ဘုရားရိပ္တရားရိပ္ေရာက္ရင္ဘာ့ေၾကာင့္စိတ္ေအးခ်မ္းသြားရတာလဲ

Unicode

သတိ ကြောင့်စိတ်အေးချမ်းရတာပါ

ဘုရားရိပ်တရားရိပ်ရောက်ရင်ဘာ့ကြောင့်စိတ်အေးချမ်းသွားရတာလဲ။

ဗုဒ္ဓဘာသာဝင်တိုင်းဘုရားကျောင်းကန်၊ စေတီပုထိုးတွေကို အားလပ်ချိန်မှာဘုရားဖူးအဖြစ်သော်လည်းကောင်း၊ အေးအေးဆေးဆေးအနားယူရန်အဖြစ်သော်လည်းကောင်း၊ကုသိုလ်ဖြစ်ဘုရားဝေရာဝစ္စပြုလုပ်ရန်အဖြစ်သော်လည်းကောင်းစတဲ့အကြောင်းအမျိုးမျိုးဖြင့် သွားလေ့ရှိကြတယ်။

ဒီလိုသွားရောက်ပြီးရင်လည်း ဘုရားကျောင်းကန် ပရိဝုဏ်အတွင်းက အရိပ်အာဝါသကောင်းတဲ့နေရာမှာ အေးဆေးစွာအနားယူလေ့ရှိကြတယ်။အဲ့ဒီလိုအနားယူနေတဲ့အချိန်မှာပဲ ဘုရားရိပ်တရားရိပ်မှာဆိုတော့ စိတ်အေးချမ်းလိုက်တာ”

ဆိုပြီး ပါစပ်က ပြောလေ့ရှိကြတယ်။အမှန်တော့ဘုရားရိပ်တရားရိပ်မို့လို့စိတ်အေးချမ်းတယ်ဆိုတာမဟုတ်ပါဘူး။မိမိရဲ့အသိနဲ့သတိကြောင့်သာစိတ်အေးချမ်းရခြင်းဖြစ်တယ်။

ဘုရားကျောင်းကန်တွေဆိုတာဗုဒ္ဓဘာသာဝင်တိုင်းရဲ့အထွဋ်အမြတ်ထား ကိုးကွယ်ရာဖြစ်သည့်အလျောက် ထိုနေရာများသို့ ရောက်ရှိပြီဆိုတာနဲ့ လူအများစုက မိမိရဲ့အသိစိတ်၊မသိစိတ်အာလုံးကိုသတိနဲ့

ထိန်းချုပ်နိုင်ပြီးသားဖြစ်သွားကြတယ်။ဘုရားကျောင်းကန်ပရိဝုဏ်အတွင်းမှာဆိုတဲ့ အသိရှိနေခြင်း၊ ဘုရားကျောင်းကန်တို့ကို မြင်တွေ့နေရခြင်းတို့ကြောင့် မိမိရဲ့ “သတိ”ကို အစွမ်းကုန်အားပိုထည့်ထားပြီး..

မကောင်းတာတွေ မတွေးဖြစ်တော့ဘူး။မကောင်းတာတွေ မကြံစည်ဖြစ်တော့ဘူး။မကောင်းတာတွေ မလုပ်ဖြစ်တော့ဘူး။မိမိရဲ့စိတ်မှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လူသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် စတဲ့ မိမိစိတ်ကို ပူလောင်စေမယ့်

အရာအားလုံးကို ခဏတာလွှတ်ချထားဖြစ်ကြတယ်။ဒါ့ကြောင့်သာလျှင် မိမိရဲ့စိတ်ဟာ အခြားသောနေရာများနဲ့ မတူပဲ ဘုရားရိပ်တရားရိပ်ကို ရောက်တဲ့အခါ အလွန်တရာမှ အေးချမ်းနေခြင်းဖြစ်တယ်။လူတိုင်းက မိမိရဲ့စိတ်မှာ

သတိအားကောင်းနေမယ်ဆိုရင် ဘုရားရိပ်တရားရိပ်မှ မဟုတ်ဘူး။ အခြားမည်သည့်နေရာမှာမဆို မိမိရဲ့ သတိအားကောင်းရင် ကောင်းသလောက်အထိ စိတ်ကိုအေးချမ်းအောင် နေနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်တိုင်း မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို သိရှိထားပြီးသားဖြစ်နေကြပါလိမ့်မယ်။ ဒီအဆုံးအမတွေေကြောင့် မတွေးသင့်၊ မကြံစည်သင့်၊ မလုပ်သင့်တဲ့ အရာတွေကို ကိုယ်တိုင် သိထားပြီးသားပဲဖြစ်တယ်။

မိမိရဲ့စိတ်မှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လူသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် စတဲ့ မိမိစိတ်ကို ပူလောင်စေမယ့် အရာအားလုံးကိုလည်း မိမိရဲ့စိတ်မှာ သိထားတဲ့ အတိုင်း သတိ နဲ့ ဆင်ခြင်ပြီး လွှတ်ချသင့်တဲ့အရာတွေကို

အတတ်နိုင်ဆုံး လွှတ်ချထားလိုက်မယ်ဆိုရင် မိမိစိတ်မှာ ဘယ်နေရာ ရောက်ရောက် အေးချမ်းနေမှာပါပဲ။ကျွန်တော်တို့ ပုထုဇဉ်လူသားတွေအားလုံးဟာ အရာအားလုံးကို လွှတ်ချထားနိုင်ဖို့ဆိုတာ လူတိုင်းမဖြစ်နိုင်ပါဘူး။

သို့သော်လည်း မိမိအရဲ့ စိတ်ကို အရမ်းကြီးပူလောင်စေနိုင်မယ့် အရာတွေကိုတော့ မိမိမှာရှိသလောက်သတိ အားနဲ့ ဆင်ခြင်ပြီး လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချထားနိုင်ရင် အကောင်းဆုံးပါ။ဒါ့ကြောင့်

လူတိုင်းလူတိုင်း မိမိရဲ့ စိတ်အေးချမ်းနေမှုအတွက် “သတိ” ဆိုတာက အဓိက အရေးအကြီးဆုံးပါ။မည်သို့ပင်ဆိုစေကာမူစာရေးသူလည်း တွေးမိရုံသာမည်သို့ပင်ဆိုစေကာမူလူသားအားလုံး သတိအားကောင်းကောင်းနဲ့ဆင်ခြင်နိုင်ကြပါစေ။

Crd

Zawgyi

သတိ ေၾကာင့္စိတ္ေအးခ်မ္းရတာပါ

ဘုရားရိပ္တရားရိပ္ေရာက္ရင္ဘာ့ေၾကာင့္စိတ္ေအးခ်မ္းသြားရတာလဲ။

ဗုဒၶဘာသာဝင္တိုင္းဘုရားေက်ာင္းကန္၊ ေစတီပုထိုးေတြကို အားလပ္ခ်ိန္မွာ ဘုရားဖူးအျဖစ္ေသာ္လည္းေကာင္း၊ ေအးေအးေဆးေဆးအနားယူရန္အျဖစ္ေသာ္လည္းေကာင္း၊ကုသိုလ္ျဖစ္ဘုရားေဝရာဝစၥျပဳလုပ္ရန္အျဖစ္ေသာ္လည္းေကာင္း စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သြားေလ့ရွိၾကတယ္။

ဒီလိုသြားေရာက္ၿပီးရင္လည္း ဘုရားေက်ာင္းကန္ ပရိဝုဏ္အတြင္းက အရိပ္အာဝါသေကာင္းတဲ့ေနရာမွာ ေအးေဆးစြာအနားယူေလ့ရွိၾကတယ္။အဲ့ဒီလိုအနားယူေနတဲ့အခ်ိန္မွာပဲ ဘုရားရိပ္တရားရိပ္မွာဆိုေတာ့ စိတ္ေအးခ်မ္းလိုက္တာ”

ဆိုၿပီး ပါစပ္က ေျပာေလ့ရွိၾကတယ္။အမွန္ေတာ့ဘုရားရိပ္တရားရိပ္မို႔လို႔စိတ္ေအးခ်မ္းတယ္ဆိုတာမဟုတ္ပါဘူး။မိမိရဲ႕အသိနဲ႔သတိေၾကာင့္သာစိတ္ေအးခ်မ္းရျခင္းျဖစ္တယ္။

ဘုရားေက်ာင္းကန္ေတြဆိုတာဗုဒၶဘာသာဝင္တိုင္းရဲ႕အထြဋ္အျမတ္ထား ကိုးကြယ္ရာျဖစ္သည့္အေလ်ာက္ ထိုေနရာမ်ားသို႔ ေရာက္ရွိၿပီဆိုတာနဲ႔ လူအမ်ားစုက မိမိရဲ႕အသိစိတ္၊မသိစိတ္အာလုံးကိုသတိနဲ႔

ထိန္းခ်ဳပ္ႏိုင္ၿပီးသားျဖစ္သြားၾကတယ္။ဘုရားေက်ာင္းကန္ပရိဝုဏ္အတြင္းမွာဆိုတဲ့ အသိရွိေနျခင္း၊ ဘုရားေက်ာင္းကန္တို႔ကို ျမင္ေတြ႕ေနရျခင္းတို႔ေၾကာင့္ မိမိရဲ႕ “သတိ”ကို အစြမ္းကုန္အားပိုထည့္ထားၿပီး..

မေကာင္းတာေတြ မေတြးျဖစ္ေတာ့ဘူး။မေကာင္းတာေတြ မႀကံစည္ျဖစ္ေတာ့ဘူး။မေကာင္းတာေတြ မလုပ္ျဖစ္ေတာ့ဘူး။မိမိရဲ႕စိတ္မွာ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ လူသံေယာဇဥ္၊ ပစၥည္းသံေယာဇဥ္ စတဲ့ မိမိစိတ္ကို ပူေလာင္ေစမယ့္

အရာအားလုံးကို ခဏတာလႊတ္ခ်ထားျဖစ္ၾကတယ္။ဒါ့ေၾကာင့္သာလွ်င္ မိမိရဲ႕စိတ္ဟာ အျခားေသာေနရာမ်ားနဲ႔ မတူပဲ ဘုရားရိပ္တရားရိပ္ကို ေရာက္တဲ့အခါ အလြန္တရာမွ ေအးခ်မ္းေနျခင္းျဖစ္တယ္။လူတိုင္းက မိမိရဲ႕စိတ္မွာ

သတိအားေကာင္းေနမယ္ဆိုရင္ ဘုရားရိပ္တရားရိပ္မွ မဟုတ္ဘူး။ အျခားမည္သည့္ေနရာမွာမဆို မိမိရဲ႕ သတိအားေကာင္းရင္ ေကာင္းသေလာက္အထိ စိတ္ကိုေအးခ်မ္းေအာင္ ေနႏိုင္ပါတယ္။

ဗုဒၶဘာသာဝင္တိုင္း ျမတ္စြာဘုရားရဲ႕အဆုံးအမေတြကို သိရွိထားၿပီးသားျဖစ္ေနၾကပါလိမ့္မယ္။ဒီအဆုံးအမေတြေေၾကာင့္ မေတြးသင့္၊မႀကံစည္သင့္၊မလုပ္သင့္တဲ့ အရာေတြကိုကိုယ္တိုင္သိထားၿပီးသားပဲျဖစ္တယ္။

မိမိရဲ႕စိတ္မွာ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔လူသံေယာဇဥ္၊ပစၥည္းသံေယာဇဥ္စတဲ့မိမိစိတ္ကိုပူေလာင္ေစမယ့္အရာအားလုံးကိုလည္းမိမိရဲ႕စိတ္မွာသိထားတဲ့အတိုင္းသတိ နဲ႔ဆင္ျခင္ၿပီး လႊတ္ခ်သင့္တဲ့အရာေတြကို

အတတ္ႏိုင္ဆုံးလႊတ္ခ်ထားလိုက္မယ္ဆိုရင္မိမိစိတ္မွာဘယ္ေနရာ ေရာက္ေရာက္ ေအးခ်မ္းေနမွာပါပဲ။ကြၽန္ေတာ္တို႔ ပုထုဇဥ္လူသားေတြအားလုံးဟာ အရာအားလုံးကိုလႊတ္ခ်ထားႏိုင္ဖို႔ဆိုတာလူတိုင္းမျဖစ္ႏိုင္ပါဘူး။

သို႔ေသာ္လည္း မိမိအရဲ႕ စိတ္ကို အရမ္းႀကီးပူေလာင္ေစႏိုင္မယ့္ အရာေတြကိုေတာ့မိမိမွာရွိသေလာက္တိအားနဲ႔ ဆင္ျခင္ၿပီးလႊတ္ခ်သင့္တဲ့အရာေတြကို လႊတ္ခ်ထားႏိုင္ရင္ အေကာင္းဆုံးပါ။ဒါ့ေၾကာင့္ လူတိုင္းလူတိုင္း မိမိရဲ

႕ စိတ္ေအးခ်မ္းေနမႈအတြက္ “သတိ” ဆိုတာက အဓိက အေရးအႀကီးဆုံးပါ။

မည္သို႔ပင္ဆိုေစကာမူစာေရးသူလည္း ေတြးမိ႐ုံသာ

မည္သို႔ပင္ဆိုေစကာမူလူသားအားလုံး သတိအားေကာင္းေကာင္းနဲ႔ဆင္ျခင္ႏိုင္ၾကပါေစ။

Crd