ဂရိနဲ့တူရကီမှာတော့ကိုဗစ်ထက်ကြောက်ဖို့ကောင်းတာတွေကြုံနေရပြီ

Unicode ဖြင့်ဖတ်ရန်

ဂရိနဲ့တူရကီနိုင်ငံမှာငလျင်လှုပ်ပြီးလက်ရှိအထိသေဆုံးသူ၂၆ဦးရှိနေကြောင်းအေအက်ဖ်ပီသတင်းတစ်ရပ်ကဖော်ပြပါတယ်။

အခု ငလျင်ဘေးမှာအသက်ရှင်ကျန်ရစ်နိုင်သူတွေကိုကယ်ဆယ်နိုင်ရေးအတွက်အဆောက်အအုံအပျက်အစီးပုံတွေကြားမှာကယ်ဆယ်ရေးသမားတွေကရှာဖွေလျက်ရှိနေပါတယ်။

သောကြာနေ့ညနေပိုင်းကှုပ်ခဲ့တဲဒီငလျင်ကြီးကြောင့်ဂရိကျွန်းတစ်ကျွန်းဖြစ်တဲ့ဆာမို့စ်ကျွန်းမှာဆူနာမီအသေးစားဖြစ်ပေါ်ပြီးရေလျှံတက်လာတာကိုကြုံရသလိုတူရကီအနောက်ဖက်ကမ်းကမြို့တစ်မြို့ကလမ်းတွေလည်းရေလွှမ်းခဲ့ပါတယ်။

ငလျင်ဟာဆာမို့စ်ကျွန်းကာလိုဗာစီဂရိမြို့ရဲကမ်းလွနကိုးမိုင်အကွာမှာပြင်းအားရစ်ချ်တာစကေး၇အဆင့်နဲ့လှုပ်ခဲ့တာဖြစ်တယ်လို့အမေရိကန်ဘူမိတိုင်းတာရေးကပြောပါတယ်။ငလျင်ကြီးရဲ့ဒဏ်ကိုတူရကီရောဂရိနိုင်ငံပါခံစားခဲ့ရပြီးငလျင်ဘေးကိုအတူကိုင်တွယ်ဖြေရှင်းဖို့သမိုင်းနဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ နှစ်နိုင်ငံကြားမှာသံခင်းတမန်ခင်းလမ်းပွင့်လာခဲ့ရပါတယ်။

ဂရိဝန်ကြီးချုပ် ကီရီယာကို့စ်မစ်ဆိုတာကီကတူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်ဆီစိတ်မကောင်းဖြစ်ကြောင်းနဲ့အကူအညီအထောက်အပံ့ပေးမယ့်အကြောင်းရှာရှးပါးပါးဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

အပျက်အစီးတော်တော်များများကတူရကီအပန်းဖြေမြို့အစ်ဇ်မားရှိရာအက်ဂျီယန်းအရပ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီအရပ်ဟာလူဦးရေသုံးသန်းနေထိုင်ပြီးအထပ်မြင့်အဆောက်အအုံတွေနဲ့ပြည့်နှက်နေတာပါ။

အဆောက်အအုံတွေရဲ့အပျက်အစီးအပိုင်းအစာတွေဟလမ်းပေါ်ထိပြန့်ကြဲရောက်ရှိပြီးအသက်ရှင်သူတွေဟာလည်းစကားမပြောနိုင်အောင်ကိုမျက်ရည်စို့လျက်တုန်လှုပ်ခြောက်ခြားနေပါတယ်။

အပေါ်စီးကဗေီဒီယိုရိုက်ကူးရာမှာအဲဒီ မြိုတစ်မြို့လုံးဟာအုတ်ပုံအတိနီးပါးဖြစ်နေတာကိုမြင်ရပါတယ်။

“ကျွန်တော်တော့အားလုံးဘဝဆုံးရှုံးပြီလားဆိုပြီးတောင်ထင်မိတယ်။ဆယ်မိနစ်လောက်ကိုဒီလိုပဲခံစားနေရတယ်။လို့အသက်၃၂နှစ်အရွယ်ဧည့်လမ်းညွှန် ဂိုခန်းကန်ပြောပါတယ်။

“အဲဒီအချိန်ကကျွန်တော်အတွက်တင်စိုးရိမ်ပူပန်သွားတာမဟုတ်ဘူး၊ကျွန်တော်မိသားစု၊မိန်းမနဲ့လေးနှစ်အရွယ်သားလေးအတွက်ပါလှမ်းစိုးရိမ်ပူပန်မိတယ်။”ဆိုပြီး သူပြောာပါတယ်။

အစ်ဇ်မားမြို့တော်ဝန်ဆိုယာကအဆောက်အအုံ၂၀ ပြိုကျပျက်စီးပြီးအဲဒီထဲက၁၇ မှာကယ်ဆယ်ရေးအာရုံစိုက်ဆောက်ရွက်နေတယ်လို့စီအင်န်အင်န်ကိုပြောပါတယ်

တူရကီသဘာဝဘေးလျော့ပါးရေးအေဂျင်စီကသေဆုံးသူ၂၄ ဦးနဲ့ဒဏ်ရာရသူ၈၀၀ရှိကြောင်းပြောပြီးဂရိကတော့ဆာမို့စ်မြို့မှာကျောင်းကနေအိမ်ပြန်လာတဲ့ ဆယ်ကျော်သက်နှစ်ဦး နံရံပြိုကျလို့ သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အပျက်အစီကြီးမားတာကြောင့်သေဆုံးသူထပ်တိုးလာနိုင်ခြေလည်းရှိနေကြောင်းသိရပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်

Zawgyi ျဖင့္ဖတ္ရန္

ဂရိနဲ႔ တူရကီႏိုင္ငံမွာငလ်င္လႈပ္ၿပီးလက္ရွိအထိေသဆုံးသူ၂၆ ဦး ရွိေနေၾကာင္းေအအက္ဖ္ပီသတင္းတစ္ရပ္ကေဖာ္ျပပါတယ္။

အခု ငလ်င္ေဘးမွာအသက္ရွင္က်န္ရစ္ႏိုင္သူေတြကိုကယ္ဆယ္ႏိုင္ေရးအတြက္အေဆာက္အအုံအပ်က္အစီးပုံေတြၾကားမွာကယ္ဆယ္ေရးသမားေတြက ရွာေဖြလ်က္ရွိေနပါတယ္။

ေသာၾကာေန႔ညေနပိုင္းကႈပ္ခဲ့တဲဒီငလ်င္ႀကီးေၾကာင့္ဂရိကြၽန္းတစ္ကြၽန္းျဖစ္တဲ့ဆာမို႔စ္ကြၽန္းမွာဆူနာမီအေသးစားျဖစ္ေပၚၿပီးေရလွ်ံတက္လာတာကိုႀကဳံရသလိုတူရကီအေနာက္ဖက္ကမ္းကၿမိဳ႕တစ္ၿမိဳ႕ကလမ္းေတြလည္းေရလႊမ္းခဲ့ပါတယ္။

ငလ်င္ဟာဆာမို႔စ္ကြၽန္းကာလိုဗာစီဂရိၿမိဳ႕ရဲကမ္းလြနကိုးမိုင္အကြာမွာျပင္းအားရစ္ခ်္တာစေကး၇အဆင့္နဲ႔ လႈပ္ခဲ့တာျဖစ္တယ္လို႔အေမရိကန္ဘူမိတိုင္းတာေရးက ေျပာပါတယ္။ငလ်င္ႀကီးရဲ႕ ဒဏ္ကို တူရကီေရာ ဂရိႏိုင္ငံပါ ခံစားခဲ့ရၿပီး ငလ်င္ေဘးကို အတူကိုင္တြယ္ေျဖရွင္းဖို႔ သမိုင္းနဲ႔ ၿပိဳင္ဖက္ေတြျဖစ္တဲ့ ႏွစ္ႏိုင္ငံၾကားမွာ သံခင္းတမန္ခင္း လမ္းပြင့္လာခဲ့ရပါတယ္။

ဂရိဝန္ႀကီးခ်ဳပ္ ကီရီယာကို႔စ္ မစ္ဆိုတာကီက တူရကီ သမၼတ ရီဆက္ေတယစ္အာဒိုဂန္ဆီ စိတ္မေကာင္းျဖစ္ေၾကာင္းနဲ႔အကူအညီအေထာက္အပံ့ေပးမယ့္အေၾကာင္း ရွားရွားပါးပါး ဖုန္းေခၚဆိုခဲ့တာ ျဖစ္ပါတယ္။

အပ်က္အစီးေတာ္ေတာ္မ်ားမ်ားကတူရကီ အပန္းေျဖၿမိဳ႕အစ္ဇ္မားရွိရာအက္ဂ်ီယန္းအရပ္မွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။အဲဒီအရပ္ဟာလူဦးေရသုံးသန္းေနထိုင္ၿပီးအထပ္ျမင့္အေဆာက္အအုံေတြနဲ႔ျပည့္ႏွက္ေနတာပါ။

အေဆာက္အအုံေတြရဲ႕အပ်က္အစီးအပိုင္းအစာေတြဟလမ္းေပၚထိျပန႔္ႀကဲေရာက္ရွိၿပီးအသက္ရွင္သူေတြဟာလည္းစကားမေျပာႏိုင္ေအာင္ကိုမ်က္ရည္စို႔လ်က္တုန္လႈပ္ေျခာက္ျခားေနပါတယ္။

အေပၚစီးကေဗီဒီယို႐ိုက္ကူးရာမွာအဲဒီ ၿမိဳတစ္ၿမိဳ႕လုံးဟာအုတ္ပုံအတိနီးပါးျဖစ္ေနတာကိုျမင္ရပါတယ္။

“ကြၽန္ေတာ္ေတာ့အားလုံးဘဝဆုံးရႈံးၿပီလားဆိုၿပီးေတာင္ထင္မိတယ္။ဆယ္မိနစ္ေလာက္ကိုဒီလိုပဲခံစားေနရတယ္။လို႔အသက္၃၂နွစ္အ႐ြယ္ဧည့္လမ္းၫႊန္ ဂိုခန္းကန္ေျပာပါတယ္။

“အဲဒီအခ်ိန္ကကြၽန္ေတာ္အတြက္တင္စိုးရိမ္ပူပန္သြားတာမဟုတ္ဘူး၊ကြၽန္ေတာ္မိသားစု၊မိန္းမနဲ႔ေလးႏွစ္အ႐ြယ္သားေလးအတြက္ပါလွမ္းစိုးရိမ္ပူပန္မိတယ္။”ဆိုၿပီး သူေျပာာပါတယ္။

အစ္ဇ္မားၿမိဳ႕ေတာ္ဝန္ဆိုယာကအေဆာက္အအုံ၂၀ ၿပိဳက်ပ်က္စီးၿပီးအဲဒီထဲက၁၇ မွာကယ္ဆယ္ေရးအာ႐ုံစိုက္ေဆာက္႐ြက္ေနတယ္လို႔စီအင္န္အင္န္ကိုေျပာပါတယ္

တူရကီသဘာဝေဘးေလ်ာ့ပါးေရးေအဂ်င္စီကေသဆုံးသူ၂၄ ဦးနဲ႔ဒဏ္ရာရသူ၈၀၀ရွိေၾကာင္းေျပာၿပီးဂရိကေတာ့ဆာမို႔စ္ၿမိဳ႕မွာေက်ာင္းကေနအိမ္ျပန္လာတဲ့ ဆယ္ေက်ာ္သက္ႏွစ္ဦး နံရံၿပိဳက်လို႔ ေသဆုံးေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အပ်က္အစီႀကီးမားတာေၾကာင့္ေသဆုံးသူထပ္တိုးလာႏိုင္ေျခလည္းရွိေနေၾကာင္းသိရပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ခရက္ဒစ္