Omicron သတင္းေၾကာင့္ ေရနံစိမ္း ေဈးက်

unicode

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ Moderna ရဲ့ စီအီးအိုက အာမာခရွန် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို လက်ရှိ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ရေး ထိုးဆေးတွေက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာလား ဆိုတာ

သံသယရှိကြောင်း Financial Times သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။ Delta မျိုးကွဲကို ကာကွယ်ပေးတဲ့အတိုင်း ထိထိရောက်ရောက်ဖြင့် Omicron မျိုးကွဲကို ကာကွယ်ပေးနိုင်မယ်ဆိုတာ မသေချာကြောင်း ပြောကြားခဲ့တဲ့အတွက်

လူအများတို့ အသွားအလာတွေ လျော့ကျပြီး ယာဉ်အမျိုးမျိုး အသုံးပြုမှု လျော့ကျသွားနိုင်တာကြောင့် ရေနံထုတ်ကုန် လိုအပ်ချက် လျော့ကျနိုင်ဖွယ် ရှိနေတဲ့အတွက် ရေနံစိမ်း ဝယ်လိုအား ကျဆင်းဦးမယ်လို့ တွက်ဆပြီး ရေနံစိမ်းဈေး ၃ % နိုဝင်ဘာလ ၃၀ ရက်မှာ ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာလ ၂၆ ရက်တွင်လည်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု သတင်းကြောင့် ရေနံစိမ်းဈေး ၁၂ % ကျဆင်းခဲ့ပါတယ်။
ရေနံစိမ်း ဝယ်လိုအား များမကြာတဲ့ အနာဂတ်မှာ ကျဆင်းလိမ့်မယ်လို့ ထင်ကြေးများကြောင့် ရေနံဈေးကျဆင်းနေချိန်မှ

အိုပက်နှင့် အပေါင်းပါနိုင်ငံများ OPEC+ ဖြစ်တဲ့ ရေနံတင်ပို့နိုင်ငံများ အဖွဲ့စည်းနဲ့ ရုရှားနှင့် ၎င်းရဲ့ မဟာမိတ်များတို့က ဇန်နဝါရီလမှာ တစ်ရက် ရေနံစည်ပေါင်း ၄၀၀,၀၀၀ တိုးထုတ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိမ့်မယ်လို့ ယူဆကြပါတယ်။

OPEC+ အစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်မှာ ကျင်းပဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပြီး ယင်းအစည်းအဝေးမှာ ရေနံစိမ်း တိုးထုတ်သင့် မထုတ်သင့် ဆုံးဖြတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။

ရေနံအဓိက တင်သွင်းတဲ့ နိုင်ငံ ၆ နိုင်ငံ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့က အရန်သိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို ထုတ်သုံးပြီး ရေနံအကျပ်အတည်း လျော့ကျအောင် လုပ်ဆောင်လျက် ရှိကြပါတယ်။

crd

zawgyi

ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္တဲ့ Moderna ရဲ႕ စီအီးအိုက အာမာခ႐ြန္ Omicron ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲကို လက္ရွိ ထုတ္လုပ္ေနတဲ့ COVID-19 ကာကြယ္ေရး ထိုးေဆးေတြက ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္မွာလား ဆိုတာ

သံသယရွိေၾကာင္း Financial Times သတင္းမီဒီယာကို ေျပာၾကားခဲ့ပါတယ္။ Delta မ်ိဳးကြဲကို ကာကြယ္ေပးတဲ့အတိုင္း ထိထိေရာက္ေရာက္ျဖင့္ Omicron မ်ိဳးကြဲကို ကာကြယ္ေပးႏိုင္မယ္ဆိုတာ မေသခ်ာေၾကာင္း ေျပာၾကားခဲ့တဲ့အတြက္

လူအမ်ားတို႔ အသြားအလာေတြ ေလ်ာ့က်ၿပီး ယာဥ္အမ်ိဳးမ်ိဳး အသုံးျပဳမႈ ေလ်ာ့က်သြားႏိုင္တာေၾကာင့္ ေရနံထုတ္ကုန္ လိုအပ္ခ်က္ ေလ်ာ့က်ႏိုင္ဖြယ္ ရွိေနတဲ့အတြက္ ေရနံစိမ္း ဝယ္လိုအား က်ဆင္းဦးမယ္လို႔ တြက္ဆၿပီး ေရနံစိမ္းေဈး ၃ % ႏိုဝင္ဘာလ ၃၀ ရက္မွာ က်ဆင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ ႏိုဝင္ဘာလ ၂၆ ရက္တြင္လည္း အိုမီခ႐ြန္ ကူးစက္ပ်ံ႕ႏွံ႔မႈ သတင္းေၾကာင့္ ေရနံစိမ္းေဈး ၁၂ % က်ဆင္းခဲ့ပါတယ္။
ေရနံစိမ္း ဝယ္လိုအား မ်ားမၾကာတဲ့ အနာဂတ္မွာ က်ဆင္းလိမ့္မယ္လို႔ ထင္ေၾကးမ်ားေၾကာင့္ ေရနံေဈးက်ဆင္းေနခ်ိန္မွ

အိုပက္ႏွင့္ အေပါင္းပါႏိုင္ငံမ်ား OPEC+ ျဖစ္တဲ့ ေရနံတင္ပို႔ႏိုင္ငံမ်ား အဖြဲ႕စည္းနဲ႔ ႐ုရွားႏွင့္ ၎ရဲ႕ မဟာမိတ္မ်ားတို႔က ဇန္နဝါရီလမွာ တစ္ရက္ ေရနံစည္ေပါင္း ၄၀၀,၀၀၀ တိုးထုတ္မယ့္ အစီအစဥ္ကို ဆိုင္းငံ့ထားလိမ့္မယ္လို႔ ယူဆၾကပါတယ္။

OPEC+ အစည္းအေဝးကို ဒီဇင္ဘာလ ၂ ရက္မွာ က်င္းပဖို႔ အစီအစဥ္ ရွိထားၿပီးသားျဖစ္ၿပီး ယင္းအစည္းအေဝးမွာ ေရနံစိမ္း တိုးထုတ္သင့္ မထုတ္သင့္ ဆုံးျဖတ္ၾကလိမ့္မယ္လို႔ ယူဆပါတယ္။

ေရနံအဓိက တင္သြင္းတဲ့ ႏိုင္ငံ ၆ ႏိုင္ငံ အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ အိႏၵိယနဲ႔ ၿဗိတိန္ႏိုင္ငံတို႔က အရန္သိုေလွာင္ထားတဲ့ ေရနံစိမ္းေတြကို ထုတ္သုံးၿပီး ေရနံအက်ပ္အတည္း ေလ်ာ့က်ေအာင္ လုပ္ေဆာင္လ်က္ ရွိၾကပါတယ္။

crd