ထီအုပ္‌ေရ တိုးျမႇင့္ ေရာင္းခ်မႈနဲ႔ ခ်ီးျမႇင့္ေငြ တိုးထားတဲ့ဆိုတဲ့ ေအာင္ဘာေလထီ အျမင့္ဆုံးဆု က်ပ္သိန္း ၅၀၀၀ ဆုပဲ ဆက္ဖြင့္ႏိုင္

unicode

ထီအုပ်‌ရေ တိုးမြှင့် ရောင်းချမှုနဲ့ ချီးမြှင့်ငွေ တိုးထားတဲ့ဆိုတဲ့ အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ဆုပဲ ဆက်ဖွင့်နိုင်

ထီအုပ်ရေ တိုးမြှင့်ရောင်းချရပြီး ဆုချီးမြှင့်ငွေကိုလည်း ၇၀ ရာခိုင်နှုန်းအထိ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပေမယ့် အောင်ဘာလေ ထီအမြင့်ဆုံးဆုကို ကျပ် သိန်း ၅၀၀၀ ဆု ပဲ ဆက်ဖွင့်လှစ်ပေးခဲ့ ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီက ဖွင့်တဲ့ (၃၃)ကြိမ်မြောက်ကျပ် တစ်ထောင် တန် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကို ရန်ကုန် အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ် ရာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်ခဲ့ ပါတယ်။

ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ လက်ထက် တွင် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးအဖြစ် ကျပ် ၁၅၀၀၀ ဆု အထိ ဖွင့်လှစ်ပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခု ဖွင့်လှစ်သည့် ၃၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုချီးမြင့်ငွေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၅၈၆ ဒသမ ၂၂၁ ကိုခွဲဝေချီးမြင့် မည်ဖြစ်သည့်အပြင် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ပြန်လည်ချီးမြင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

ထီဖွင့်ပွဲ ဖွင့်လှစ်ရာတွင် အထူးဆုကြီးအနေဖြင့် ငွေကျပ်သိန်းငါးထောင် ၁ ဆု၊ ကျပ်သိန်း တစ်ထောင် ၁ ဆု၊ ကျပ်သိန်းငါးရာ ၂ ဆု၊ ကျပ်သိန်းနှစ်ရာ ၅ ဆု၊ ကျပ်သိန်းတစ်ရာ ၇ ဆု၊ ကျပ်သိန်းငါးဆယ် ၈ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၉ ဆု၊ ကျပ်တစ်ဆယ်သိန်း ၉ ဆုတို့ပါဝင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

crd-

zawgyi

ထီအုပ္‌ေရ တိုးျမႇင့္ ေရာင္းခ်မႈနဲ႔ ခ်ီးျမႇင့္ေငြ တိုးထားတဲ့ဆိုတဲ့ ေအာင္ဘာေလထီ အျမင့္ဆုံးဆု က်ပ္သိန္း ၅၀၀၀ ဆုပဲ ဆက္ဖြင့္ႏိုင္

ထီအုပ္ေရ တိုးျမႇင့္ေရာင္းခ်ရၿပီး ဆုခ်ီးျမႇင့္ေငြကိုလည္း ၇၀ ရာခိုင္ႏႈန္းအထိ ခ်ီးျမႇင့္မယ္လို႔ ထုတ္ျပန္ထားေပမယ့္ ေအာင္ဘာေလ ထီအျမင့္ဆုံးဆုကို က်ပ္ သိန္း ၅၀၀၀ ဆု ပဲ ဆက္ဖြင့္လွစ္ေပးခဲ့ ေၾကာင္း ေအာင္ဘာေလ သိန္းဆုဌာနခြဲရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ယေန႔ ဒီဇင္ဘာ ၁ ရက္ေန႔မွာ စစ္ေကာင္စီက ဖြင့္တဲ့ (၃၃)ႀကိမ္ေျမာက္က်ပ္ တစ္ေထာင္ တန္ ေအာင္ဘာေလထီသိန္းဆုဖြင့္ပြဲကို ရန္ကုန္ ေအာင္ဘာေလသိန္းဆုဌာနခြဲမွာ ျပဳလုပ္ ရာ အျမင့္ဆုံးဆုအျဖစ္ က်ပ္သိန္းငါးေထာင္ဆုသာ ဖြင့္လွစ္ေပးႏိုင္ခဲ့ ပါတယ္။

ယခု ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလအထိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အစိုးရ လက္ထက္ တြင္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ အျမင့္ဆုံးအျဖစ္ က်ပ္ ၁၅၀၀၀ ဆု အထိ ဖြင့္လွစ္ေပး ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယခု ဖြင့္လွစ္သည့္ ၃၃ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ ဆုခ်ီးျမင့္ေငြ၏ ၇၀ ရာခိုင္ႏႈန္းျဖစ္သည့္ က်ပ္သန္း ၁၅၈၆ ဒသမ ၂၂၁ ကိုခြဲေဝခ်ီးျမင့္ မည္ျဖစ္သည့္အျပင္ ထီဆုေငြမ်ားႏွင့္ ဘ႑ာသိမ္းရေငြ က်ပ္သန္း ၂၅၀ ကိုလည္း ျပန္လည္ခ်ီးျမင့္မည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲက သတင္းထုတ္ျပန္ ထားတာ ျဖစ္ပါတယ္။

ထီဖြင့္ပြဲ ဖြင့္လွစ္ရာတြင္ အထူးဆုႀကီးအေနျဖင့္ ေငြက်ပ္သိန္းငါးေထာင္ ၁ ဆု၊ က်ပ္သိန္း တစ္ေထာင္ ၁ ဆု၊ က်ပ္သိန္းငါးရာ ၂ ဆု၊ က်ပ္သိန္းႏွစ္ရာ ၅ ဆု၊ က်ပ္သိန္းတစ္ရာ ၇ ဆု၊ က်ပ္သိန္းငါးဆယ္ ၈ ဆု၊ က်ပ္သိန္းႏွစ္ဆယ္ ၉ ဆု၊ က်ပ္တစ္ဆယ္သိန္း ၉ ဆုတို႔ပါဝင္မွာ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

crd-