ေသမည့္ေန႔ကိုေ႐ႊ႕ပစ္ႏိုင္ေသာကုသိုလ္မ်ား

Unicode

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ဗေဒင်ကျွမ်းကျင်သော ပုဏ္ဏားမိသားစုရှိရာတွင် ပုဏ္ဏားကြီးသည်မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာအသက် (၆၀)ပြည့်သည့်နေ့တွင် သေရမည်ကိုသိလေ၏။

ထိုအခါ မြတ်စွာဘုရားကိုမကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ဘုရားထံ သွားလေ၏။ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားကမှန်၏။အသက် (၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ”ဟု ဟောကြားလိုက်လေသည်။

ပုဏ္ဏားလည်းအိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်

ဥယျာဉ်စိုက်၏။ နေရန်ဇရပ်ဆောက်၏။ ရေတွင်းတူး၏။လမ်း ဖောက်၏။တံတာ ဆောက်၏။စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာ ရပ်နားမှုအဆင်ပြေနေတော့သည်။

အသက်(၆၀) ပြည့်၍ မသေသောအခါဘုရားရှင်ထံ သွားရောက်အပြစ်တင်လေ၏။မတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါကုသိုလ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု

ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန်တည်လေ၏။(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း(၂) အများစားသုံးရန်အရန်စိုက်ခြင်း(၃) အများနေရန်ဇရပ်ဆောက်ပေးခြင်း(၄) အများသွားလာနိုင်ရန်လမ်းဖောက်ပေးခြင်း

(၅) အများသွားလာနိုင်ရန်တံတားဆောက်ပေးခြင်း(၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း

《မှတ်ချက်။ ။ “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင် စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》သနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။

သီတဂူဆရာတော်ဘုရား ဟောကြားတော်မူအပ်သောအာယုဒီဃ (၆)ပါးကိုအကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။

crd; အောင် နိုင် ထွန်း

Zawgyi

ျမတ္စြာဘုရားသက္ေတာ္ထင္ရွားရွိစဥ္က ေဗဒင္ကြၽမ္းက်င္ေသာ ပုဏၰားမိသားစုရွိရာတြင္ ပုဏၰားႀကီးသည္မိမိကိုယ္ကို ေဗဒင္တြက္ၾကည့္ရာအသက္ (၆၀)ျပည့္သည့္ေန႔တြင္ ေသရမည္ကိုသိေလ၏။

ထိုအခါ ျမတ္စြာဘုရားကိုမကိုးကြယ္ေသာ္လည္း ေသရမည္ကို ေၾကာက္လန႔္၍ဘုရားထံ သြားေလ၏။ဘုရားရွင္ထံေရာက္ေသာ္ ျမတ္စြာဘုရားကမွန္၏။အသက္ (၆၀) ေနမြန္းတည့္ခ်ိန္တြင္ ေသမည္။ ေသလွ်င္ ေျမာက္ဘက္ ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ ”ဟု ေဟာၾကားလိုက္ေလသည္။

ပုဏၰားလည္းအိမ္ျပန္ၿပီး ေမ်ာက္ဘဝ၌ စားရန္ ေတာတန္းတြင္—

ဥယ်ာဥ္စိုက္၏။ ေနရန္ဇရပ္ေဆာက္၏။ ေရတြင္းတူး၏။လမ္း ေဖာက္၏။တံတာ ေဆာက္၏။စသည္တို႔ကို လုပ္ေသာ္ ထိုအတြက္ေၾကာင့္ လူအမ်ား သြားလာ ရပ္နားမႈအဆင္ေျပေနေတာ့သည္။

အသက္(၆၀) ျပည့္၍ မေသေသာအခါဘုရားရွင္ထံ သြားေရာက္အျပစ္တင္ေလ၏။မတ္စြာဘုရားက ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ အမ်ားအတြက္ ျပဳလုပ္ေပးေသာ ေအာက္ပါကုသိုလ္မ်ားသည္ ေသေန႔ကိုပင္ ေ႐ႊ႕ပစ္ႏိုင္သည္ဟု ေဟာျပေလရာ ပုဏၰားမိသားစု ဗုဒၶဘာသာသို႔ ကူးေျပာင္း၍ ေသာတာပန္တည္ေလ၏။

(၁) အမ်ားစားသုံးရန္ ဥယ်ာဥ္စိုက္ျခင္း(၂) အမ်ားစားသုံးရန္အရန္စိုက္ျခင္း(၃) အမ်ားေနရန္ဇရပ္ေဆာက္ေပးျခင္း(၄) အမ်ားသြားလာႏိုင္ရန္လမ္းေဖာက္ေပးျခင္း

(၅) အမ်ားသြားလာႏိုင္ရန္တံတားေဆာက္ေပးျခင္း(၆) အမ်ားေသာက္သုံးႏိုင္ရန္ ေရတြင္းေရကန္ တူးေပးျခင္း

《မွတ္ခ်က္။ ။ “အရန္” စိုက္သည္ ဆိုသည္မွာ မိမိေနအိမ္၊ ေနရာ၊ ပတ္ဝန္းက်င္တြင္ အမ်ားအတြက္ သစ္ပင္ စိုက္ပ်ိဳးေပးျခင္း ျဖစ္ပါသည္။》သေန႔ကို ေ႐ႊ႕ႏိုင္ေသာ ကုသိုလ္ထူးမ်ား ရရွိႏိုင္ၾကပါေစ။

သီတဂူဆရာေတာ္ဘုရား ေဟာၾကားေတာ္မူအပ္ေသာအာယုဒီဃ (၆)ပါးကိုအက်ဥ္း ေဖာ္ျပျခင္း ျဖစ္ပါသည္။

crd; ေအာင္ ႏိုင္ ထြန္း