
Unicode

၈လကြာသည်ထိ ကျောင်းပိတ်ထားပြီး ပြန်ဖွင့်ချိန်မှာတော့ ကျောင်းရှိအိမ်သာထဲကနေငရုတ်သီးပင်ပေါက်နေသည်ကို တွေ့ရှိခဲ့ပြီးရယ်မောနေရ

ယခုဖြစ်စဉ်ကတော့တရုတ်နိုင်ငံရှိဂွမ်ဒေါင်းပြည်နယ်နည်းပညာတက္ကသိုလ် ကျောင်းဝန်းထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။တစ်နေ့တွင်ကျောင်းသားတစ်ဦးသည် ကျောင်းဝန်းထဲ သွားရောက်ခဲ့ပြီး ကျောင်းဖွင့်တော့မည် ဖြစ်သည့်အတွက်သန့်ရှင်းရေးလုပ်ဆောင်ရန်ဖြစ်သည်။

ထို့နောက်သန့်စင်ခန်းသို့သွားရာက်သည့်အခါမှမထင်မှတ်ပဲအိမ်သာထဲကနေအပင်တစ်ပင်ပေါက်ရောက်နေသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။ကျောင်းသားလေးသည်အစပိုင်းတွင်ရုတ်တရက်ကြည့်လိုက်ရာပန်းပင်လေးလားဟုထင်ခဲ့သော်လည်းအပင်မှ အသီးလေးကိုတွေ့တော့မှ ငရုတ်ပင်မှန်းသိခဲ့ရသည်။

ထိုအဖြစ်အပျက်ကိုမြင်ပြီးချက်ချင်းဆိုသလို ကျောင်းသားလေးသည်ပုံရိုက်ကာလိုင်းပေါ်တင်လိုက်သည်။ထို့နောက်အခြားအတန်းဖော်ကျောင်းသားများ အနှောင့်အယှက်မဖြစ်ရအောင်ဆိုပြီးငရုတ်ပင်လေးအားဆွဲနှုတ်ထုတ်ပစ်ခဲ့သည်။

အချို့ကျောင်းသားလေးများမှလည်းထိုအဖြစ်ကို သေချာမတွေ့လိုက်ရခြင်းကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပြီးအချို့မှာထိုငရုတ်သီးကိုအားဟင်းချက်သည့်အခါ ထည့်ချက်ပါလားဆိုပြီးစနောက်ကာပြက်ရယ်ပြုခဲ့ကြသည်။

Zawgyi




