စြန္႔ပစ္ပစၥည္းေတြကို အလကားမျဖစ္ေအာင္ ေက်ာင္းသံုးပရိေဘာဂေတြအျဖစ္ ဖန္တီးျပဳလုပ္ေပးေနတဲ့ အင္ဂ်င္နီယာေလး

ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ ဖ်က္စီးပစ္လို႔မရတဲ့ ပလပ္စတစ္ေတြကို ျပန္လည္အသုံးျပဳလို႔ရေအာင္ ပလပ္စတစ္ခုံေလးေတြ ျပဳလုပ္လိုက္တာပဲ ျဖစ္ပါတယ္။ အရမ္းကိုမွ အထင္ႀကီးစရာပါပဲေနာ္။ ယခုေျပာျပေပးမွာကေတာ့ ဘယ္လိုမွဖ်က္စီးလို႔မရတဲ့ ပလပ္စတစ္ေတြကို

ေန႔စဥ္နဲ႔အမွ် သုံးစြဲလာၾကတဲ့ပမာဏက အရမ္းကိုမ်ားျပားလာပါတယ္။ စြန႔္ပစ္ပလပ္စတစ္အမွိုက္ကလည္း ေန႔စဥ္နဲ႔အမွ် တျဖည္းျဖည္း ထုနဲ႔ထည္ ထြက္ေပၚေနဦးမွာပဲျဖစ္ပါတယ္။ ယခုလို ပလပ္စတစ္အမွိုက္ေတြဟာ ေန႔စဥ္ တန္ေပါင္းမ်ားစြာ ထြက္ေပၚလ်က္ရွိေနၿပီး ရာႏႈန္းျပည့္

ထိန္းသိမ္းထားနိုင္ဖို႔ဆိုတာ လုံးဝမျဖစ္နိုင္ေသးပါဘူး။ ဒါေပမဲ့လည္း တစ္ဖက္တစ္လွမ္းက ကိုယ္တက္နိုင္တဲ့ေနရာကေန ထိန္းသိမ္းမႈေတြ၊ Recycle ျပန္လုပ္ေနတာေတြေတာ့ အနည္းနဲ႔အမ်ားရွိပါတယ္။ Recycleကို အကုန္လုံးနီးပါး ျပန္လည္မလုပ္နိုင္ေသးတဲ့အတြက္ စြန္႔ပစ္

အမွိုက္ေတြဟာ ဆက္လက္ၿပီး တည္ရွိေနဦးမွာပါ။ ယခုမွာလည္း ဖိလစ္ပိုင္နိုင္ငံရဲ႕ အင္ဂ်င္နီယာတစ္ေယာက္ဟာ ဒီလိုမ်ိဳး ေနစဥ္နဲ႔အမွ် စြန္႔ပစ္ေနၾကတဲ့ ပလပ္စတစ္အမွိုက္ေတြကို ျပန္လည္အသုံးျပဳၿပီး ေက်ာင္းသားေလးေတြအတြက္ လိုအပ္ေနတဲ့ စာေရးခုံေတြ၊ ထိုင္ခုံေတြ ျပဳလုပ္ေပး

ေနၾကတယ္လို႔လည္း သိရွိရပါတယ္။ ဒါဟာ ေက်ာင္းသားေလးေတြ အတြက္လည္း အက်ိဳးရွိသလို၊ Recycle အေနနဲ႔လည္း ျပန္လည္အသုံးျပဳနိုင္တာေၾကာင့္ သဘာဝပတ္ဝန္းက်င္ေရာ လူမႈပတ္ဝန္းက်င္ကိုပါ ထိန္းသိမ္းရာ ေရာက္ပါတယ္။ သူ႔ရဲ႕ ေလးစားဖြယ္ရာစိတ္ကူးေလးနဲ႔ လုပ္ရပ္ေလး

ကေတာ့ အျခားနိုင္ငံေတြကအစ သေဘာက်ႏွစ္သက္မိမွာ အမွန္ပါပဲ။ ထိုအင္ဂ်င္နီယာအမ်ိဳးသားတစ္ဦးရဲ႕ နာမည္ကေတာ့ Winchester Lemenလို႔ေခၚဆိုၿပီး Envirotech တစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ ဖိလစ္ပိုင္နိုင္ငံရဲ႕ Davaoျမိဳ႕မွာေနထိုင္ေနၿပီး Envirotech Waste

Recycling (EWRI) လုပ္ငန္းစုႀကီးကို လည္ပတ္ေအာင္ လုပ္ေဆာင္ေနတာဟာ အခုဆိုရင္ ေတာ္ေတာ္ေလးေအာင္ျမင္ေနပါၿပီ ျဖစ္ပါတယ္။ ဒီ စြန္႔ပစ္ပလပ္စတစ္အမွိုက္ေတြကို ထိုင္ခုံေတြ၊ စာေရးခုံေတြ ျဖစ္လာဖို႔အတြက္ ပထမဦးဆုံး သန္႔စင္ျခင္း၊ အရည္က်ိဳပုံေလာင္းျခင္း၊ ေဆးေရာင္းစုံ

ခ်ယ္ျခင္း အစရွိတာေတြကို အဆင့္ဆင့္လုပ္ေဆာင္ခဲ့ရပါတယ္။ မၾကာေသးမွီကလည္း ဧည့္သည္တစ္ဦးက သူ႔ရဲ႕ေက်ာင္းအတြက္ Lemenဆီမွာ ထိုင္ခုံ အခု ၂၀၀ ေအာ္ဒါလာမွာသြားေသးတယ္လို႔လည္း သိရွိပါတယ္။ Quezon ၿမိဳ႕ေတာ္ဝန္ Herbert Bautista ကလည္း Green Fund

ဆိုတဲ့အဖြဲ႕ကို တည္ေထာင္လိုက္ၿပီး ပလပ္စတစ္အမွိုက္ေတြကို Recycle ျပန္လည္ျပဳလုပ္ၿပီး လူသုံးကုန္ပစၥည္းေတြအျဖစ္ အျမန္ဆုံးထုတ္လုပ္နိုင္ဖို႔ ေထာက္ပံ့မႈေတြလည္း ေပးေနတယ္လို႔ ၾကားသိရပါတယ္။ အခုလို ဖ်က္စီးလို႔မရတဲ့ စြန္႔ပစ္ပလပ္စတစ္အမွိုက္ေတြနဲ႔ ေက်ာင္းသားေတြအတြက္

စာေရးခုံေတြ၊ ထိုင္ခုံေတြျပဳလုပ္ၾကတာဟာ သစ္သားသုံးမဲ့ေနရာမွာ အစားထိုးဝင္ေရာက္လာတာေၾကာင့္ ၃ႏွစ္အ႐ြယ္ သစ္ပင္တစ္ပင္ကို ရွင္သန္ခြင့္ေပးလိုက္တာနဲ႔တူပါတယ္လို႔ Lemen ကဆိုပါတယ္။ ဒီလိုမ်ိဳး ဖ်က္စီးလို႔မရမယ့္အတူတူ ျပန္လည္အသုံးျပဳနိုင္ေအာင္ ျပဳလုပ္လိုက္တာ

ကလည္း သဘာဝသယံဇာတကို ထိန္းသိမ္းရာေရာက္သလို ကိုယ္ေနထိုင္တဲ့ ပတ္ဝန္းက်င္ဟာလည္း အမွိုက္ေတြ လုံးဝမကင္းစင္နိုင္ရင္ေတာင္ ညစ္ညမ္းမႈဟာ သိသိသာသာ ေလ်ာ့က်သြားမယ္ဆိုတာ အမွန္ပါပဲ။ အခ်ိန္ေပးၿပီး ဖတ္႐ႈခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ဒီစာေလးကို ဖတ္ရႈျပီး

နိုင္ငံတိုင္းမွာလည္း ဒီလိုမ်ိဳး ဖ်က္စီးဖို႔မလြယ္ကူတဲ့ စြန့္ပစ္ပလပ္စတစ္ေတြကို ယခုလိုမ်ိဳး ျပန္လည္အသုံးျပဳ လိုက္မယ္ဆိုရင္ ေလထုညစ္ညမ္းတာလည္း ေလ်ာ့က်ၿပီး သဘာဝ သယံဇာတကိုလည္း ထိန္းထားနိုင္မွာ အမွန္ပါပဲေနာ္၊ ညစ္ညမ္းမႈကင္းစင္တဲ့ သဘာဝကေပးတဲ့ ေလထုကို

အျပည့္အဝရရွိၾကမွာပါ။ ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႕ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဖျက်စီးပစ်လို့မရတဲ့ ပလပ်စတစ်တွေကို ပြန်လည်အသုံးပြုလို့ရအောင် ပလပ်စတစ်ခုံလေးတွေ ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အရမ်းကိုမှ အထင်ကြီးစရာပါပဲနော်။ ယခုပြောပြပေးမှာကတော့ ဘယ်လိုမှဖျက်စီးလို့မရတဲ့ ပလပ်စတစ်တွေကို

နေ့စဉ်နဲ့အမျှ သုံးစွဲလာကြတဲ့ပမာဏက အရမ်းကိုများပြားလာပါတယ်။ စွန့်ပစ်ပလပ်စတစ်အမှိုက်ကလည်း နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း ထုနဲ့ထည် ထွက်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။ ယခုလို ပလပ်စတစ်အမှိုက်တွေဟာ နေ့စဉ် တန်ပေါင်းများစွာ ထွက်ပေါ်လျက်ရှိနေပြီး ရာနှုန်းပြည့်

ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း တစ်ဖက်တစ်လှမ်းက ကိုယ်တက်နိုင်တဲ့နေရာကနေ ထိန်းသိမ်းမှုတွေ၊ Recycle ပြန်လုပ်နေတာတွေတော့ အနည်းနဲ့အများရှိပါတယ်။ Recycleကို အကုန်လုံးနီးပါး ပြန်လည်မလုပ်နိုင်သေးတဲ့အတွက် စွန့်ပစ်

အမှိုက်တွေဟာ ဆက်လက်ပြီး တည်ရှိနေဦးမှာပါ။ ယခုမှာလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ ဒီလိုမျိုး နေစဉ်နဲ့အမျှ စွန့်ပစ်နေကြတဲ့ ပလပ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးပြုပြီး ကျောင်းသားလေးတွေအတွက် လိုအပ်နေတဲ့ စာရေးခုံတွေ၊ ထိုင်ခုံတွေ ပြုလုပ်ပေး

နေကြတယ်လို့လည်း သိရှိရပါတယ်။ ဒါဟာ ကျောင်းသားလေးတွေ အတွက်လည်း အကျိုးရှိသလို၊ Recycle အနေနဲ့လည်း ပြန်လည်အသုံးပြုနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာ ရောက်ပါတယ်။ သူ့ရဲ့ လေးစားဖွယ်ရာစိတ်ကူးလေးနဲ့ လုပ်ရပ်လေး

ကတော့ အခြားနိုင်ငံတွေကအစ သဘောကျနှစ်သက်မိမှာ အမှန်ပါပဲ။ ထိုအင်ဂျင်နီယာအမျိုးသားတစ်ဦးရဲ့ နာမည်ကတော့ Winchester Lemenလို့ခေါ်ဆိုပြီး Envirotech တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ Davaoမြို့မှာနေထိုင်နေပြီး Envirotech Waste

Recycling (EWRI) လုပ်ငန်းစုကြီးကို လည်ပတ်အောင် လုပ်ဆောင်နေတာဟာ အခုဆိုရင် တော်တော်လေးအောင်မြင်နေပါပြီ ဖြစ်ပါတယ်။ ဒီ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေကို ထိုင်ခုံတွေ၊ စာရေးခုံတွေ ဖြစ်လာဖို့အတွက် ပထမဦးဆုံး သန့်စင်ခြင်း၊ အရည်ကျိုပုံလောင်းခြင်း၊ ဆေးရောင်းစုံ

ချယ်ခြင်း အစရှိတာတွေကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ရပါတယ်။ မကြာသေးမှီကလည်း ဧည့်သည်တစ်ဦးက သူ့ရဲ့ကျောင်းအတွက် Lemenဆီမှာ ထိုင်ခုံ အခု ၂၀၀ အော်ဒါလာမှာသွားသေးတယ်လို့လည်း သိရှိပါတယ်။ Quezon မြို့တော်ဝန် Herbert Bautista ကလည်း Green Fund

ဆိုတဲ့အဖွဲ့ကို တည်ထောင်လိုက်ပြီး ပလပ်စတစ်အမှိုက်တွေကို Recycle ပြန်လည်ပြုလုပ်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ ထောက်ပံ့မှုတွေလည်း ပေးနေတယ်လို့ ကြားသိရပါတယ်။ အခုလို ဖျက်စီးလို့မရတဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေနဲ့ ကျောင်းသားတွေအတွက်

စာရေးခုံတွေ၊ ထိုင်ခုံတွေပြုလုပ်ကြတာဟာ သစ်သားသုံးမဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာကြောင့် ၃နှစ်အရွယ် သစ်ပင်တစ်ပင်ကို ရှင်သန်ခွင့်ပေးလိုက်တာနဲ့တူပါတယ်လို့ Lemen ကဆိုပါတယ်။ ဒီလိုမျိုး ဖျက်စီးလို့မရမယ့်အတူတူ ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်လိုက်တာ

ကလည်း သဘာဝသယံဇာတကို ထိန်းသိမ်းရာရောက်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာလည်း အမှိုက်တွေ လုံးဝမကင်းစင်နိုင်ရင်တောင် ညစ်ညမ်းမှုဟာ သိသိသာသာ လျော့ကျသွားမယ်ဆိုတာ အမှန်ပါပဲ။ အချိန်ပေးပြီး ဖတ်ရှုခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကို ဖတ်ရှုပြီး

နိုင်ငံတိုင်းမှာလည်း ဒီလိုမျိုး ဖျက်စီးဖို့မလွယ်ကူတဲ့ စွန့်ပစ်ပလပ်စတစ်တွေကို ယခုလိုမျိုး ပြန်လည်အသုံးပြု လိုက်မယ်ဆိုရင် လေထုညစ်ညမ်းတာလည်း လျော့ကျပြီး သဘာဝ သယံဇာတကိုလည်း ထိန်းထားနိုင်မှာ အမှန်ပါပဲနော်၊ ညစ်ညမ်းမှုကင်းစင်တဲ့ သဘာဝကပေးတဲ့ လေထုကို

အပြည့်အဝရရှိကြမှာပါ။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။