ထိုင္ခုံလဲေပးဖို႔ေတာင္းဆိုခဲ့ရာကေနထိုမိန္းကေလးရဲ႕ကံၾကမၼာကိုပါေျပာင္းလဲေပးႏိုင္ခဲ့တဲ့အျဖစ္

Unicode

Rosey Blairဆိုတဲ့ အမေရိကန်သူလေးဟာသူမရဲ့ချစ်သူနဲ့အတူထိုင်ခွင့်ရဖို့ နေရာလဲလှယ်ခဲ့ရာကနေ မြှားနတ်မယ်လေးဖြစ်သွားခဲ့တဲ့အကြောင်းကို တွစ်တာမှာပြန်ပြီးပြောပြထားခဲ့ပါတယ်။

သူမနဲ့ သူမရဲ့ချစ်သူက Dallas ကိုပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့သူတို့ထိုင်ခုံကအရှေ့နဲ့အနောက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ Rosey က တစ်ယောက်တည်းခရီးထွက်လာပုံရတဲ့မိန်းကလေးကို သူမနဲ့နေရာချင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုမိန်းကလေးကလည်း Rosey ကိုနားလည်စွာနဲ့နေရာချင်းလဲလှယ်ပေးခဲ့ပါတယ်။

ကံကြမ္မာအပြောင်းအလဲကို ဘယ်သူမှကြိုမမြင်နိုင်ခဲ့ဘူးဆိုသလို နေရာပြောင်းပေးခဲ့တဲ့မိန်းကလေးကသူမရဲ့ဘေးကအမျိုးသားနဲ့စကားတွေဖောင်ဖွဲ့ပြောဆိုတဲ့အထိရင်းနှီးသွားခဲ့ကြပါတယ်။Rosey ကလည်း ထိုနှစ်ယောက်စကားတွေပြောနေတာကိုကြားခဲ့ရလို့

သေချာနားထောင်ခဲ့ပြီး သူတို့နှစ်ယောက်ပြောသမျှစကားတွေကိုတွစ်တာအကောင့်မှာရေးသားခဲ့ပြီး ပုံပြင်လေးသဖွယ်တင်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးက Personal trainer တွေဖြစ်ကြပြီးနှစ်ယောက်လုံးကသတ်သတ်လွတ်စားသမားတွေပါတဲ့။တိုက်ဆိုင်လိုက်ပုံများ။

နှစ်ယောက်လုံးမှာလက်ထပ်လက်စွပ်ဝတ်ဆင်ထားတာမတွေ့ရလို့အိမ်ထောင်လည်းမရှိကြသေးဘူးလို့သတ်မှတ်ရမှာပါပဲတဲ့။Rosey က ထိုစုံတွဲလေးကို သေချာစောင့်ကြည့်နေခဲ့တာပါပဲ။မိန်းကလေးကလည်းလှပြီးယောကျာ်းလေးကလည်း

ရုပ်ရည်ကြည့်ကောင်းဆွဲဆောင်မှုရှိတယ်လို့ပြောပြထားပါတယ်။Rosey တို့စုံတွဲကလည်းသူတို့နှစ်ယောက်ရဲဇာတ်လမ်းလေးဘယ်လိုဖြစ်လာမလဲဆိုတာစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ကြတာပါ။

အဲ့ဒီနောက်ထိုင်ခုံလဲလှယ်ပေးခဲ့တဲ့မိန်းကလေးက ထိုအမျိုးသားဆီကgymကစားတာနဲ့ပတ်သက်လို့နည်းလမ်းလေးအချို့ကိုမေးမြန်းခဲ့ပါတယ်။အချိန်အတော်ကြာတဲ့အခါမှာတော့ထိုနှစ်ယောက်ကသူတို့မိသားစုပုံတွေကိုတောင်လဲလှယ်ပြသနေခဲ့ပါတယ်တဲ့။

Rosey ကလေယာဉ်မှာ တစ်နာရီဝိုင်ဖိုင်ဖရီးရခဲ့လို့ ဒီဇာတ်လမ်းလေးကိုတပြိုင်တည်းတင်ပေးနေတာဖြစ်သလို ဒီဇာတ်လမ်းကိုမြင်တဲ့ထောင်ပေါင်းများစွာသောတွစ်တာ user တွေက အဆုံးသတ်ကျဘယ်လိုဖြစ်မလဲဆိုတာ အတူတူစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

တွစ်တာသုံးစွဲသူမိန်းကလေးတစ်ယောက်ဆိုဒီဇာတ်လမ်းကိုလွတ်သွားမှာစိုးလို့ ရေချိုးခန်းထဲကိုတောင်ဖုန်းယူသွားခဲ့ပါတယ်တဲ့။အဲ့ဒီလိုနဲ့ အရှေ့ကစုံတွဲက သန့်စင်ခန်းကိုနှစ်ယောက်အတူထွက်သွားခဲ့ပြီး ပြန်လာတော့ တစ်ယောက်ကိုတစ်ယောက်ကူညီကာ

ထိုင်ခုံနေရာတွေရှင်းလင်းပေးခဲ့ကြပါတယ်။ပြီးတော့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ဘယ်လိုဖြစ်ချင်ကြတယ်ဆိုတာတွေအပြန်အလှန်ပြောခဲ့ကြပြီး ခဏတိတ်ဆိတ်သွားခဲ့ပါတယ်။

လေယာဉ်ဆင်းခါနီးအချိန်မှာပဲတစ်ယောက်ရဲအင်စတာဂရမ်တစ်ယောက်မေးမြန်းခဲ့ပြီး လေယာဉ်လည်းဆင်းရောနှစ်ယောက်အတူတူထွက်ခွာသွားခဲ့ကြပါတယ်တဲ့။သူတို့ရဲအချစ်ရေးကစတင်နေပြီပေါ့ <3တကယ်လို့သူမသာ နေရာလဲပေးဖို့မတောင်းဆိုခဲ့ရင်…။

အိမ်ပြန်ရောက်တဲ့အချိန်မှာ Rosey က အင်စတာဂရမ်ကနေ ထိုစုံတွဲကို ရှာဖွေခဲ့သလို တွေလည်းတွေ့ခဲ့ပါတယ်။သူမထိုင်ခုံလဲလှယ်ခွင့်တောင်းခဲ့ရာကနေ လူနှစ်ယောက်ပျော်ရွှင်သွားကြတဲ့အဖြစ်ကြောင့်Roseyကလည်းထိုစုံတွဲအစား ပျော်ရွှင်နေခဲ့တာပါ။

သူမရဲ့တွစ်တာပိုစ့်လေးဆိုရင်လိုက်ခ်ပေါင်း ၉၀၀၀၀၀ ကျော်၊တွစ်ပေါင်း ၃၇၀၀၀၀ ကျော်၊ကောမန့်ပေါင်း၁၁၀၀၀ ကျော်နဲ့နာမည်ကိုကြီးနေခဲ့ပါတော့တယ်။ကံကြမ္မာတို့၊ဖူးစာတို့ဆိုတာကပုံသေတွက်ထားလို့မရဘူးဆိုတာပြလိုက်တာပါပဲ<3ပုံလေးတွေအဆုံးထိကြည့်သွားပေးနော်…

Zawgyi

Rosey Blairဆိုတဲ့ အေမရိကန္သူေလးဟာသူမရဲ႕ခ်စ္သူနဲ႔အတူထိုင္ခြင့္ရဖို႔ ေနရာလဲလွယ္ခဲ့ရာကေန ျမႇားနတ္မယ္ေလးျဖစ္သြားခဲ့တဲ့အေၾကာင္းကို တြစ္တာမွာျပန္ၿပီးေျပာျပထားခဲ့ပါတယ္။

သူမနဲ႔ သူမရဲ႕ခ်စ္သူက Dallas ကိုျပန္ဖို႔ ေလယာဥ္လက္မွတ္ျဖတ္ခဲ့ၾကေပမဲ့ ကံမေကာင္းစြာနဲ႔သူတို႔ထိုင္ခုံကအေရွ႕နဲ႔အေနာက္ျဖစ္ေနခဲ့ပါတယ္။အဲ့ဒါနဲ႔ Rosey က တစ္ေယာက္တည္းခရီးထြက္လာပုံရတဲ့မိန္းကေလးကို သူမနဲ႔ေနရာခ်င္းလဲေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ထိုမိန္းကေလးကလည္း Rosey ကိုနားလည္စြာနဲ႔ေနရာခ်င္းလဲလွယ္ေပးခဲ့ပါတယ္။

ကံၾကမၼာအေျပာင္းအလဲကို ဘယ္သူမွႀကိဳမျမင္ႏိုင္ခဲ့ဘူးဆိုသလို ေနရာေျပာင္းေပးခဲ့တဲ့မိန္းကေလးကသူမရဲ႕ေဘးကအမ်ိဳးသားနဲ႔စကားေတြေဖာင္ဖြဲ႕ေျပာဆိုတဲ့အထိရင္းႏွီးသြားခဲ့ၾကပါတယ္။Rosey ကလည္း ထိုႏွစ္ေယာက္စကားေတြေျပာေနတာကိုၾကားခဲ့ရလို႔

ေသခ်ာနားေထာင္ခဲ့ၿပီး သူတို႔ႏွစ္ေယာက္ေျပာသမွ်စကားေတြကိုတြစ္တာအေကာင့္မွာေရးသားခဲ့ၿပီး ပုံျပင္ေလးသဖြယ္တင္ေပးခဲ့ပါတယ္။သူတို႔ႏွစ္ေယာက္လုံးက Personal trainer ေတြျဖစ္ၾကၿပီးႏွစ္ေယာက္လုံးကသတ္သတ္လြတ္စားသမားေတြပါတဲ့။တိုက္ဆိုင္လိုက္ပုံမ်ား။

ႏွစ္ေယာက္လုံးမွာလက္ထပ္လက္စြပ္ဝတ္ဆင္ထားတာမေတြ႕ရလို႔အိမ္ေထာင္လည္းမရွိၾကေသးဘူးလို႔သတ္မွတ္ရမွာပါပဲတဲ့။Rosey က ထိုစုံတြဲေလးကို ေသခ်ာေစာင့္ၾကည့္ေနခဲ့တာပါပဲ။မိန္းကေလးကလည္းလွၿပီးေယာက်ာ္းေလးကလည္း

႐ုပ္ရည္ၾကည့္ေကာင္းဆြဲေဆာင္မႈရွိတယ္လို႔ေျပာျပထားပါတယ္။Rosey တို႔စုံတြဲကလည္းသူတို႔ႏွစ္ေယာက္ရဲဇာတ္လမ္းေလးဘယ္လိုျဖစ္လာမလဲဆိုတာစိတ္လႈပ္ရွားစြာေစာင့္ၾကည့္ေနခဲ့ၾကတာပါ။

အဲ့ဒီေနာက္ထိုင္ခုံလဲလွယ္ေပးခဲ့တဲ့မိန္းကေလးကထိုအမ်ိဳးသားဆီကgymကစားတာနဲ႔ပတ္သက္လို႔နည္းလမ္းေလးအခ်ိဳ႕ကိုေမးျမန္းခဲ့ပါတယ္။အခ်ိန္အေတာ္ၾကာတဲ့အခါမွာေတာ့ထိုႏွစ္ေယာက္ကသူတို႔မိသားစုပုံေတြကိုေတာင္လဲလွယ္ျပသေနခဲ့ပါတယ္တဲ့။

Rosey ကေလယာဥ္မွာ တစ္နာရီဝိုင္ဖိုင္ဖရီးရခဲ့လို႔ ဒီဇာတ္လမ္းေလးကိုတၿပိဳင္တည္းတင္ေပးေနတာျဖစ္သလို ဒီဇာတ္လမ္းကိုျမင္တဲ့ေထာင္ေပါင္းမ်ားစြာေသာတြစ္တာ user ေတြက အဆုံးသတ္က်ဘယ္လိုျဖစ္မလဲဆိုတာ အတူတူစိတ္လႈပ္ရွားေနခဲ့ၾကပါတယ္။

တြစ္တာသုံးစြဲသူမိန္းကေလးတစ္ေယာက္ဆိုဒီဇာတ္လမ္းကိုလြတ္သြားမွာစိုးလို႔ ေရခ်ိဳးခန္းထဲကိုေတာင္ဖုန္းယူသြားခဲ့ပါတယ္တဲ့။အဲ့ဒီလိုနဲ႔ အေရွ႕ကစုံတြဲက သန႔္စင္ခန္းကိုႏွစ္ေယာက္အတူထြက္သြားခဲ့ၿပီး ျပန္လာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ကူညီကာ

ထိုင္ခုံေနရာေတြရွင္းလင္းေပးခဲ့ၾကပါတယ္။ၿပီးေတာ့သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္လို႔ဘယ္လိုျဖစ္ခ်င္ၾကတယ္ဆိုတာေတြအျပန္အလွန္ေျပာခဲ့ၾကၿပီး ခဏတိတ္ဆိတ္သြားခဲ့ပါတယ္။

ေလယာဥ္ဆင္းခါနီးအခ်ိန္မွာပဲတစ္ေယာက္ရဲအင္စတာဂရမ္တစ္ေယာက္ေမးျမန္းခဲ့ၿပီး ေလယာဥ္လည္းဆင္းေရာႏွစ္ေယာက္အတူတူထြက္ခြာသြားခဲ့ၾကပါတယ္တဲ့။သူတို႔ရဲအခ်စ္ေရးကစတင္ေနၿပီေပါ့ <3တကယ္လို႔သူမသာ ေနရာလဲေပးဖို႔မေတာင္းဆိုခဲ့ရင္…။

အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ Rosey က အင္စတာဂရမ္ကေန ထိုစုံတြဲကို ရွာေဖြခဲ့သလို ေတြလည္းေတြ႕ခဲ့ပါတယ္။သူမထိုင္ခုံလဲလွယ္ခြင့္ေတာင္းခဲ့ရာကေန လူႏွစ္ေယာက္ေပ်ာ္႐ႊင္သြားၾကတဲ့အျဖစ္ေၾကာင့္Roseyကလည္းထိုစုံတြဲအစား ေပ်ာ္႐ႊင္ေနခဲ့တာပါ။

သူမရဲ႕တြစ္တာပိုစ့္ေလးဆိုရင္လိုက္ခ္ေပါင္း ၉၀၀၀၀၀ ေက်ာ္၊တြစ္ေပါင္း ၃၇၀၀၀၀ ေက်ာ္၊ေကာမန႔္ေပါင္း၁၁၀၀၀ ေက်ာ္နဲ႔နာမည္ကိုႀကီးေနခဲ့ပါေတာ့တယ္။ကံၾကမၼာတို႔၊ဖူးစာတို႔ဆိုတာကပုံေသတြက္ထားလို႔မရဘူးဆိုတာျပလိုက္တာပါပဲ<3ပုံေလးေတြအဆုံးထိၾကည့္သြားေပးေနာ္…