Unicode
မကွယ်လွန်ခင်ရက်ပိုင်းအလိုကသူခံစားနေရတဲ့ ရောဂါ ဝေဒနာတွေကိုနောက်ဆုံးအနေနဲ့ပရိတ်သတ်တွေကိုရင်ဖွင့်ပြောပြသွားခဲ့တဲ့သရုပ်ဆောင်ကိုအောင်မိုး
ပရိတ်သတ်ကြီးရေ…အနုပညာ လောကမှာဇာတ်ကား ပေါင်းများစွာရိုက်ကူးရင်း နေရာတစ်နေရာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်ကိုအောင်မိုးဟာဆိုရင် သရုပ် ဆောင်ပိုင်းမှာကျွမ်းကျင ပိုင် နိုင်တဲ့အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
ကိုအောင်မိုးကတော့မ နေ့ ကပဲဘဝတစ်ပါး ပြောင်းသွားပြီ ဖြစ် ကြောင်းသိရပါ တယ်။ ဦး အောင်မိုး က ဇွန်လ(၁၈)ရက် နေ့၊ (၁၅း၃၅)မိနစ်အချိန်တွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးမှာကွယ် လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်
အသက် (၅၀)အရွယ်ရှိပြီ ဖြစ်တဲ့ ဆီးချိုရောဂါ၊နှလုံးရောဂါ တွေနဲ့ သေဆုံးသွားရတာ ဖြစ်ကြောင် သရုပ်ဆောင် ဦးဝင်းမြိုင်က သူ့ရဲ့လူမှု ကွန်ယက် စာမျက်နှာထက်မှာ တင် ထားတာ တွေ့ရ ပါတယ်။
ဇွန်လ (၁၀) ရက် နေ့တုန်းကလည်းသရုပ်ဆောင် ဦးအောင်မိုးက သူနေမကောင်းဖြစ်နေတဲ့အကြောင်းကိုပရိသတ်တွေဆီအသိပေးခဲ့တာ ဖြစ်ပါတယ် ။ဦးအောင်မိုးကသူခံစား နေရတဲ့ ဝေဒနာတွေကို ပြောပြရင်း မနက်ကျရင် ဆေးရုံ တက် ရတော့မှာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။ဒီစာကတော့
ဦးအောင်မိုးအနေနဲ့သူ့ရဲလူမှု ကွန ယက် စာ မျက်နှာထက်မှာ နောက်ဆုံးမျှဝေသွားခဲ့တဲ့ စာလေးပဲဖြစ်ပါတယ်။ဒီစာလေးကို ဖတ်ရင်း သူ့ရဲ့ပရိသတ် တွေကလည်းအခုဆိုရင်အရမ်းစိတ်မကောင်းဖြစ်နေ ကြတာ ဖြစ်ပါတယ် ။
စာထဲမှာတော့ ဦးအောင်မိုးက “ငါ့အဖြစ်ကဆိုးပါတယ် ချောင်းတွေအရမ်းဆိုးတာရင်ဘတ်တွေ ကျောတွေအောင့်ပြီး အိပ်မရလှဲမရနဲ့ ဒီညကိုဘလိုဖြတ်သန်းရမှာလဲ “ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။
ကွယ်လွန်သူဦးအောင်မိုးတစ်ယောက် ကောင်းရာ မွန်ရာဘုံဘဝကို ရောက်ရှိ ပါစေလို့ ဆု တောင်း ပေးလိုက်ရပါတယ်။ဖတ်ရှု ပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲ ကျေးဇူးတင်ရှိ ပါတယ်။
credit
Zawgyi
credit