ချစ်သူ နဲ့တစ်သက်လုံးမခွဲရဘဲပေါင်းသင်းနိုင်မယ့်အဆောင်(၄)မျိုး

Unicode

မိမိချစ်သူနဲ့တစ်သက်လုံးမခွဲရဘဲအိုအောင်မင်းအောင် ပေါင်းသင်းရမှာအမှန်ပါ။

အဆောင် (၁) =ကိုယ်ကျင့်တရား ။

ကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ် ။တစ်ယောက်မကြိုက်တာတစ်ယောက်မလုပ်ပါနဲ့။အတူတူဘုရားသွားကျောင်းတက် ကောင်းမှုတေအတူတူပြုခဲ့ဖူးရပါမယ် ။

အဆောင် (၂)=ယုံကြည်မှု ။

တစ်ယောက်နဲ့တစ်ယောက်ယုံကြည့်မှု တွေရှိရမယ် ။မိမိချစ်သူအပေါ်မှာသစ္စာရှိရမယ်ရိုးသားရမယ်။မလိုအပ်တဲ့သံသယတွေမရှိရဘူး ။

သံသယရှိလာရင် မေးမြန်းစုံစမ်း၊ညှိနှိုင်းဆွေးနွေးပြီးသံသယတွေကိုဖြည်ဖျောက်ပါဒီအဆောင်ကိုနှစ်ဦးစလုံး ဆောင်ထားရမှာပါ ။

အဆောင် (၃) = ပေးကမ်းခြင်း ရှိရမယ် ။

သွားအတူ၊စားအတူအခါမျိုးမှာကိုယ်ချည်းပဲ ကျွေးနေရတာမျိုး၊သူချည်းပဲ ကျွေးနေရတာမျိုးတစ်ဖက်သက်မဟုတ်ဘဲ၊ မေတ္တာခေါင်းပါးတဲ့လုပ်ရပ်မျိုးကို ရှောင်ရပါမယ်။

သူတစ်လှည့်ကျွေးလိုက်ကိုယ်တစ်လှည့်ကျွေးလိုက်နဲ့ မေတ္တာမျှပြီး ဝေစားမျှစားဖြစ်နေရမှာပါ။သူနဲ့ပါတ်သက်တဲ့ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ပေးကမ်းစောင့်ရှောက်ရပါမယ်။ဒါတွေကကွန်ယက်သဖွယ်ဆက်နွယ်နေပါတယ် ။

အဆောင်(၄) = ပညာ

ပညာဆိုတဲ့ နေရာမှာတစ်ယောက်နဲ့တစ်ယောက်အသိပညာအတတ်ပညာအမြင်အယူအဆ တွေတူမျှနိုင်ရင် ကောင်းပါတယ် ။အမှားအမှန်အဆိုးအကောင်းကိုအကျိုးသင့် အကြောင်းသင့်နားလည်နိုင်ရပါမယ် ။

ကောင်း၏ မကောင်း၏ ခွဲခြားသိပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းစောင့်ရှောက် ရပါမယ်။ဒီအဆောင် လေးခုသာ ဆောင်နိုင်မယ်ဆိုရင်ဒီဘဝ မှာလည်း ရွှေလက်တွဲ့လို့ မြဲမြံကြသလို ဖြစ်လေရာဘဝ အတူဆုံတွေ့နိုင်ကြပါလိမ့်မယ်..။

Ref: သာသနာနွယ်ဆရာတော်

Credit: loveshop

Zawgyi




အဆောင် (၂)=ယုံကြည်မှု ။






အဆောင်(၄) = ပညာ



Ref: သာသနာနွယ် ဆရာတော်

Credit: loveshop