အသကျ၃၂နှဈအရှယျမှာဘာသာစကား၅၆မြိုးအထိတတျခဲ့သူ
Unicode
ယနေ့ခေတ်မှာ လူတစ်ယောက် ဘာသာစကား ၂မျိုး ၃မျိုး တတ်တာဟာသိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမယ့်ဘော့စနီးယားကအသက် ၃၂နှစ်အရွယ် Muhamed Mesic ဆိုသူကတော့ ထူးဆန်းပါတယ်။သူဟာဘာသာစကားအမျိုး ၇၀ ကိုအခြေခံပြောနိုင်ပြီး
၅၆မျိုးကိုတော့ကျွမ်းကျင်စွာပြောနိုင်ပါသတဲ့။ယုံကြည်ဖို့ခက်ခဲလှတဲ့သတင်းပါ။Muhamedဟာဘောစနီးယားစက်မှုမြို့လေးဖြစ်တဲ့ Tuzla မှာကြီးပြင်းခဲ့သူပါ။ဘာသာစကားသစ်သင်ခြင်းဟာသူအနှစ်သက်ဆုံးဝါသနာဖြစ်တယ်လို့သိရပါတယ်။
ဘာကြောင့်ဘာသာစကားအများကြီးကိုသူသင်နိုင်ခဲပါသလဲသူ ၅နှစ်အရွယ်တုန်းကမိသားစုနဲ့အတူဂရိကိုသွားလည်ခဲ့ပါတယ်။ဂရိကအိမ်နီးနားခြင်းတွေဆီကနေဘာသာစကားအသစ်ကိုသူစကြားဖူးခဲ့ပါတယ်။ရက်ပိုင်းအတွင်းမှာပဲ
သူတို့တွေဘာတွေပြောနေတယ်ဆိုတာ သူနားလည်တွက်ချက်နိုင်လာပါတယ်။ သွားလည်ပြီးအပြန်မှာသူ့အဖေရဲ့ကားကိုလာပြင်ပေးတဲ့မက်က္ကင်းနစ်ရဲ့စကားကိုသူကဘာသာပြန်ပေးခဲ့တာကြောင့်မိဘတွေဟာအလွန်အံသြကုန်ကြပါတယ်။
ဒါဟာသူ့ရဲဘာသာစကား ခရီးအစဖြစ်ပါတယ်။သူ ၉နှစ်သားအရွယ်မှာ ဘော့စနီးယားစစ်ပွဲအတွက်သူတို့မြို့ကိုရောက်လာတဲ့ဆွီဒင်စစ်သားတွေဆွီဒင်ဘာသာစကားကိုသင်ခဲ့နိုင်ပါတယ်။ ပြီးတော့ဟန်ဂေရီကိုအလည်သွားတယ်။ မသွားခင်
အဘွားဖြစ်သူကဟန်ဂေရီစကားကိုမလိုအပ်တဲ့အတွက်သင်မလာဖို့သူကိုတောင်းဆိုခဲ့တယ်။ ါပေမယ့်သူဟာအဘွားဖြစ်သူကိုအမှန်အတိုင်းဖွင့်ပြောဖို့ကြောက်နေခဲ့ပါတယ်။သူဟာဟန်ဂေရီစကားကိုတတ်လာတဲ့အတွက်ကြောင့်ပါအချိန်နည်းနည်းကြာလာတော့
သူမိသားစုဟာ Muhamed မှာ စွမ်းရည်ထူးတစ်ခုရှိကြောင်း ရိပ်စားလာမိကြတာကြောင့် ဆရာဝန်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ သူ့မှာရောဂါတစ်မျိုးဖြစ်နေတာ သွားတွေ့ရပါတယ်။ ဘာသာစကားအသစ်တွေကို လွယ်ကူစွာတတ်မြောက်နိုင်တဲ့
Asperger’ Syndrome ဆိုတဲ့ အော့တစ်ဇင်အပျော့စားရောဂါဖြစ်ပါတယ်။ အဲဒီနောက်သူဟာ ခရီးအတူသွားတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ လတ်ဗီးယန်းဘာသာစကားကို တတ်ခဲ့ပြန်တယ်။ ယူကျူ့က ဗီဒီယိုတွေ ၊ စာအုပ်နှစ်အုပ် နဲ့ ကာတွန်း
၄၃ခုကို ကြည့်ပြီးချိန် ၂ပတ်အတွင်းမှာ ဘော်လ်တစ်ဘာသာစကားကိုတတ်မြောက်ပြန်ပါတယ်။သူ့ကို ဟီးဘရူး ဘာသာစကားကို ဘယ်လိုတတ်ခဲ့လဲ လို့မေးကြည့်တဲ့အခါမှာ သူတတ်ခဲ့ပုံကို ပြန်ဖြေခဲ့ပါတယ်။ ဘော့စနီးယားမှာ ဂျူးလူကြီးတစ်ယောက်ရဲ
့စကားပြောတာကို ရေဒီယိုက တစ်ဆင့်သူနားထောင်ခဲ့ရပါတယ်။ အဲဒီမှာတင်သူဟာ ဂျူးဘာသာစကားကို တတ်ချင်လာပါတယ်။ ဂျူးမှာက Ladino ၊ Yiddish နဲ့ ဟီးဘရူးဆိုပြီး ဘာသာစကားခွဲ ၃မျိုး ရှိပါတယ်။ သုံးမျိုးလုံးကို တစ်ခါတည်းသင်လို
့ ရမလားလို့မေးတော့ ဂျူးလူကြီးက ရယ်ပြီး ဟီးဘရူးကို အရင်ဆုံးသင်စေခဲ့ပါတယ်။ သူ့မှာ ဥရောပသီချင်းတွေကို စုဆောင်းထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ဆီကနေ ဟီဘရူးသီချင်းတွေကို စနားထောင်ပြီး မကြာခင်မှာပဲ သူဟာ
ဟီးဘရူးဘာသာစကားကို တတ်မြောက်ခဲ့ပါတယ်။သူဟာ အမျိုးမျိုးသော ဟောပြောပွဲ ၊ ဆွေးနွေးပွဲ နဲ့ သင်တန်းတွေ အတွက် တစ်နှစ်မှာ ရက်ပေါင်း ၂၀ဝ လောက် ခရီး သွားနေရပါတယ်။ ယနေ့အချိန်မှာ သူဟာ ဘာသာစကား ၅၆မျိုးကို ကျွမ်းကျင်နေပြီး
ဒီအထဲမှာ အင်္ဂလိပ် ၊ ပေါ်တူဂီ ၊ ဂျပန် စတဲ့ဘာသာစကားတွေပါသလို Kinyarwanda နဲ့ Quechua တို့လို တိုင်းရင်းသားလူမျိုးစုတွေပြောတဲ့ ဘာသာစကားတွေလည်းပါဝင်ပါတယ်။ ဒီဘာသာစကားတွေသင်ယူဖို့ ရှားရှားပါးပါး အခွင့်အရေးတွေ
ရခဲ့တာလို့သူကဆိုပါတယ်။“ဒီလောက်ဘာသာစကားတွေအများကြီးသင်ယူနေတာဟာ ကြွားဝါချင်လို့ မဟုတ်ပဲ သင်ချင်လွန်းလို့ ၊ ဝါသနာပါလွန်းလို့ဖြစ်တယ်” လို့သူကထပ်ပြောပါတယ်။ဘာသာစကားပေါင်းများစွာနဲ့ ပြောထားတဲ့
သူရဲစကားပြောဗီဒီယိုဖိုင်တွေကိုယူကျူ့မှာMuhamed Mesicလို့ရိုက်ကာရှာဖွေကြည့်ရှု့နိုင်ပါတယ်။
Zawgyi
Vedio ကြည့်ရန်