့အထိ အခ်ိန္

အနည္းငယ္ေပးဖို႔ ေတာင္းဆိုေနခဲ့ပါတယ္။” ကေလး လာ၊ ငါတို႔သြားရေတာ့မယ္ “လို႔ သတို႔သမီးရဲ႕ေယာကၡမက ေျပာေနခဲ့ၿပီး “အခမ္းအနား မၾကာခင္စေတာ့မယ္“ လို႔ သူမရဲ႕သတို႔သားက ေဘးကေနသာ ေအာ္ဟစ္ေနခဲ့ပါၾကတယ္။ သူတို႔အားလုံးက သတို႔သမီးကစားတာကို

မရပ္တန္႔ႏိုင္တာေၾကာင့္ ဖခင္ျဖစ္သူက သတို႔သားကို ပါး႐ိုက္ပစ္ၿပီး ”မင္းဘာျဖစ္ေနတာလဲ? မင္းရဲ႕ဇနီးကိုေတာင္ မင္း မထိန္းခ်ဳပ္ႏိုင္ဘူးလား အခုခ်က္ခ်င္း သူ႔ကိုဆြဲထုတ္“ လို႔ ေဒါသထြက္ေနတဲ့ သတို႔သားဖခင္ကဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္သတို႔သားက သူ႔ရဲ႕သတို႔သမီးကို

ေနာက္ဆုံးအႀကိမ္ ေတာင္းဆိုခဲ့ၿပီးေနာက္ သူနဲ႔သူရဲ႕သူငယ္ခ်င္းႏွစ္ေယာက္က သူမအားထိုင္ခုံေပၚ ကေနဆြဲထုတ္ၿပီး ကြန္ပ်ဴတာဆိုင္ရဲ႕အေဝးကို ဆြဲေခၚသြားခဲ့လိုက္ၾကပါေတာ့တယ္။ အဲ့ဒီအျဖစ္အပ်က္ ျဖစ္ၿပီးေနာက္မွာေတာ့ သတို႔သမီးဟာ မဂၤလာပြဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔

မက်င္းပေနႏိုင္ခဲ့ပါဘူး။ လူအခ်ိဳ႕ကလည္း သူတို႔ကလူသိမ်ားတဲ့ဗီဒီယိုျဖစ္ေစဖို႔အတြက္သာ တမင္႐ိုက္ကူးစီစဥ္ထားတယ္ လို႔လည္း ထင္ေၾကးေပးထားၾကပါေသးတယ္။ဘယ္လိုေတာင္လား သတို႔သမီးရယ္ ေယာကၡမႀကီးေတြေတာင္ လာဆြဲေခၚရေလာက္တဲ့အထိ ပါလား။

ယူနီကုဒ္ျဖင့္ဖတ္ရန္

သတို့သမီးတွေအားလုံးဟာ သူတို့ရဲ့အထူးနေ့ကြီးမှာ စိတ်ကိုတည်ငြိမ်သွားအောင်လုပ်ရတဲ့အထိ ဖြစ်ကြရပြီး မင်္ဂလာပွဲကိုလည်း အဆင်ပြေပြေနဲ့ပြီးဆုံးစေချင်တတ်ကြပါတယ်။ ဒါပေမဲ့ တျုတ်နိုင်ငံရှိ ဒီသတို့သမီးလောင်းကတော့ League of Legends ဂိမ်းက ကစားပွဲကို

အပြီးသတ်နိုင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်မင်္ဂလာပွဲကိုတောင် တက်ရောက်ဖို့ငြင်းဆန်ပစ်ခဲ့ပါတယ်။ အဆိုပါသတို့သမီးဟာ သူမရဲ့မင်္ဂလာပွဲအတွက် အရမ်းကိုနောက်ကျနေခဲ့ပြီး မင်္ဂလာပွဲဧည့်သည်တွေထဲမှ တစ်ဦးက သူမဟာ ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ ဂိမ်းကစားနေကြောင်း

သိရှိခဲ့ရတာကြောင့် သူမရဲ့မိဘတွေ၊ အနာဂတ် ယောက္ခမကြီးတွေနဲ့ ခင်ပွန်းဖြစ်သူတို့က သူမအား ဂိမ်းကိုအဆုံးသတ်ပြီး ကွန်ပျူတာဆိုင်မှထွက်ခွါဖို့ မရမကတောင်းပန်နေခဲ့ပေမယ့် သူမဟာ ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ သတို့သမီးဟာ ဂိမ်းကစား

နေတုန်း အဖြူရောင် မင်္ဂလာဆောင်ဂါဝန် ဝတ်ဆင်ထားပြီး ဆံပင်နဲ့မိတ်ကပ်လည်း လိမ်းခြယ်ပြင်ဆင်ပြီးနေပါပြီ။ ပြိုင်ဘက်တွေနဲ့ တင်းမာနေတဲ့ကွင်းလယ်တိုက်ပွဲမှာ ပါဝင်ပတ်သက်နေတာကြောင့် သူမဟာ ထိုင်ခုံမှထဖို့ငြင်းဆန်ခဲ့ပြီး သူမကစားပွဲ ပြီးဆုံးသွားတဲ့အထိ အချိန်

အနည်းငယ်ပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။” ကလေး လာ၊ ငါတို့သွားရတော့မယ် “လို့ သတို့သမီးရဲ့ယောက္ခမက ပြောနေခဲ့ပြီး “အခမ်းအနား မကြာခင်စတော့မယ်“ လို့ သူမရဲ့သတို့သားက ဘေးကနေသာ အော်ဟစ်နေခဲ့ပါကြတယ်။ သူတို့အားလုံးက သတို့သမီးကစားတာကို

မရပ်တန့်နိုင်တာကြောင့် ဖခင်ဖြစ်သူက သတို့သားကို ပါးရိုက်ပစ်ပြီး ”မင်းဘာဖြစ်နေတာလဲ? မင်းရဲ့ဇနီးကိုတောင် မင်း မထိန်းချုပ်နိုင်ဘူးလား အခုချက်ချင်း သူ့ကိုဆွဲထုတ်“ လို့ ဒေါသထွက်နေတဲ့ သတို့သားဖခင်ကဆိုခဲ့ပါတယ်။ အဲ့ဒီနောက်သတို့သားက သူ့ရဲ့သတို့သမီးကို

နောက်ဆုံးအကြိမ် တောင်းဆိုခဲ့ပြီးနောက် သူနဲ့သူရဲ့သူငယ်ချင်းနှစ်ယောက်က သူမအားထိုင်ခုံပေါ် ကနေဆွဲထုတ်ပြီး ကွန်ပျူတာဆိုင်ရဲ့အဝေးကို ဆွဲခေါ်သွားခဲ့လိုက်ကြပါတော့တယ်။ အဲ့ဒီအဖြစ်အပျက် ဖြစ်ပြီးနောက်မှာတော့ သတို့သမီးဟာ မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့

မကျင်းပနေနိုင်ခဲ့ပါဘူး။ လူအချို့ကလည်း သူတို့ကလူသိများတဲ့ဗီဒီယိုဖြစ်စေဖို့အတွက်သာ တမင်ရိုက်ကူးစီစဉ်ထားတယ် လို့လည်း ထင်ကြေးပေးထားကြပါသေးတယ်။ဘယ်လိုတောင်လား သတို့သမီးရယ် ယောက္ခမကြီးတွေတောင် လာဆွဲခေါ်ရလောက်တဲ့အထိ ပါလား။