ခြေနှစ်ဘက်မရှိပေမဲ့ ဂေါ်ပြားတစ်ခုတည်းနဲ့ သစ်ပင် (၁၇၀၀၀) ကျော်ကို (၁၉) နှစ်ကြာ စိုက်လာခဲ့တဲ့ အဘိုးအို

Unicode ဖြင့်ဖတ်ရန်

ခြေနှစ်ဘက်မရှိသော တရုတ်လူမျိုး အသက် (၇၀) အရွယ် အဘိုးအိုကတော့ တောင်ကုန်းတစ်ခုပေါ်မှာ သစ်ပင် (၁၇၀၀၀) ကျော်ကို ဂေါ်ပြားတစ်ခုကိုသာ အသုံးပြုစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်နော်။အအဘိုးအိုရဲ့နာမည်က မာဆန်ရှောင် (Ma Sanxiao)

ဖြစ်ပြီးတော့ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ အကြွေးဆပ်ဖို့အတွက်ကို ဝင်ငွေရအောင်၂၀၀၀ ခုနှစ်ကနေစပြီး သစ်ပင်တွေစိုက်ပျိုးခဲ့တာပါတဲ့။ ဒါပေမဲ့လည်း အခုတော့ သူက အများအကျိုးအတွက်ပဲ အပင်တွေစိုက်ဖြစ်တော့တယ်လို့ ပြောပြခဲ့ပါတယ်နော်။

ကျွန်တော် ခြေထောက်နှစ်ဘက် မရှိတော့ပေမဲ့၊ ကျွန်တော့အားအင်တွေ ကုန်ခန်းနေပေမဲ့ ကျွန်တော်အသက်ရှင်နေတဲ့ကာလပတ်လုံး အပင်တွေ ဆက်လက်စိုက်ပျိုးသွားမှာပါလို့ မာ ဆန်ရှောင်က ပြောတာပါ။သူကတော့ တရုတ်နိုင်ငံမြောက်ပိုင်း ဟဲဘေပြည်နယ်က မေယုရွာမှာ နေထိုင်တာပါ။

သူ အသက်(၂၀) အရွယ်မှာ စစ်သူလျှိုတစ်ယောက်ဖြစ်လာဖို့ ဖူကျန့်ပြည်နယ်က တပ်ဖွဲ့တစ်ခုထဲသို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်နော်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ရင်း ရောဂါပိုးကူးစက်ခြင်းကို ခံစားခဲ့ရပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ၁၉၇၄ခုနှစ်မှာ အလုပ်ကနေ အနားယူခဲ့ရပါတယ်။ အဲဒီနောက်မှာ ဆရာအဖြစ် လုပ်ကိုင်ခဲ့သလို လယ်သမားတစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်တဲ့။၁၉၈၄ ခုနှစ်မှာ သူ့ရဲ့ဖျားနာခြင်းက ဆိုးရွားလာခဲ့ပြီးတော့ညာဘက်ခြေထောက်ရောင်ရမ်းလာခဲ့တာကြောင့် ခြေထောက်ဖြတ်ပစ်လိုက်ရတပါ။ နောက်တစ်နှစ်မှာ ညာဘက်ခြေထောက်ဖြစ်ခဲ့သလို ဘယ်ခြေထောက်လည်း ရောင်ရမ်းလာခဲ့တာပါ။ သူ့ရဲ့ဘယ်ဘက်ခြေထောက်ကိုကုသရာမှာ ဆေးဖိုးပေးချေဖို့အတွက်သူ့ရဲ့မိသားစုက ယွမ် (၂၀၀၀၀၀) ကျော် ချေးငှားခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေလည်း သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို မကုသနိုင်တော့ဘဲ ၂၀၀၄ ခုနှစ်မှာ ခြေထောက်ဖြတ်ပစ်ခဲ့ရပါတယ်တဲ့။ဆေးကုသဖို့အတွက် ချေးငှားခဲ့တဲ့ အကြွေးတွေဆပ်ဖို့ အပင်တွေကို

၂၀၀၀ ခုနှစ်မှာ စိုက်ပျိုးလာခဲ့တာဖြစ်ပါတယ်။ မစ်စတာမာက သူနေထိုင်တဲ့ရွာရဲ့ နောက်ဘက်မှာရှိတဲ့ တောင်ကုန်းလေးပေါ်မှာ အပင်စိုက်ဖို့အတွက် နေမထွက်ခင် မနက် (၅) နာရီမှာ အိမ်ကနေ ထွက်ခွာလေ့ရှိပါတယ်။

အစားအစာတွေ ယူလာပြီး တစ်နေ့လုံး အပင်စိုက်ရင်းနဲ့အချိန်ကုန်လေ့ရှိတယ်လို့ သိရပါတယ်နော်။သူ အပင်စိုက်ချင်တဲ့နေရာကို သွားတဲ့အခါ သူ့ရဲ့ခြေအတုကိုဖယ်၊ ဒူးစွပ်အထူကိုစွပ်ပြီး မြေကြီးပေါ်ကနေ တွားသွားရတာဖြစ်ပါတယ်။ အပင်စိုက်တာက ငယ်ရွယ်ပြီးကျန်းမာတဲ့သူတွေအတွက်တောင်လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဒါကို မာ ဆန်ရှောင်က သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သစ်ပင်စိုက်ရင်း ချောက်နက်တဲ့ကျောက်ဆောင်နံရံတွေအပေါ် ပြုတ်ကျပြီး ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိခဲပြီး လက်သန်လေးလည်း ဆုံးရှုံးခဲ့ရကြောင်းသိရတာပါ။

ပထမကတော့ သူ့ရဲ့မိသားစုကို အပင်တွေရောင်းပြီး ထောက်ပံ့ဖို့အတွက် သစ်ပင်တွေစိုက်ခဲ့တာဖြစ်ပါတယ်နော်။ သူ့အကြောင်းကို တရုတ်သတင်းဌာနတွေက တင်ခဲ့တာကြောင့် တရုတ်အစိုးရက ငွေရေးကြေးရေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်နော်။နောက်ပိုင်းမှာ အစိုးရနဲ့ ပြည်သူတွေက အကူအညီပေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့

သစ်ပင်တွေ စိုက်ဖြစ်ခဲ့ကြောင်း၊ အပင်တွေနဲ့ အချိန်ကုန်တဲ့အခါ သူကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ခံစားရကြောင်း၊ သူ့အတွက် သစ်ပင်တွေမဟုတ်ဘဲသူအမိန့ပြေးလို့ရတဲ့ စဈသားတှအဖှေဈယူဆထားကှောငြးနဲ့ နေောငလြာမယ့မြွိုးဆကတြှအတှေကြ အပငတြှဆကေလြကစြိုကပြွိုးသှားမှာဖှဈကှောငြး မာ ဆနရြှောငကြ ပှောခဲ့တာပါ။
ခရက်ဒစ်

Zawgyi ျဖင့္ဖတ္ရန္

ေျခႏွစ္ဘက္မရွိေသာ တ႐ုတ္လူမ်ိဳး အသက္ (၇၀) အ႐ြယ္ အဘိုးအိုကေတာ့ ေတာင္ကုန္းတစ္ခုေပၚမွာ သစ္ပင္ (၁၇၀၀၀) ေက်ာ္ကို ေဂၚျပားတစ္ခုကိုသာ အသုံးျပဳစိုက္ပ်ိဳးခဲ့တယ္လို႔ သိရပါတယ္ေနာ္။အအဘိုးအိုရဲ႕နာမည္က မာဆန္ေရွာင္ (Ma Sanxiao)

ျဖစ္ၿပီးေတာ့ စစ္မႈထမ္းေဟာင္းတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ အေႂကြးဆပ္ဖို႔အတြက္ကို ဝင္ေငြရေအာင္၂၀၀၀ ခုႏွစ္ကေနစၿပီး သစ္ပင္ေတြစိုက္ပ်ိဳးခဲ့တာပါတဲ့။ ဒါေပမဲ့လည္း အခုေတာ့ သူက အမ်ားအက်ိဳးအတြက္ပဲ အပင္ေတြစိုက္ျဖစ္ေတာ့တယ္လို႔ ေျပာျပခဲ့ပါတယ္ေနာ္။ကြၽန္ေတာ္ ေျခေထာက္ႏွစ္ဘက္ မရွိေတာ့ေပမဲ့၊ ကြၽန္ေတာ့အားအင္ေတြ ကုန္ခန္းေနေပမဲ့ ကြၽန္ေတာ္အသက္ရွင္ေနတဲ့ကာလပတ္လုံး အပင္ေတြ ဆက္လက္စိုက္ပ်ိဳးသြားမွာပါလို႔ မာ ဆန္ေရွာင္က ေျပာတာပါ။သူကေတာ့ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း ဟဲေဘျပည္နယ္က ေမယု႐ြာမွာ ေနထိုင္တာပါ။

သူ အသက္(၂၀) အ႐ြယ္မွာ စစ္သူလွ်ိဳတစ္ေယာက္ျဖစ္လာဖို႔ ဖူက်န႔္ျပည္နယ္က တပ္ဖြဲ႕တစ္ခုထဲသို႔ ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္ေနာ္။ သုံးႏွစ္ၾကာၿပီးတဲ့ေနာက္မွာ တာဝန္ထမ္းေဆာင္ရင္းေရာဂါပိုးကူးစက္ျခင္းကို ခံစားခဲ့ရၿပီးေတာ့ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။သူ႔ရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ ၁၉၇၄ခုႏွစ္မွာ အလုပ္ကေန အနားယူခဲ့ရပါတယ္။ အဲဒီေနာက္မွာ ဆရာအျဖစ္ လုပ္ကိုင္ခဲ့သလို လယ္သမားတစ္ေယာက္အျဖစ္လည္း လုပ္ကိုင္ခဲ့ပါတယ္တဲ့။၁၉၈၄ ခုႏွစ္မွာ သူ႔ရဲ႕ဖ်ားနာျခင္းက ဆိုး႐ြားလာခဲ့ၿပီးေတာ့

ညာဘက္ေျခေထာက္ေရာင္ရမ္းလာခဲ့တာေၾကာင့္ ေျခေထာက္ျဖတ္ပစ္လိုက္ရတပါ။ ေနာက္တစ္ႏွစ္မွာ ညာဘက္ေျခေထာက္ျဖစ္ခဲ့သလို ဘယ္ေျခေထာက္လည္း ေရာင္ရမ္းလာခဲ့တာပါ။ သူ႔ရဲ႕ဘယ္ဘက္ေျခေထာက္ကိုကုသရာမွာ ေဆးဖိုးေပးေခ်ဖို႔အတြက္

သူ႔ရဲ႕မိသားစုက ယြမ္ (၂၀၀၀၀၀) ေက်ာ္ ေခ်းငွားခဲ့ရပါတယ္။ ဒါေပမဲ့ ဆရာဝန္ေတြလည္း သူ႔ရဲ႕ဘယ္ဘက္ေျခေထာက္ကို မကုသႏိုင္ေတာ့ဘဲ ၂၀၀၄ ခုႏွစ္မွာ ေျခေထာက္ျဖတ္ပစ္ခဲ့ရပါတယ္တဲ့။ေဆးကုသဖို႔အတြက္ ေခ်းငွားခဲ့တဲ့ အေႂကြးေတြဆပ္ဖို႔ အပင္ေတြကို၂၀၀၀ ခုႏွစ္မွာ စိုက္ပ်ိဳးလာခဲ့တာျဖစ္ပါတယ္။ မစ္စတာမာက သူေနထိုင္တဲ့႐ြာရဲ႕ ေနာက္ဘက္မွာရွိတဲ့ ေတာင္ကုန္းေလးေပၚမွာ အပင္စိုက္ဖို႔အတြက္ ေနမထြက္ခင္ မနက္ (၅) နာရီမွာ အိမ္ကေန ထြက္ခြာေလ့ရွိပါတယ္။

အစားအစာေတြ ယူလာၿပီး တစ္ေန႔လုံး အပင္စိုက္ရင္းနဲ႔အခ်ိန္ကုန္ေလ့ရွိတယ္လို႔ သိရပါတယ္ေနာ္။သူ အပင္စိုက္ခ်င္တဲ့ေနရာကို သြားတဲ့အခါ သူ႔ရဲ႕ေျခအတုကိုဖယ္၊ ဒူးစြပ္အထူကိုစြပ္ၿပီး ေျမႀကီးေပၚကေန တြားသြားရတာျဖစ္ပါတယ္။ အပင္စိုက္တာက ငယ္႐ြယ္ၿပီးက်န္းမာတဲ့သူေတြအတြက္ေတာင္

လြယ္ကူတဲ့အရာမဟုတ္ပါဘူး။ ဒါကို မာ ဆန္ေရွာင္က သူတစ္ေယာက္တည္း လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ သစ္ပင္စိုက္ရင္း ေခ်ာက္နက္တဲ့ေက်ာက္ေဆာင္နံရံေတြအေပၚ ျပဳတ္က်ၿပီး ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာရရွိခဲၿပီး လက္သန္ေလးလည္း ဆုံးရႈံးခဲ့ရေၾကာင္းသိရတာပါ။

ပထမကေတာ့ သူ႔ရဲ႕မိသားစုကို အပင္ေတြေရာင္းၿပီး ေထာက္ပံ့ဖို႔အတြက္ သစ္ပင္ေတြစိုက္ခဲ့တာျဖစ္ပါတယ္ေနာ္။ သူ႔အေၾကာင္းကို တ႐ုတ္သတင္းဌာနေတြက တင္ခဲ့တာေၾကာင့္ တ႐ုတ္အစိုးရက ေငြေရးေၾကးေရးေထာက္ပံ့မႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္ေနာ္။ေနာက္ပိုင္းမွာ အစိုးရနဲ႔ ျပည္သူေတြက အကူအညီေပးခဲ့တာေၾကာင့္

ေက်းဇူးတင္တဲ့အေနနဲ႔ သစ္ပင္ေတြ စိုက္ျဖစ္ခဲ့ေၾကာင္း၊ အပင္ေတြနဲ႔ အခ်ိန္ကုန္တဲ့အခါ သူကိုယ့္ကိုယ္ကို လုံၿခဳံတယ္လို႔ခံစားရေၾကာင္း၊ သူ႔အတြက္ သစ္ပင္ေတြမဟုတ္ဘဲ

သူအမိန႔ေျပးလို႔ရတဲ့ စဈသားတွအေဖွဈယူဆထားေကွာျငးနဲ႔ ေနောငၾလာမယ့ႃမြိဳးဆကၾတႇအေတွၾက အပငၾတႇဆေကၾလကၿစိဳကႃပြိဳးသွားမွာဖွဈေကွာျငး မာ ဆနေျရႇာငၾက ေပွာခဲ့တာပါ။
ခရက္ဒစ္