သင္မနက္စာမစားဘဲေနေနၿပီလားဒါဆိုဒီေရာဂါေတြပိုျဖစ္ႏို္င္ပါတယ္

Unicode

သင်မနက်စာမစားဘဲ နေနေပြီလားဒါဆိုဒီရောဂါတွေပိုဖြစ်နိုင်ပါတယ်

မနက်စာကိုရှင်ဘုရင်လိုစားသင့်တယ်ဆိုတဲ့စကားလေးသင်ကြားဖူးမှာပါ။ ဒါပေမယ့်ပိန်ချင်လို့အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီးမအားလို့ မနက်စာကိုမစားဖြစ်ကြတဲ့သူတွေအများကြီးပါ။တကယ်တော့မနက်စာဆိုတာသင်တစ်နေ့တာလုံးအတွက်လိုအပ်တဲ့

အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့တစ်ခုတည်းသောအရာပါ။မနက်စာကိုအလွတ်ခံလိုက်ရင်တစ်နေ့တာလုံးအတွက်လိုအပ်တဲ့အားအင်တွေလည်းဆုံးရှုံးမယ့်အပြင်မနက်စာမစားခြင်းကတစ်ခြားကျန်းမာရေးအပေါ်မှာသက်ရောက်တဲ့ မကောင်းတဲ့အချက်တွေလည်းရှိပါသေးတယ်။

ဘာတွေလဲဆိုတာဆက်ကြည့်ရအောင် ။မနက်စာကိုမစားဘဲနေရင်ဘာတွေ ဖြစ်နိုင်သလဲ ။ ။အစားတွေပိုစားဖြစ်တယ်။ ။မနက်စာကိုမစားဘဲနေလိုက်တာကြောင့်ကိုယ့်ကိုယ်ခန္ဓာရဲ့စားသောက်မှုပုံစံစည်းချက်မူမမှန်တော့မယ့်အပြင်ဦးနှောက်နဲ့ ကြွက်သားတို့

အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်းနည်းနေမှာဖြစ်ပါတယ်။ဒီလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့သင့်ကိုသင်လည်းသနားပြီး နေ့လည်စာကိုပိုစားဖြစ်နေပါလိမ့်မယ်။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူး။ ။လေ့လာချက်တွေ အရတော့မနက်စာ စားတဲ့သူတွေဟာမစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေက သင့်ကိုတစ်နေ့လုံး

ဆာလောင်ခြင်ကင်းစေမှာဖြစ်ပါတယ်။ဒါကြောင့်မနက်စာလေးအလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲ ဆိုတဲ့ အတွေးဟာ မှားနေပါတယ်။နှလုံးရောဂါ ဖြစ်နေခြေပိုများတယ်။ ။ညဘက်အိပ်တဲ့အချိန်ရယ်မနက်စာမစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့၁၂နာရီကျော်သွားပြီဆိုရင် သ့င့်ကိုယ်

ခန္ဓာအတွင်းကအစာကို တောင့်တနေပါလိမ့်မယ်။ဒါကိုမနက်စာအလွတ်ခံလိုက်မယ်ဆိုရင်ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်း တွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ဒီလိုနဲ့နှလုံးက ကြွက်သားတွေလည်းအလုပ်ပိုလုပ်ရလို့မနက်စာမစားတဲ့သူတွေဟာနှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

ဆီးချိုဖြစ်ဖို့အလားအလာပိုများပါတယ်။ ။မနက်စာမစားဘဲနေတာကြာလာတော့ကိုယ်တွင်းသကြားဓာတ် တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက်ကိုယ်အများကြီးစားလိုက်တဲ့အခါဝင်လာတဲ့သကြားဓာတ်အလုံးအရင်းကိုအင်ဆူလင်ကမထိန်းနိုင်တော့ဆီးချိုအမျိုးအစား

၂ ဖြစ်နိုင်ချေ အလားအလာပိုများသွားပါပြီ။မှတ်ဉာဏ်စွမ်းရည်လည်းကျဆင်းလာပါတယ်။ ။အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေအလုံအလောက်ရှိနေမှ ရမှာပါ။ဒါကို ကိုယ်က မနက်စာ

မစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီးဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊အာရုံစူးစိုက်မှုအပိုင်းမှာရောကျဆင်းလာမှာပါ။အားမရှိသလိုခံစားနေရပြီး ဗိုက်လည်

း ခဏခဏ ဆာနေပါလိမ့်မယ်။ ။တစ်နေ့တာအတွက်လိုအပ်တဲ့အားအင်တွေကိုအပြည့်အဝပေးနိုင်တာမနက်စာပါ။ ဒါကိုမစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့်မယ်။မနက်စာမစားထားတော့ဗိုက်ထဲလည်းဟာတာတာဖြစ်နေပြီးအချိန်ရှိတိုင်းဗိုက်ဆာသလို

ဖြစ်နေတော့မှာပါ။စိတ်ဖိစီးမှုကိုလည်း များစေပါတယ်။မနက်စားမစားတဲ့လူတွေမှာcortisolလို့ ခေါ်တဲ့စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီလိုနဲ့မနက်စာမစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်းများလေလေပါပဲ ။ကဲဒီတော့မနက်စာစားဖြစ်ဆိုတာ

သိပ်ကို အရေးကြီးကြောင်းသိသွားလောက်ကြပါပြီ။မစားတာကြာလေလေကျန်းမာရေးကိုထိခိုက်ဖို့အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ပထမဦးဆုံးမနက်စာကိုရှင်ဘုရင်လိုစားလိုက်ကြရအောင် ။ ။

Zawgyi

သင္မနက္စာမစားဘဲ ေနေနၿပီလားဒါဆိုဒီေရာဂါေတြပိုျဖစ္ႏို္င္ပါတယ္

မနက္စာကိုရွင္ဘုရင္လိုစားသင့္တယ္ဆိုတဲ့စကားေလးသင္ၾကားဖူးမွာပါ။ ဒါေပမယ့္ပိန္ခ်င္လို႔အစားေလွ်ာ့တယ္၊ ႐ုံးသြား ေက်ာင္းသြားရမယ္ဆိုၿပီးမအားလို႔ မနက္စာကိုမစားျဖစ္ၾကတဲ့သူေတြအမ်ားႀကီးပါ။တကယ္ေတာ့မနက္စာဆိုတာသင္တစ္ေန႔တာလုံးအတြက္လိုအပ္တဲ့

အားအင္ေတြကို ျဖည့္စြမ္းေပးႏိုင္တဲ့တစ္ခုတည္းေသာအရာပါ။မနက္စာကိုအလြတ္ခံလိုက္ရင္တစ္ေန႔တာလုံးအတြက္လိုအပ္တဲ့အားအင္ေတြလည္းဆုံးရႈံးမယ့္အျပင္မနက္စာမစားျခင္းကတစ္ျခားက်န္းမာေရးအေပၚမွာသက္ေရာက္တဲ့ မေကာင္းတဲ့အခ်က္ေတြလည္းရွိပါေသးတယ္။

ဘာေတြလဲဆိုတာဆက္ၾကည့္ရေအာင္ ။မနက္စာကိုမစားဘဲေနရင္ဘာေတြ ျဖစ္ႏိုင္သလဲ ။ ။အစားေတြပိုစားျဖစ္တယ္။ ။မနက္စာကိုမစားဘဲေနလိုက္တာေၾကာင့္ကိုယ့္ကိုယ္ခႏၶာရဲ႕စားေသာက္မႈပုံစံစည္းခ်က္မူမမွန္ေတာ့မယ့္အျပင္ဦးေႏွာက္နဲ႔ ႂကြက္သားတို႔

အလုပ္လုပ္ဖို႔အတြက္လိုအပ္တဲ့ ေသြးတြင္းသၾကားဓာတ္လည္းနည္းေနမွာျဖစ္ပါတယ္။ဒီိလိုနဲ႔ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ ေတြ ကေမာက္ကမျဖစ္ၿပီး လိုအပ္တဲ့ သၾကားဓာတ္ေတြ အတြက္ေရာ၊ မနက္စာအငတ္ခံထားလို႔သင့္ကိုသင္လည္းသနားၿပီး ေန႔လည္စာကိုပိုစားျဖစ္ေနပါလိမ့္မယ္။

မနက္စာမစားလို႔ သင့္ကိုယ္အေလးခ်ိန္ က်သြားမွာ မဟုတ္ပါဘူး။ ။ေလ့လာခ်က္ေတြ အရေတာ့မနက္စာ စားတဲ့သူေတြဟာမစားတဲ့သူေတြထက္ပိုပိန္ေနတာကို ေတြ႕ရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္စားတဲ့ မနက္စာထဲပါတဲ့ ပ႐ိုတင္းနဲ႔ အမွ်င္ဓာတ္ေတြက သင့္ကိုတစ္ေန႔လုံး

ဆာေလာင္ျခင္ကင္းေစမွာျဖစ္ပါတယ္။ဒါေၾကာင့္မနက္စာေလးအလြတ္ခံလိုက္ရင္ ငါေတာ့ပိန္သြားမွာပဲ ဆိုတဲ့ အေတြးဟာ မွားေနပါတယ္။ႏွလုံးေရာဂါ ျဖစ္ေနေျခပိုမ်ားတယ္။ ။ညဘက္အိပ္တဲ့အခ်ိန္ရယ္မနက္စာမစားတဲ့အခ်ိန္ရယ္ ေပါင္းလိုက္လို႔၁၂နာရီေက်ာ္သြားၿပီဆိုရင္ သ့င့္ကိုယ္

ခႏၶာအတြင္းကအစာကို ေတာင့္တေနပါလိမ့္မယ္။ဒါကိုမနက္စာအလြတ္ခံလိုက္မယ္ဆိုရင္ကိုယ္တြင္းဖိစီးမႈေတြတက္လာၿပီး ေဟာ္မုန္း ေတြလည္း အေျပာင္းအလဲျဖစ္လာပါတယ္။ဒီလိုနဲ႔ႏွလုံးက ႂကြက္သားေတြလည္းအလုပ္ပိုလုပ္ရလို႔မနက္စာမစားတဲ့သူေတြဟာႏွလုံးေရာဂါ ျဖစ္ႏို္င္ေခ်ပိုမ်ားပါတယ္။

ဆီးခ်ိဳျဖစ္ဖို႔အလားအလာပိုမ်ားပါတယ္။ ။မနက္စာမစားဘဲေနတာျကာလာေတာ့ကိုယ္တြင္းသၾကားဓာတ္ ေတြလည္း ကေမာက္ကမ ျဖစ္ကုန္တဲ့အျပင္ ေန႔ခင္းဘက္ကိုယ္အမ်ားႀကီးစားလိုက္တဲ့အခါဝင္လာတဲ့သၾကားဓာတ္အလုံးအရင္းကိုအင္ဆူလင္ကမထိန္းႏို္င္ေတာ့ဆီးခ်ိဳအမ်ိဳးအစား

၂ ျဖစ္ႏိုင္ေခ် အလားအလာပိုမ်ားသြားပါၿပီ။မွတ္ဉာဏ္စြမ္းရည္လည္းက်ဆင္းလာပါတယ္။ ။အိပ္ၿပီးျပန္ထလာတဲ့အခ်ိန္ဆို ပထမဆုံး အလုပ္လုပ္ရတာ ဦးေႏွာက္ပါပဲ။ သူ အလုပ္ေတြ အမ်ားႀကီးလုပ္ႏိုင္ဖို႔အတြက္ ေသြးတြင္းသၾကားေတြအလုံအေလာက္ရွိေနမွ ရမွာပါ။ဒါကို ကိုယ္က မနက္စာ

မစားဘဲေနလိုက္တဲ့အခါ ေသြးတြင္းသၾကားဓာတ္ေတြ ကေမာက္ကမျဖစ္ၿပီးဦးေႏွာက္ အတြက္လိုအပ္တဲ့ အာဟာရေတြ မရႏိုင္ေတာ့လို႔မနက္စာ မစားတာၾကာလာရင္ သင့္ဦးေႏွာက္ မွတ္ဉာဏ္ပိုင္းမွာေရာ၊အာ႐ုံစူးစိုက္မႈအပိုင္းမွာေရာက်ဆင္းလာမွာပါ။အားမရွိသလိုခံစားေနရၿပီး ဗိုက္လည္

း ခဏခဏ ဆာေနပါလိမ့္မယ္။ ။တစ္ေန႔တာအတြက္လိုအပ္တဲ့အားအင္ေတြကိုအျပည့္အဝေပးႏိုင္တာမနက္စာပါ။ ဒါကိုမစားဘဲေနလိုက္တဲ့အခါက် တစ္ေန႔လုံး အားမရွိသလိုခံစားေနရၿပီး ႏုန္းေနပါလိမ့္္မယ္။မနက္စာမစားထားေတာ့ဗိုက္ထဲလည္းဟာတာတာျဖစ္ေနၿပီးအခ်ိန္ရွိတိုင္းဗိုက္ဆာသလို

ျဖစ္ေနေတာ့မွာပါ။စိတ္ဖိစီးမႈကိုလည္းမ်ားေစပါတယ္။မနက္စားမစားတဲ့လူေတြမွာcortisolလို႔ ေခၚတဲ့စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးပိုထြက္ပါတယ္။ ဒီိလိုနဲ႔မနက္စာမစားေလေလcortisol ပိုထြက္ေလေလျဖစ္ၿပီးစိ္တ္ဖိစီးမႈလည္းမ်ားေလေလပါပဲ ။ကဲဒီေတာ့မနက္စာစားျဖစ္ဆိုတာ

သိပ္ကို အေရးႀကီးေၾကာင္းသိသြားေလာက္ၾကပါၿပီ။မစားတာၾကာေလေလက်န္းမာေရးကိုထိခိုက္ဖို႔အလားအလာမ်ားေလေလဆိုတဲ့အတြက္ ေန႔တစ္ေန႔ရဲ႕ပထမဦးဆုံးမနက္စာကိုရွင္ဘုရင္လိုစားလိုက္ၾကရေအာင္ ။ ။