ဘာလုပ္လုပ္အဆင္မေျပသူမ်ားဒုကၡအခက္အခဲလြန္စြာမ်ားသူမ်ားအတြက္

Unicode

ဘာလုပ်လုပ်အဆင်မပြေသူများဒုက္ခအခက်အခဲလွန်စွာများသူများအတွက်

ယတြာနည်းတစ်ခု ဖော်ပြပေးလိုက်ပါတယ်

တစ်ချို့လူတွေမှာကံလေးကောင်းလာရင်စီးပွားရေးလေး ခဏကောင်းလာပြီးကံညံ့လာရင်စီးပွားပြန်ကျ သွားတတ်၏။တစ်ချို့သူတွေမှာအလုပ်လွန် စွာလုပ်၏၊ ဉာဏ်လည်းအလွန်ကောင်း၏၊ပညာလည်းအလွန်တတ်၏၊ဝီရိယလည်းလွန်စွာရှိ၏။

ဘာလုပ်လုပ် ၊ဘာကိုင်ကိုင်အဆင်မပြေသူများလည်းတွေ့ရတတ်၏။ ကံဇာတာက ကောင်းပေမယ့်လည်း အဆင်မပြေ သူများလည်း ရှိတတ်၏။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာများစွာ ထဲမှာ

ခင်ပွန်းကြီးဆယ်ပါးအနွယ်ဝင်ဖြစ်တဲ့ဘုရား၊တရား၊သံဃာမိဘဆရာ ကျေးဇူးရှင်များကို စော်ကားပြောဆိုမိလို့ဖြစ်တာများ၏။အထူးသဖြင့်မိဘတွေနဲ့ အခန့်မသင့်တဲ့အခါမှာဝစီကံမနောကံနှင့်ပြစ်မှားမိပြန်ပြောမိရင်ဖြစ်တတ်၏။

မိဘတွေကလည်းဂရုဏာဒေါသ ဖြင့်ပြောဆိုပြီးဝမ်းနဲပက်လက်နှင့်မျက်ရည်ကျတဲ့အခါမှာကျိန်ဆဲမိသလိုဖြစ်တတ်၏။ ထိုအခါတွင်သားသမီးမှာဒဏ်ခံရတတ်၏။

ဘာလုပ်လုပ်ဘာကိုင်ကိုင် ရှေ့ကိုမတက်ပဲတဝဲလည်လည်ဒုံရင်းကဒုံရင်းသာရှိနေတတ်၏။အဆင်ပြေတော့မယ် ကြံတာနဲ့အဖျက်ဝင်လေတော့ ၏။ ဘေးဒုက္ခများတွေ့တတ်၏။

“မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်” ဟူသော စကားသည် ရှိ၏။ စိမ်ရည်သင့်သည်ဟု ခေါ်ကြလေ၏။ ဂိုဏ်းသင့်သည် ဟုခေါ်လေ၏။

ထိုကဲ့သို့ ဘုရား၊တရား၊သံဃာ မိဘ ဆရာ ကျေးဇူးရှင်တို့ရဲ့ စိမ်ရေသင့်ထားသူများ ဂိုဏ်းသင့်ထားသူ များသည် လွန်စွာ ဒုက္ခများကြ ရ၏ တစ်ချို့ဆိုလျှင် ဘဝပေါင်းများစွာ သံသရာ အထိပင် ဒုက္ခရောက် တတ်သေး၏။

လွန်စွာကြောက်စရာကောင်းလှ၏။ ဒီဘဝမှာ ကိုယ်က မပြစ်မှားမိပေမယ့် အတိတ်ဘဝတုန်းက ပြစ်မှားမိရင်လည်း ဖြစ်တတ်၏။

ထိုကဲ့သို့ စိမ်ရည်သင့်ထ ားသူများ ဂိုဏ်းသင့်ထားသူများ အနေနဲ့ အောက်ပါ ယတြာအစီအရင် ကိုပြုလုပ်ကြည့် ပါလေ။

(၁)မိမိရဲ့မွေးနေ့မှာ အိမ်မှာရှိတဲ့ ဘုရားဆင်းထုတော်ကို ရေသပ္ပယ်ပါ။ ဆင်းထုတော်မရှိသူများ ဘုရားစင်ကို ရေဆေးချ ပါ။ အကြမ်း အရင်ဆေးပြီး ရေသန့်နဲ့ အချောဆေးချတဲ့ အခါမှာ ထိုရေကို ခံပြီး ပုလင်းတစ်လုံးထဲ ထည့်ထားပါ။

(၂) သံဃာတော်များ ပရိတ်ထားတဲ့ ပရိတ်ရေကိုယူပါ။

(၃)မိမိနဲ့မွေးနံတူတဲ့ (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ စသည်ဖြင့် ) မြင့်မြတ်သောရဟန်းသံဃာတော်ကိုပစ္စည်းလေးပါးလှူပါ ဒကာခံပါ ၊ မိမိရှာလို့ရတဲ့ အထဲက အနည်းငယ်ဖြစ်စေမိမိတတ်နိုင်သလိုအဆင်ပြေသလိုမကြာခဏလှူပေးပါ။

အမြဲတမ်းကိုးကွယ်ထားရင်ပိုကောင်းပါတယ်။သံဃာတော်ကိုဆွမ်းကပ်ပါ၊ဆွမ်းကပ်တဲ့အခါမှာလက်ဆေးတဲ့ရေကို ယူထားပါ။

(၄)မိဘနှစ်ပါးကိုလည်း ကျကျနန ကန်တော့ပြီး တောင်းပန်ပြီး လက်ဆေးရေယူထားပါ။ မိဘမရှိတော့သူများ ကျေးဇူးရှိ သူရဲ့ လက်ဆေးရေကို ယူပါ။ မိဘနှစ်ပါးရဲ့ပုံကို ခေါင်းရင်းမှာသေသေချာချာ ချိတ်ပြီးနေ့စဉ်ကျကျနန ကန်တော့ပါ။

ထိုဓာတ်ပုံဘောင်ကို ရေဆေးတဲ့အခါမှာရတဲ့ရေကိုပုလင်းတစ်လုံးထဲမှာထည့်ပြီးသိမ်းထားပါ။

(၅)ဆရာသမားကိုလည်းကျကျနန ကန်တော့ပြီးတောင်းပန်ပြီလက်ဆေးရေကိုလည်းယူထားပါ။ဆရာသမားမရှိတော့ဘူးဆိုရင်ဆရာသမားရဲ့ဓာတ်ပုံကို ခေါင်းရင်းမှာသေသေချာချာ ချိတ်ပါ နေ့စဉ်ကန်တော့ပါ။

ဓာတ်ပုံကိုသန့်ရှင်းရေးလုပ်တဲ့အခါမှာ ဆေးတဲ့ရေကိုသိမ်းထားပါ။

အဲဒီရေ(၅) မျိုး (သို့မဟုတ်)ရသလောက်ကိုရောပြီး ခေါင်းလျှော်တဲ့အခါမှာအသုံးပြုပါ။အဲ့ဒီရေနဲ့မျက်နှာသစ်ပါ။အဲ့ဒီရေလျော့သွားရင်ထပ်ပွားထားပါ။

ယနေ့ခေတ်တွင်သံဃာဂိုဏ်းသင့်သူများမိဘစိမ်ရေသင့်သူများဆရာဂိုဏ်းသင့်သူများ များစွာတွေ့နေရ ၏။

(၇) ရက်သားသမီးအပေါင်းကျန်းမာချမ်းသာကြပါစေ…..

ဆရာသာထက်ဆန်းကျိုက်ဝိုင်းဘုရားဝ၉၇၆၂၉၉၂၃၃၅

Zawgyi

ဘာလုပ္လုပ္အဆင္မေျပသူမ်ားဒုကၡအခက္အခဲလြန္စြာမ်ားသူမ်ားအတြက္

ယၾတာနည္းတစ္ခု ေဖာ္ျပေပးလိုက္ပါတယ္

တစ္ခ်ိဳလူေတြမွာကံေလးေကာင္းလာရင္စီးပြားေရးေလး ခဏေကာင္းလာၿပီးကံညံ့လာရင္စီးပြားျပန္က် သြားတတ္၏။တစ္ခ်ိဳ႕သူေတြမွာအလုပ္လြန္စြာလုပ္၏၊ ဉာဏ္လည္းအလြန္ေကာင္း၏၊ပညာလည္းအလြန္တတ္၏၊ဝီရိယလည္းလြန္စြာ ရွိ၏။

ဘာလုပ္လုပ္ ၊ဘာကိုင္ကိုင္အဆင္မေျပသူမ်ားလည္းေတြ႕ရတတ္၏။ ကံဇာတာက ေကာင္းေပမယ့္လည္း အဆင္မေျပ သူမ်ားလည္း ရွိတတ္၏။ ဘာေၾကာင့္ျဖစ္တယ္ဆိုတဲ့ အေၾကာင္းအရာမ်ားစြာ ထဲမွာ

ခင္ပြန္းႀကီးဆယ္ပါးအႏြယ္ဝင္ျဖစ္တဲ့ဘုရား၊တရား၊သံဃာ မိဘ ဆရာ ေက်းဇူးရွင္မ်ားကို ေစာ္ကားေျပာဆို မိလို႔ ျဖစ္တာမ်ား၏။ အထူးသျဖင့္ မိဘ ေတြနဲ႔ အခန႔္မသင့္တဲ့အခါမွာဝစီကံ မေနာကံႏွင့္ျပစ္မွားမိ ျပန္ေျပာမိ ရင္ျဖစ္ တတ္၏။

မိဘေတြကလည္းဂ႐ုဏာေဒါသ ျဖင့္ေျပာဆိုၿပီးဝမ္းနဲပက္လက္ႏွင့္မ်က္ရည္က်တဲ့အခါမွာက်ိန္ဆဲမိသလိုျဖစ္တတ္၏။ ထိုအခါတြင္သားသမီးမွာဒဏ္ခံရတတ္၏။

ဘာလုပ္လုပ္ဘာကိုင္ကိုင္ ေရွ႕ကိုမတက္ပဲတဝဲလည္လည္ဒုံရင္းကဒုံရင္းသာရွိေနတတ္၏။အဆင္ေျပေတာ့မယ္ ႀကံတာနဲ႔အဖ်က္ဝင္ေလေတာ့ ၏။ ေဘးဒုကၡမ်ားေတြ႕တတ္၏။

“မိဘမ်က္ရည္တစ္စက္သားသမီးဆင္းရဲတစ္သက္” ဟူေသာ စကားသည္ ရွိ၏။ စိမ္ရည္သင့္သည္ဟု ေခၚၾကေလ၏။ ဂိုဏ္းသင့္သည္ ဟုေခၚေလ၏။

ထိုကဲ့သို႔ ဘုရား၊တရား၊သံဃာမိဘဆရာ ေက်းဇူးရွင္တို႔ရဲ႕စိမ္ေရသင့္ထားသူမ်ားဂိုဏ္းသင့္ထားသူမ်ားသည္လြန္စြာဒုကၡမ်ားၾက ရ၏တစ္ခ်ိဳ႕ဆိုလွ်င္ ဘဝေပါင္းမ်ားစြာသံသရာအထိပင္ဒုကၡေရာက္တတ္ေသး၏။

လြန္စြာေၾကာက္စရာေကာင္းလွ၏။ ဒီဘဝမွာ ကိုယ္က မျပစ္မွားမိေပမယ့္ အတိတ္ဘဝတုန္းက ျပစ္မွားမိရင္လည္း ျဖစ္တတ္၏။

ထိုကဲ့သို႔ စိမ္ရည္သင့္ထ ားသူမ်ား ဂိုဏ္းသင့္ထားသူမ်ား အေနနဲ႔ ေအာက္ပါ ယၾတာအစီအရင္ ကိုျပဳလုပ္ၾကည့္ ပါေလ။

(၁)မိမိရဲ႕ေမြးေန႔မွာ အိမ္မွာရွိတဲ့ ဘုရားဆင္းထုေတာ္ကို ေရသပၸယ္ပါ။ ဆင္းထုေတာ္မရွိသူမ်ား ဘုရားစင္ကို ေရေဆးခ် ပါ။ အၾကမ္း အရင္ေဆးၿပီး ေရသန႔္နဲ႔ အေခ်ာေဆးခ်တဲ့ အခါမွာ ထိုေရကို ခံၿပီး ပုလင္းတစ္လုံးထဲ ထည့္ထားပါ။

(၂) သံဃာေတာ္မ်ား ပရိတ္ထားတဲ့ ပရိတ္ေရကိုယူပါ။

(၃)မိမိနဲ႔ေမြးနံတူတဲ့ (တနဂၤေႏြ ၊ တနလၤာ ၊ အဂၤါ စသည္ျဖင့္ ) ျမင့္ျမတ္ေသာ ရဟန္းသံဃာေတာ္ကို ပစၥည္းေလးပါးလႉပါ ဒကာခံပါ ၊ မိမိရွာလို႔ရတဲ့ အထဲက အနည္းငယ္ျဖစ္ေစ မိမိတတ္ႏိုင္သလို အဆင္ေျပသလို မၾကာခဏ လႉေပးပါ။

အၿမဲတမ္းကိုးကြယ္ ထားရင္ ပိုေကာင္းပါတယ္။ သံဃာေတာ္ကို ဆြမ္းကပ္ပါ၊ ဆြမ္းကပ္တဲ့ အခါမွာ လက္ေဆး တဲ့ေရကို ယူထားပါ။

(၄)မိဘႏွစ္ပါးကိုလည္း က်က်နန ကန္ေတာ့ၿပီး ေတာင္းပန္ၿပီး လက္ေဆးေရယူထားပါ။ မိဘမရွိေတာ့သူမ်ား ေက်းဇူးရွိ သူရဲ႕ လက္ေဆးေရကို ယူပါ။ မိဘႏွစ္ပါးရဲ႕ပုံကို ေခါင္းရင္းမွာ ေသေသခ်ာခ်ာ ခ်ိတ္ၿပီး ေန႔စဥ္က်က်နန ကန္ေတာ့ပါ။

ထိုဓာတ္ပုံေဘာင္ကို ေရေဆးတဲ့အခါမွာ ရတဲ့ေရကို ပုလင္း တစ္လုံးထဲမွာ ထည့္ၿပီးသိမ္းထားပါ။

(၅)ဆရာသမား ကိုလည္း က်က်နန ကန္ေတာ့ၿပီး ေတာင္းပန္ၿပီး လက္ေဆးေရကိုလည္း ယူထားပါ။ ဆရာသမား မရွိေတာ့ဘူး ဆိုရင္ ဆရာသမားရဲ႕ ဓာတ္ပုံကို ေခါင္းရင္းမွာ ေသေသခ်ာခ်ာ ခ်ိတ္ပါ ေန႔စဥ္ ကန္ေတာ့ပါ။

ဓာတ္ပုံကို သန႔္ရွင္းေရး လုပ္တဲ့ အခါမွာ ေဆးတဲ့ေရကို သိမ္းထားပါ။

အဲဒီေရ(၅) မ်ိဳး (သို႔မဟုတ္) ရသေလာက္ ကိုေရာၿပီး ေခါင္းေလွ်ာ္တဲ့အခါမွာအသုံးျပဳပါ။အဲ့ဒီေရနဲ႔မ်က္ႏွာသစ္ပါ။ အဲ့ဒီေရေလ်ာ့သြားရင္ထပ္ပြားထားပါ။

ယေန႔ေခတ္တြင္သံဃာဂိုဏ္းသင့္သူမ်ားမိဘစိမ္ေရသင့္သူမ်ားဆရာဂိုဏ္းသင့္သူမ်ား မ်ားစြာေတြ႕ေနရ ၏။

(၇) ရက္သားသမီးအေပါင္းက်န္းမာခ်မ္းသာၾကပါေစ…..

ဆရာသာထက္ဆန္းက်ိဳက္ဝိုင္းဘုရားဝ၉၇၆၂၉၉၂၃၃၅