လမ်းပေါ်မှာနေ့စဉ်လိုက်တောင်းနေပေမဲ့ရရှိတဲ့ငွေအားလုံးကိုမိဘမဲ့ဂေဟာများသို့လှူဒါန်းခဲ့တဲ့အသက်၁၀၁နှစ်အရွယ်အဘိုးအို
Unicode ဖြင့်ဖတ်ရန်
အသက် (၁၀၁) နှစ် ရှိပြီဖြစ်တဲ့ Dobri Dobrev အမည်ရှိ အိုးမဲ့အိမ်မဲ့ အမျိုးသား တစ်ဦးဟာ ဒု တိယ ကမ္ဘာစစ်မှာ သူ့ရဲ့ အကြားအာရုံ အများစုကို ဆုံးရှုံးခဲ့ရပါတယ်။ အဘိုးဟာသူ့ရဲ့လက်လုပ်
အဝတ် အစားများနှင့်သားရေဖိနပ်များကိုဝတ်ဆင်ကာ နေ့တိုင်းလိုလို၁၅ မိုင်ခြ လျင်ခရီး ထွ က်ပြီးငွေတောင်းခံခြင်းကိုဆယ်စုနှစ် တစ်ခုကတည်က ပြုလုပ်ခဲ့ ပါတယ် အဘိုးဟာ Bulgaria
နိုင်ငံရှိ သူနေထိုင်တဲ့ ရွာတစ်ရွာမှ Sofia မြို့သို့သွားကာ တစ်နေ့လုံး ငွေတောင်းခံ နေခဲ့ပါတယ်။အဘိုးဟာ တကယ်တမ်း သူ့အဖို့သာ ငွေတောင်း စား နေခြင်းမဟုတ် ခဲ့ပါဘူး။ အဘိုးဟာ သူ့စား
ဝတ်နေရေး အတွက်ကို သပ်သပ်ထားပြီး တစ်လလျှင် ဒေါ်လာ ၁၀၀ ခန့် ကျန်ထားရန် စီမံခန့်ခွဲခဲ့ပါတယ်။ နှစ်များ တစ်လျှောက် အဘိုး Dobri ဟာ ဒေါ်လာ ၅၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး ၎င်း
ငွေတွေကို ဘေမပေး ဆောင်နိုင်တဲ့ မိဘမဲ့ဂေဟာများကို အားလုံးကို လှူဒါန်းပေးခဲ့ပါတယ်။ အဘိုး Dobri ဟာ သူရရှိခဲ့တဲ့ ငွေရဲ့ တစ် ရာခိုင်နှုန်း ကိုတောင် သူလက်ထဲ မသိမ်းဆည်း ထားခဲ့ပါဘူး။
သူ့ရဲ့ မွေးရပ်မြေရှိ လူအချို့က သူ့ကို Baylovo ရဲ့သူတော်စင် လို့ခေါ်ဝေါ်ကြပါတယ်။ အဘိုး Dobri ဟာ ကိုယ်ကျိုးမငှဲ့ဘဲ ယုတ္တိ အဆန်ဆုံးသော အရာကို အကောင်းဆုံး လုပ်ဆောင်နိုင်
ကြောင်း လူတွေအားလုံးကို သက်သေနဲ့ သရုပ်ပြခဲ့ပါတယ်။ အဘိုး Dobri ဟာ တန်ဖိုးကြီးတဲ့ သ နားသက်ညာ ကရုဏာစိတ်ကို အပြည့်ဝပိုင် ဆိုင်ထား သူလည်း ဖြစ်ပါတယ်။ အဘိုး Dobri ဟာ
အသက် အရွယ်ကြီးပြီး လမ်းပေါ် တောင်းစားဖို့မလိုတော့ပေမဲ့အဘိုးဟာသူ့ရဲ့တစ်နေ့တာအလုပ်ကို ဆက်လုပ် နေခဲ့ပြီး မိဘမရှိတဲ့ ကလေးငယ်တွေကိုလည်း ထောက်ပံ့ ပေးနေခဲ့ပါတယ်။ လူ
သား အားလုံးက အဘိုး Dobri နဲ့ ထပ်အပ်မတူနိုင်ခဲ့ ရင်တောင် အနည်းငယ် တူနေခဲ့ရင်တော့ ဒီကမ္ဘာ မြေကြီးက ပိုမို ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာ နိုင်မှာပါ။
Zawgyi ဖြင့်ဖတ်ရန်
အဝတ် အစားများနှင့် သားရေ ဖိနပ်များကို ဝတ် ဆင်ကာ နေ့တိုင်းလိုလို ၁၅ မိုင်ခြေ လျင်ခရီး ထွ က် ပြီး ငွေတောင်း ခံခြင်းကို ဆယ်စုနှစ် တစ်ခုက တည်က ပြုလုပ်ခဲ့ ပါတယ် အဘိုးဟာ Bulgaria